နေပြည်တော် ပုဂ္ဂလိကမူကြိုမှ ကလေးငယ်တစ်ဦး မုဒိမ်းကျင့်ခံရမှု သတင်းနောက်ဆက်တွဲ
နေပြည်တော် ပုဂ္ဂလိကမူကြိုမှ ကလေးငယ်တစ်ဦး မုဒိမ်းကျင့်ခံရမှု သတင်းနောက်ဆက်တွဲ
နေပြည်တော်ရှိ ပုဂ္ဂလိကမူကြိုကျောင်းရှိ ကလေးတစ်ဦး မဖွယ်မရာ ကျင့်ခံရမှု သတင်းစ တင်ခဲ့သူ ပိုး ဖြူ အကောင့်ပိုင်ရှင် ပြောပြချက်ကို တင်ပေးလိုက်ပါတယ် ။
ကျွန်မ လိုရင်းက ရှင်းရှင်းလေး ဒီကျောင်းကခလေး ဒီကျောင်း ဒီကျောင်းရဲ့ကားနဲ့ပြန်တာ ဒီလို့ဖြစ်တယ် ဆိုတာကို လူသိရှင်ကြားမဖြစ်ပဲနဲ့ ဘယ်သူမှဘာမှမသိလို့ သိအောင်သတိပေးတာ ရှင်းလား ဘယ်သူသာပါစေ ဘယ်သူနာပါစေ
ဆိုတဲ့စိတ်နဲ့လုပ်တာမဟုတ်ဘူး လုံခြုံမှုမရှိလို့ဖြစ်တယ်လို့ယူဆလို့ လူတွေကိုအသိပေးတာဘာကြောင့်လုံခြံမှုမရှိဘူးလဲဆို နှစ်ဆန်းတရက်နေ့ကမှဆေးမှုနဲ့ ထောင်ကထွက်တဲ့ သူကို ကားသမားခန့်ထားခြင်းCctv ကို နေရာတိုင်းမှာမရှိခြင်း ဟိုဘက်ခြံမှလှမ်းရိုက်ထားသော cctv တလုံးသာရှိခြင်း
ကျေားကားပေါ် မောင်းသူ ရဲ့ အကြောင်းကို သိလို့ ခန်သည်ဖြစ်စေ မသိလို့ခန်သည်ဖြစ်စေ ဆရာမ မပါပဲလွတ်ခြင်းအခုလို ဖြစ်တော့ အသံမထွက်ပဲ တိပ်တိပ်လေးလုပ်ခြင်းအားလုံးကို အသိပေးရမယ့် ဖြစ်ရပ်ကို ကြိတ်လုပ်ခြင်းကားသမားက လက်ရှိ ကားဆက်မောင်းနေပီး ထောင်ထွက်မှန်း မသိကြခြင်းခလေးလေးက ခံရပီး တခြားခလေးတွေ ထပ်ခံရမှာဆိုးလို့အမှုကို ပိုပီးလူသိအောင်လုပ်လိုက်ပါအဖြစ်အားလုံးကို ကျွန်မနဲ့ ဖုန်းပြောထားသူတွေရဲ့အသံဖိုင် တွေရှိတယ် ချပြလို့မရသေးဘူးဆိုပီး ထားထားတာဘယ်သူတွေ ဆက်သွယ်လာတယ်ဆိုတာ ကိုယ်အကြောင်းကိုယ်သိ ကြပါ ။လူတကာ ဆက်ထားကိုယူထားခြင်းမဟုတ်ပဲ သက်ဆိုင်သူနဲ့သာပြောထားသော အသံဖိုင်ပါ
ခလေးခံရတာလဲ အမှန်ပဲ ဒီကြောင်းမှာက ဖြစ်တာလဲအမှန်ပဲ စခန်းမှာအမှုဖွင့်တာလဲ အမှန်ပဲ သူမိဘများနဲ့ကျွန်မ မသိခဲတာလဲအမှန်ပဲ သူတို့ဘက်က ဆက်သွယ်လာမှ သိတာလဲ အမှန်ပဲ အခုမှ ကျွန်မက ဘာဖြစ်တယ် ညာဖြစ်တယ်ဆိုပီး လာလုပ်မနေကြနဲ ပနယူမနေနဲ့ ယူချင်တဲ့လူယူကျွန်မက အစထဲကလဲ ဘာရလိုမှုမှမပါဘူး ဒီသတင်း ဒီကျောင်း ဒီကား ဒီလူ ဟာ ဒီကစဖြစ်တာပါဆိုတာကို ခလေးမိခင်တိုင်း သိစေချင်တာ အခုလဲ စန်းမှာ ဝုန်းဒိုင်းကြဲစစ်နေကြတာပဲ ဖြစ်စေချင်တာ လူတွေသိသွားဖို့ပဲ ဆင်ခြင်လို့ရအောင် အသိပေးလိုက်တာ ။ မှားတယ်ဆိုခဲ ကြိုက်သလိုလုပ် စောင့်နေတယ် . ဆိုပြီး သူမရဲ့အကောင့်မှာရေးသားထားပါတယ် ။
ဖြစ်စဉ်မှာ မေလ ၁၆ ရက်ညနေပိုင်း ကျောင်းမှ ကျောင်းကြိုပို့ ကားဖြင့် ပြန်လာစဉ် မိခင်က ကလေးငယ်ရဲ့ မိန်းမကိုယ်မှာ သွေးတွေ့လို့ နေပြည်တော် ခုတင် ၁,၀၀၀ ဆေးရုံသို့သွားပြ ရာမှ ထိုသို့ပေါ်ပေါက်ခြင်းဖြစ်ပါတယ်။ ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး ရဲတပ်ဖွဲ့မှ စစ်ဆေးနေဆဲဖြစ်ပြီး အတိအကျမပြောနိုင်သေးကြောင်း၊ မူကြိုကျောင်း ကျောင်းအုပ်ကြီးမှလည်း ဒီအမှုကိစ္စဟာ ကျောင်းအတွင်းမှာ ဖြစ်ခဲ့ခြင်းမဟုတ်ကြောင်း ငြင်းဆိုထားတယ်လို့ သိရပါတယ် ။
Credit \original


