နန်းမွေစံ ဆမ အသိမ်းခံရတဲ့ကိစ္စကို ဝေဖန်လိုက်တဲ့ ထက်ထက်ထွန်း
Missuniverse Myanmar သရဖူပိုင်ရှင်အလှမယ်တစ်ယောက်လည်းဖြစ် အခုဆိုရင်သရုပ်ဆောင်အလုပ်တွေပါ လုပ်နေတဲ့ ထက်ထက်ထွန်းကိုတော့သိကြမယ်ထင်ပါတယ်။Miss Universe ပြိုင်ပွဲကြီးမှာလည်း မြန်မာအတွက် National Costume ဆုကိုရာယူပေးနိုင်ခဲ့တဲ့သူတစ်ယောက်လည်းဖြစ်ပါတယ်။အခုဆိုရင်တော့ ကိုယ်ပိုင်လုပ်ငန်းတွေ ကိုပါစတင်လုပ်ကိုင်နေပြီဖြစ်ပါတယ်။အခုလည်း မြန်မာဆက်ဆီမော်ဒယ် တစ်ယောက်ဖြစ်တဲ့ နန်းမွေစံ ကိစ္စနဲ့ပတ်သက်ပြီးသူရဲ့အမြင်တွေကိုပြောပြသွားတာရှိပါတယ် ။ သူပြောပြသွားတဲ့အကြောင်းတွေကို ပြောချင်လွန်းလို့ပရိသတ်တွေသိအောင်ပြောပြပေးလိုက်ရပါတယ်။
ထက်ထက်ထွန်းက Sunday Jounal နဲ့အင်တာဗျူးမှာ နန်းမွေစံ ရဲ့ ဆေးကုသခွင့်လိုင်စင်အသိမ်းခံရတဲ့အပေါ်သူရဲ့အမြင်တွေကို “ သူကတော့အားလုံးသိပါတယ်။ ဆက်ဆီမော်ဒယ်ဆိုတော့ ။ ထက်တို့နဲ့လည်းခင်ပါတယ်။ ပုံမှန် မဖြူတို့မချစ်သုဝေတို့ သူတို့တောင်မှ ဆမသိမ်းခံရတယ် ဆိုတော့ ဆက်ဆီမော်ဒယ်တစ်ယောက်အနေနဲ့ပြီးတော့ ဆရာဝန်တစ်ယောက်အနေနဲ့ ဆမအသိမ်းခံရတာဆိုတာထက် ဆက်ဆီမော်ဒယ်ဆိုတော့ အဲ့ဒီလိုမျိုးမဖြစ်စေချင်ဘူးထင်ပါတယ်။ ဒါကတော့ သူတို့ကျန်းမာရေးဌာနက သတ်မှတ်ထားတဲ့ စည်းကမ်းတွေဖြစ်မှာပေါ့ထက်လည်းပြောခွင့်မရှိဘူးလေ။
တကယ့် Human Right နဲ့ကြည့်ရင်တော့ဘာမှပြောစရာမရှိဘူးလေ ။ ဒါပေမယ့် မြန်မာနိုင်ငံမှာ ဖြစ်လေ့ဖြစ်ထ ၊ ဖြစ်ပြီးသား လက်တွေ့ကျင့်သုံးပြီးသား ဥပဒေတစ်ခုလိုဖြစ်နေတဲ့အတွက် ထက်တို့ရှေ့က အနုပညာရှင်တွေအများကြီး ထက်တို့မသိတဲ့သူတွေရော ဆမအသိမ်းခံရလိုက်ရတာကြာပြီပေါ့နော် ။ လက်ရှိကျင့်သုံးနေတဲ့ဥပဒေနဲ့ကြည့်ရင်တော့ ဒါမှဘာမှပြောင်းလဲလာတဲ့ ဥပဒေမှမဟုတ်ဘူး ။ ထူးထူးခြားခြားအနိုင်ကျင့်ခံရတာမျိုးမဟုတ်ဘူး။ ဒါပေမယ့် Human Right တစ်ခုလုံးနဲ့ ခြုံကြည့်ရင်တော့ ပေးရင်အကုန်လုံးကို ပြန်ပေးလိုက်စေချင်တယ် ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့တက်နိုင်တဲ့အချိန်လေးမှာ သူတို့ကပညာကလည်း တတ်ပြီးသားမေ့သွားတဲ့အရာလည်းမဟုတ်ဘူး ။
လူတစ်ယောက် အလုပ်နှစ်ခုရှိရဲ့သားနဲ့ တစ်ခုကိုလုပ်ပြီး တစ်ခုကိုထိန်းချုပ်ထားရမယ် ဒီစာတွေတတ်နေရဲ့သားနဲ့ ကျက်ထားရဲ့သားနဲ့ဒါတွေကိုချပြခွင့်မရဘူးဆိုရင် လူတွေကို အကျိုးပြုခွင့်မရှိဘူးဆိုရင် သူ့အိမ်က မိသားစုလောက်ကို ဒီရောဂါဖြစ်ရင် ဒါသောက်ဆိုတဲ့ အဆင့်လောက်မှာ ရပ်တန့်ခံလိုက်ရမယ်ဆိုရင်တော့ အမှန်တော့ Human Right နဲ့ယှဉ်ကြည့်ရင်တော့ မှားတာပေါ့ ။”ဆိုပြီးပြောပြသွားခဲ့ပါတယ်။
Credit \\ original





