ထစ္ခနဲရွိငိုတတ္တဲ့သူေတြက က်န္းမာေရးပိုေကာင္းရျခင္း အေၾကာင္းအရင္း (၇)ခ်က္
လူေတာ္ေတာ္မ်ားမ်ားက ငိုခ်င္တဲ့စိတ္ျဖစ္လာတဲ့အခါ မငိုဘဲ ထိန္းခ်ဳပ္ထားတတ္ၾကပါတယ္။ တကယ္ေတာ့ ငိုတာဟာ လူတစ္ေယာက္အတြက္ လိုအပ္တဲ့အရာတစ္ခုျဖစ္ျပီး က်န္္းမာေရးအတြက္လည္း အေထာက္အကူျပဳတဲ့ အျပဳအမူျဖစ္ပါတယ္။ ငိုတဲ့သူေတြ က်န္းမာေရး ပိုေကာင္းရျခင္း အေၾကာင္းျပခ်က္ေတြကေတာ့ ဒီမွာပါ။
(၁) နာက်င္မႈေတြကို သက္သာေစတယ္
ငိုလိုက္တဲ့အခါ ရင္ထဲက နာက်င္မႈအစိုင္အခဲေတြကို အရည္ေဖ်ာ္လိုက္သလိုျဖစ္တာေၾကာင့္ သင့္ခံစားခ်က္ေတြကို အတိုင္းအတာတစ္ခုအထိ သက္သာေစပါတယ္။
(၂) ကိုယ္ခ်င္းစာနိုင္စြမ္းကို တိုးေစတယ္
၀မ္းနည္းတတ္တဲ့သူေတြဟာ တျခားသူေတြကို ၀မ္းနည္းေအာင္လုပ္ဖိို႕ ၀န္ေလးတတ္္ၾကပါတယ္။ ခံစားမႈတစ္ခုခုေၾကာင့္ တစ္ခါငိုေၾကြးလိုက္တိုင္း ကိုယ္ခ်င္းစာစိတ္ အနည္းငယ္တိုးတိုးလာပါသတဲ့။
(၃) ခႏၶာကိုယ္အတြက္ ေကာင္းတယ္
ငိုခ်င္ေလာက္တဲ့ စိတ္ခံစားမႈတစ္ခုခု ျဖစ္လာတဲ့အခါ မငိုဘဲ ထိန္းခ်ဳပ္ထားလိုက္ရင္ ခႏၶာကိုယ္အတြက္ ေကာင္းတဲ့ ေဟာ္မုန္္းေတြ မထြက္လာေတာ့ဘဲ စိတ္ဖိစီးမႈေတြ ျဖစ္လာေစျပီး ေခါင္းကိုက္ေစနိုင္ပါတယ္။ အဲ့ဒီလို မၾကာခဏ ထိန္းခ်ဳပ္တာမ်ားလာရင္ စိတ္ဖိစီးမႈ မ်ားလာျပီး ေခါင္းကိုက္ေရာဂါျဖစ္တဲ့အထိ ျဖစ္ေစပါတယ္။ ငိုလိုက္တဲ့အခါ စိတ္ခံစားခ်က္ေကာင္းေစတဲ့ ေဟာ္မုန္းေတြကို ထုတ္ေပးတာေၾကာင့္ ခႏၶာကိုယ္က်န္းမာေရးအတြက္ ေကာင္းေကာင္းၾကီး အေထာက္အကူျဖစ္ေစပါတယ္။
(၄) တျခားသူေတြနဲ႔အဆက္အသြယ္လုပ္ဖို႔ အကူအညီေပးနိုင္တယ္
ငိုေၾကြးတယ္ဆိုတာ ခံစားခ်က္ေတြကို ထုတ္ျပလိုက္တာပါ။ တကယ္လို႕ သင္က တစ္ေယာက္တည္း ရွိတဲ့အခ်ိန္မွ တိတ္တိတ္ေလး ငိုမယ္ဆိုရင္ေတာ့ မသိေပမယ့္ တစ္ေယာက္ေယာက္ေရွ႕မွာ ငိုလိုက္မယ္ဆိုရင္ သူနဲ႕ သင္နဲ႕ နဂိုကထက္ ပိုရင္းနွီးသြားပါလိမ့္မယ္တဲ့။
