” (၂)နာရီကျော်ကြာေ အာင် ဖုန်းပြောပြီး ချစ် စကြင်နာစ အချိန်ကိုပြန်ရောက်သွားသလိုပဲ ဆိုတဲ့မေဦး “
မိတ် ကပ်မေဦးကတော့ မိတ်ကပ်လောကမှာ ထိပ်တန်းတစ်ဦးပါပဲနော်။ အောင်မြင်မှုတစ်ခုကို ပိုင်ဆိုင်ထားတဲ့ မေဦးကတော့ အခုလိုအောင်မြင်မှုရရှိလာတဲ့အချိန်မှာလည်း ဟိတ်ဟန်မရှိဘဲ လက်အောက်ငယ်သားတွေကို ပညာတွေသင်ပေးတတ်တဲ့သူလည်းဖြစ်ပါတယ်။ မိတ်ကပ်နဲ့ပတ်သက်လာရင် အနုပညာအသိုင်းအဝိုင်းကရော အပြင်လောက ကပါ အားကိုးတစ်ကြီးအားကိုးရတဲ့သူတစ်ယောက်ပဲ ဖြစ်ပါတယ်။ အောင်မြင်လာတဲ့အချိန်မှာလည်းမိဘကို ပြန်လည်ကြည့်ရှုစောင့်ရှောက်တတ်တဲ့ မိဘကိုသိတတ်တဲ့သူလည်းဖြစ်ပါတယ်။
လတ်တလောမှာတော့မေဦးနဲ့ဟန်လင်းတို့ဟာ စိတ်ဆိုးစိတ်ကောက်လမ်းခွဲကြမယ့်အခြေအနေကနေ စနိုက်လာကျော်တဲ့သူတစ်ယောက်ကြောင့် ပြန်အဆင်ပြေသွားကြပြီပဲ ဖြစ်ပါတယ်။မိတ်ကပ်မေဦးတို့စုံတွဲလေးကတော့ မြန်မာနိုင်ငံရဲ့ ချစ်ဖို့ကောင်းတဲ့ LGBTစုံတွဲလေး ဖြစ်ပြီး မိတ်ကပ် မေဦး ဆိုတာနဲ့သူ့ချစ်သူ ဟန်လင်းကိုတွဲ မြင်ကြတာပဲ ဖြစ်ပါတယ်။Roလွန်းတဲ့မေဦးတို့စုံတွဲလေးကတော့ ပြန်အဆ
င်ပြေသွားတဲ့အခါမှာ ဖုန်းပြောတဲ့ကြာချိန်လေးကို မေဦးအကောင့်ရဲ့ My Day Story မှာတင်ပြီး” ခုလိုဖုန်းအကြာကြီးမပြောရတာအရမ်းကြာနေပြီ။အရင်အချိန်လေးပြန်ရောက်သွားသလိုပဲ “ဆိုပြီး ပြောထားတာပဲ ဖြစ်ပါတယ်။ ဖုန်းပြောတဲ့ကြာချိန်ကတော့ (၂ )နာရီကျော်ကျော်လောက်ကြာခဲ့တာပဲဖြစ်ပါတယ်။ခုမှချစ်စကြင်နာစလို အရင်လိုဖုန်းတွေပြောပြီး ရိုမတ်တစ်ဆန်နေတဲ့မေဦးတို့စုံတွဲလေးကတော့ စိတ်ချမ်းသာစရာပါပဲနော်။CeleGabar ပရိသတ်ကြီးလည်း မေဦးတို့စုံတွဲကိုအားပေးရင် မှတ်ချက်တစ်ခုခုပေးခဲ့ပါဦးနော်။
Credit \\ original




