“ခြူးလေးနဲ့တွေ့ ရင် TikTok မဆော့ ဘဲနေလို့မရဘူး လို့ ဆိုလာတဲ့ နေရဲ”
နေရဲ ကတော့ ခင်လှိုင်ရဲ့သားဖြစ်ပြီး အနုပညာအမွေကိုဆက်ခံထားသူလည်းဖြစ်ပါတယ်။ ယောကျာ်းပီသတဲ့ဘော်ဒီအချိုးအစားနဲ့ ချောမောတဲ့ရုပ်ရည်တို့ကြောင့် မိန်းကလေးပရိသတ်တွေ အားပေးကြတဲ့သူတစ်ယောက်ဖြစ်ပြီး သရုပ်ဆောင်ပိုင်းမှာလည်း ကျရာဇာတ်ရုပ်ကို သရုပ်ဆောင်နိုင်သူလည်းဖြစ်ပါတယ်။ရတနာပုံဇာတ်လမ်းတွဲမှာလူသိများခဲ့တာဖြစ်ပြီး အနုပညာအလုပ်တွေကို ဆက်တိုက်လုပ်လာတာပဲ ဖြစ်ပါတယ်။ လတ်တလောမှာတော့ ခြူးလေးနဲ့ ရိုက်ကွင်းတစ်ခုမှာဆုံပြီး TikTok ဆော့ဖြစ်ခဲ့တာကိုသူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာ ဖော်ပြခဲ့တာပဲ ဖြစ်ပါတယ်။
ခြူးလေးကတော့ထာဝရမန္တလေး၊လူရည်ချွန် စတဲ့mrtv-4ရုပ်သံဇာတ်လမ်းတွဲများကတဆင့် အနုပညာလောကထဲထိုးဖေါက်လာသောချစ်စရာ အမူအရာနဲ့သရုပ်ဆောင်ကောင်းတဲ့ရခိုင်တိုင်းရင်းသူလေးပဲ ဖြစ်ပါတယ်။မာန်မာနကင်းပြီး ချစ်စဖွယ်မျက်နှာလေးနဲ့ချိုသာတဲ့စကားလေးတွေအပြင်အေးချမ်းတဲ့မျက်နှာလေးက ပရိသတ် ရင်ထဲကို စွဲနေစေခဲ့တာပဲဖြစ်ပါတယ်။ အကြောင်းအမျိုးမျိုးကြောင့်စိတ်ဓာတ်ကျ ပြီးအဆုံးစီရင် ဖို့ကြိုးစားခဲ့တာကြောင့်လည်း သူမရဲ့အမာခံပရိသတ်တွေအတွက် စိုးရိမ်စရာအခြေအနေဖြစ်ခဲ့ပေမယ့် လက်ရှိမှာတော့ ခြူးလေးဟာ အားမာန်အပြည့်နဲ့ အနုပညာအလုပ်တွေကို ဆက်တိုက်လုပ်ဆောင်နေပြီဖြစ်ပါတယ်။ခြူးလေးကတော့ TikTok မင်းသမီးလို့ပြောရလောက်အောင် ပရိသတ်တွေက သူမရဲ့ TikTokကို နှစ်သက်သဘောကျကြတာပဲ ဖြစ်ပါတယ်။ လတ်တလောမှာတော့ ခြူးလေးနဲ့ ရိုက်ကွင်းတစ်ခုမှာဆုံပြီး TikTok ဆော့ဖြစ်ခဲ့တာကိုသူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာ ဖော်ပြခဲ့တာပဲ ဖြစ်ပါတယ်။”Night scene နဲ့ Tik Tok တဲ့ ခြူးလေးနဲ့တွေ့ရင် Tik Tok ဆော့ကိုဆော့ ရမယ် ” ဆိုပြီး Tik Tok ဗီဒီယိုလေးနဲ့တင်ထားတာပဲ ဖြစ်ပါတယ်။CeleGabar ပရိသတ်ကြီးလည်းနေရဲနဲ့ ခြူးလေးကို အားပေးရင် မှတ်ချက်တစ်ခုခုပေးခဲ့ပါဦးနော်။
Credit \\ original