(၅) သန္မာတဲ့လူတစ္ေယာက္ျဖစ္လာေစတယ္
ခံစားခ်က္တစ္ခုကို သိမ္းဆည္းသယ္ေဆာင္ထားတာထက္ ဖြင့္ထုတ္လိုက္တာက သင့္ကို ေပါ့ပါးေစမွာပါ။ အဲ့ဒီလို ဖြင့္ထုတ္လိုက္တဲ့အခါ ေရွ႕ဆက္ဖို႕ ပိုအဆင္ေျပေစတာကို ေတြ႕ရမွာပါ။
(၆) လူေတြရဲ႕ယံုၾကည္မႈကို ပိုရနိုင္တယ္
သင္ဟာ အေပါင္းအသင္းေတြေရွ႕မွာ ငိုတတ္တဲ့သူဆိုရင္ သူတို႕က သင္ဟာ ခံစားခ်က္ေတြကို ဖံုးကြယ္မထားဘူးလို႕ မွတ္ယူျပီး သူတို႕ရဲ႕ယံုၾကည္မႈကို ပိုရနိုင္ပါတယ္။
(၇) ခံစားခ်က္ေတြကို မွ်တေစတယ္
မငိုဘဲ ထိန္းခ်ဳပ္ထားတဲ့အခါ ခံစားခ်က္ေတြက စုပံုလာျပီး အစိုင္အခဲျဖစ္လာပါတယ္။ အဲ့ဒီအခါ ေနာက္ထပ္ခံစားခ်က္ေတြ ျဖစ္လာရင္ ခံနိုင္ရည္ မရွိေတာ့တာမ်ိဳး၊ ေပ်ာ္ရႊင္မႈေတြကိုလည္း အျပည့္အ၀ မခံစားနိုင္ေတာ့တာမ်ိး ျဖစ္တတ္ပါတယ္။ ငိုလိုက္မယ္ဆိုရင္ေတာ့ အဲ့ဒီျပႆနာေတြ ေျပလည္သြားျပီး အရာရာကို ေပါ့ေပါ့ပါးပါး ခံစားနိုင္သြားမွာပါ။
MAY THAZINHTOO
Credit \ original
Unicode
လူတော်တော်များများက ငိုချင်တဲ့စိတ်ဖြစ်လာတဲ့အခါ မငိုဘဲ ထိန်းချုပ်ထားတတ်ကြပါတယ်။ တကယ်တော့ ငိုတာဟာ လူတစ်ယောက်အတွက် လိုအပ်တဲ့အရာတစ်ခုဖြစ်ပြီး ကျန််းမာရေးအတွက်လည်း အထောက်အကူပြုတဲ့ အပြုအမူဖြစ်ပါတယ်။ ငိုတဲ့သူတွေ ကျန်းမာရေး ပိုကောင်းရခြင်း အကြောင်းပြချက်တွေကတော့ ဒီမှာပါ။
(၁) နာကျင်မှုတွေကို သက်သာစေတယ်
ငိုလိုက်တဲ့အခါ ရင်ထဲက နာကျင်မှုအစိုင်အခဲတွေကို အရည်ဖျော်လိုက်သလိုဖြစ်တာကြောင့် သင့်ခံစားချက်တွေကို အတိုင်းအတာတစ်ခုအထိ သက်သာစေပါတယ်။
(၂) ကိုယ်ချင်းစာနိုင်စွမ်းကို တိုးစေတယ်
ဝမ်းနည်းတတ်တဲ့သူတွေဟာ တခြားသူတွေကို ဝမ်းနည်းအောင်လုပ်ဖိို့ ဝန်လေးတတ််ကြပါတယ်။ ခံစားမှုတစ်ခုခုကြောင့် တစ်ခါငိုကြွေးလိုက်တိုင်း ကိုယ်ချင်းစာစိတ် အနည်းငယ်တိုးတိုးလာပါသတဲ့။
(၃) ခန္ဓာကိုယ်အတွက် ကောင်းတယ်
