“ငါးမွ်ားေနေသာ ရဟန္း နွင့္ သကၤန္းလွဴေသာ မင္းႀကီး”





ငါလွဴတာက

ဘုရင္ၾကီးတစ္ပါး တိုင္းခန္းလွည့္​လည္လာတဲ့အခ်ိန္မွာ ေရကန္ထဲမွာ ငါးမ်ွားေနတဲ့ ရဟန္းတစ္ပါးကိုေတြ႔တယ္..ရဟန္းက ဘုရင္ကိုလည္းျမင္ေရာ ငါးမ်ွားတံကို ေဘးခ်ျပီး ပုတီးစိပ္ေနတယ္

နန္းေတာ္ျပန္ေရာက္ေတာ့ ဘုရင္က အမတ္ၾကီးကိုအဲဒီရဟန္းေတာ္ထံ သကၤန္းတစ္စံု လွဴခိုင္းတယ္…အမတ္ၾကီးလည္းေရာက္ေရာ ရဟန္းက ငါးမ်ွားေနတာေတြ႔ေတာ့သကၤန္းမလွဴဘဲ ျပန္လာျပီး ဘုရင္ကိုေလ်ွာက္တယ္



ဘုရင္က – “အမတ္ၾကီး …သူ ငါးမ်ွားေနတာကို ငါလည္းေတြ ့တယ္ ဒါေပမယ့္ ငါ့ကိုေတြ႔ေတာ့ ငါးမ်ွားတံကိုေဘးခ်ျပီး ပုုတီးစိပ္ေနတယ္ … ငါလွဴတာက အဲဒီ ဟီရိ ၾသတၲပၸ ဆိုတဲ့အရွက္အေၾကာက္တရားေလးကို ရည္စူးျပီးငါလွဴတာ …သြား ျပန္လွဴခ်ည္” တဲ့

ကြ်န္ေတာ္တို႔လည္း အဲဒီဘုရင္ၾကီးကို အတုယူျပီး အလွဴလုပ္တဲ့အခါမွာ ေကာင္းကြက္ရွာျပီး လွဴတတ္ဖို႔အေရးၾကီးပါတယ္



ရဟန္းသံဃာေတာ္မ်ားကလည္း ပုထုဇဥ္ေတြျဖစ္တဲ့အတြက္ အမွားမကင္းနိ ုင္ပါဘူးဘုရားရွင္ျပီးရင္ ပညာအရာမွာ ဧတဒဂ္ရတဲ့အရွင္သာရိပုၾတာ မေထရ္ျမတ္ၾကီးေတာင္ အမွိုက္မလွဲလို ့ဘုရားရွင္ဆံုးမခံရဘူးတယ္တရားေပးမွာလို ့ျဗဟၼာ့့ျပည္ထိ လိုက္ျပီးတရားေဟာရဘူးတယ္ စသျဖင့္အမွားသံုးခါေလာက္ ရွိခဲ့ဖူးပါတယ္ သာမန္ပုထုဇဥ္ ရဟန္းေတြကေတာ့အမွားဘယ္ေတာ့မွ မကင္းနိ ုင္ပါဘူး

မိမိကသာ သံဃာကိုရည္စူးျပီးလွဴပါမိမိအတြက္ အက်ိဳးေက်းဇူးအျပည့္ရပါတယ္



မေကာင္းကြက္ကိုသာ ၾကည့္ျပီး အျပစ္ေျပာမယ္ ဆိုရင္ေတာ့ မိမိသာလွ်င္ သာသနာတြင္းမွာရခဲလွတဲ့ ကုသိုလ္ေရးေတြ ဆံုးရွံဳးပါလိမ့္မယ္

ဒါ့ေၾကာင့္ ကြ်န္ေတာ္တို႔တေတြဟာဘုရင္ၾကီးလို ေကာင္းကြက္ရွာျပီး လွဴဖို႔အေရးၾကီးလွပါတယ္လို ့တိုက္တြန္းပါရေစ

#ဦးျမင့္ခိုင္

Credit  \\  original

Unicode Version

ငါလှူတာက

ဘုရင်ကြီးတစ်ပါး တိုင်းခန်းလှည့်လည်လာတဲ့အချိန်မှာ ရေကန်ထဲမှာ ငါးမျှားနေတဲ့ ရဟန်းတစ်ပါးကိုတွေ့တယ်..ရဟန်းက ဘုရင်ကိုလည်းမြင်ရော ငါးမျှားတံကို ဘေးချပြီး ပုတီးစိပ်နေတယ်

နန်းတော်ပြန်ရောက်တော့ ဘုရင်က အမတ်ကြီးကိုအဲဒီရဟန်းတော်ထံ သင်္ကန်းတစ်စုံ လှူခိုင်းတယ်…အမတ်ကြီးလည်းရောက်ရော ရဟန်းက ငါးမျှားနေတာတွေ့တော့သင်္ကန်းမလှူဘဲ ပြန်လာပြီး ဘုရင်ကိုလျှောက်တယ်
ဘုရင်က – “အမတ်ကြီး …သူ ငါးမျှားနေတာကို ငါလည်းတွေ့တယ် ဒါပေမယ့် ငါ့ကိုတွေ့တော့ ငါးမျှားတံကိုဘေးချပြီး ပုတီးစိပ်နေတယ် … ငါလှူတာက အဲဒီ ဟီရိ သြတ္တပ္ပ ဆိုတဲ့အရှက်အကြောက်တရားလေးကို ရည်စူးပြီးငါလှူတာ …သွား ပြန်လှူချည်” တဲ့

ကျွန်တော်တို့လည်း အဲဒီဘုရင်ကြီးကို အတုယူပြီး အလှူလုပ်တဲ့အခါမှာ ကောင်းကွက်ရှာပြီး လှူတတ်ဖို့အရေးကြီးပါတယ်
ရဟန်းသံဃာတော်များကလည်း ပုထုဇဉ်တွေဖြစ်တဲ့အတွက် အမှားမကင်းနိ ုင်ပါဘူးဘုရားရှင်ပြီးရင် ပညာအရာမှာ ဧတဒဂ်ရတဲ့အရှင်သာရိပုတြာ မထေရ်မြတ်ကြီးတောင် အမှိုက်မလှဲလို့ဘုရားရှင်ဆုံးမခံရဘူးတယ်တရားပေးမှာလို့ဗြဟ္မာ့ပြည်ထိ လိုက်ပြီးတရားဟောရဘူးတယ် စသဖြင့်အမှားသုံးခါလောက် ရှိခဲ့ဖူးပါတယ် သာမန်ပုထုဇဉ် ရဟန်းတွေကတော့အမှားဘယ်တော့မှ မကင်းနိ ုင်ပါဘူး

မိမိကသာ သံဃာကိုရည်စူးပြီးလှူပါမိမိအတွက် အကျိုးကျေးဇူးအပြည့်ရပါတယ်
မကောင်းကွက်ကိုသာ ကြည့်ပြီး အပြစ်ပြောမယ် ဆိုရင်တော့ မိမိသာလျှင် သာသနာတွင်းမှာရခဲလှတဲ့ ကုသိုလ်ရေးတွေ ဆုံးရှုံးပါလိမ့်မယ်

ဒါ့ကြောင့် ကျွန်တော်တို့တတွေဟာဘုရင်ကြီးလို ကောင်းကွက်ရှာပြီး လှူဖို့အရေးကြီးလှပါတယ်လို့တိုက်တွန်းပါရစေ

#ဦးမြင့်ခိုင်


Credit  \\  original


Recent Updates

Recent Posts Widget