ငိုချင်လောက်တဲ့ စိတ်ခံစားမှုတစ်ခုခု ဖြစ်လာတဲ့အခါ မငိုဘဲ ထိန်းချုပ်ထားလိုက်ရင် ခန္ဓာကိုယ်အတွက် ကောင်းတဲ့ ဟော်မုန််းတွေ မထွက်လာတော့ဘဲ စိတ်ဖိစီးမှုတွေ ဖြစ်လာစေပြီး ခေါင်းကိုက်စေနိုင်ပါတယ်။ အဲ့ဒီလို မကြာခဏ ထိန်းချုပ်တာများလာရင် စိတ်ဖိစီးမှု များလာပြီး ခေါင်းကိုက်ရောဂါဖြစ်တဲ့အထိ ဖြစ်စေပါတယ်။ ငိုလိုက်တဲ့အခါ စိတ်ခံစားချက်ကောင်းစေတဲ့ ဟော်မုန်းတွေကို ထုတ်ပေးတာကြောင့် ခန္ဓာကိုယ်ကျန်းမာရေးအတွက် ကောင်းကောင်းကြီး အထောက်အကူဖြစ်စေပါတယ်။
(၄) တခြားသူတွေနဲ့အဆက်အသွယ်လုပ်ဖို့ အကူအညီပေးနိုင်တယ်
ငိုကြွေးတယ်ဆိုတာ ခံစားချက်တွေကို ထုတ်ပြလိုက်တာပါ။ တကယ်လို့ သင်က တစ်ယောက်တည်း ရှိတဲ့အချိန်မှ တိတ်တိတ်လေး ငိုမယ်ဆိုရင်တော့ မသိပေမယ့် တစ်ယောက်ယောက်ရှေ့မှာ ငိုလိုက်မယ်ဆိုရင် သူနဲ့ သင်နဲ့ နဂိုကထက် ပိုရင်းနှီးသွားပါလိမ့်မယ်တဲ့။
(၅) သန်မာတဲ့လူတစ်ယောက်ဖြစ်လာစေတယ်
ခံစားချက်တစ်ခုကို သိမ်းဆည်းသယ်ဆောင်ထားတာထက် ဖွင့်ထုတ်လိုက်တာက သင့်ကို ပေါ့ပါးစေမှာပါ။ အဲ့ဒီလို ဖွင့်ထုတ်လိုက်တဲ့အခါ ရှေ့ဆက်ဖို့ ပိုအဆင်ပြေစေတာကို တွေ့ရမှာပါ။
(၆) လူတွေရဲ့ယုံကြည်မှုကို ပိုရနိုင်တယ်
သင်ဟာ အပေါင်းအသင်းတွေရှေ့မှာ ငိုတတ်တဲ့သူဆိုရင် သူတို့က သင်ဟာ ခံစားချက်တွေကို ဖုံးကွယ်မထားဘူးလို့ မှတ်ယူပြီး သူတို့ရဲ့ယုံကြည်မှုကို ပိုရနိုင်ပါတယ်။
(၇) ခံစားချက်တွေကို မျှတစေတယ်
မငိုဘဲ ထိန်းချုပ်ထားတဲ့အခါ ခံစားချက်တွေက စုပုံလာပြီး အစိုင်အခဲဖြစ်လာပါတယ်။ အဲ့ဒီအခါ နောက်ထပ်ခံစားချက်တွေ ဖြစ်လာရင် ခံနိုင်ရည် မရှိတော့တာမျိုး၊ ပျော်ရွှင်မှုတွေကိုလည်း အပြည့်အဝ မခံစားနိုင်တော့တာမျိး ဖြစ်တတ်ပါတယ်။ ငိုလိုက်မယ်ဆိုရင်တော့ အဲ့ဒီပြဿနာတွေ ပြေလည်သွားပြီး အရာရာကို ပေါ့ပေါ့ပါးပါး ခံစားနိုင်သွားမှာပါ။
MAY THAZINHTOO
Credit \ original


