အာရှရဲ့ အဆင်းရဲဆုံးနိုင်ငံ ၁၀ နိုင်ငံစာရင်းမှာပါဝင်လာသော မြန်မာနိုင်ငံ





၂၀၁၉ ခုနှစ်အတွက် အာရှရဲ့ အဆင်းရဲဆုံးနိုင်ငံတွေရဲ့စာရင်းမှာ မြန်မာနိုင်ငံက နံပါတ် ၈ နေရာမှာ ပါဝင်လာခဲ့ပါတယ်။ အာရှတိုက်ဟာ ကမ္ဘာပေါ်မှာ အကြီးမားဆုံးတိုက်တစ်တိုက်ဖြစ်သလို ကမ္ဘာမြေဧရိယာစုစုပေါင်းရဲ့ ၃၀ ရာခိုင်နှုန်းကို ပိုင်ဆိုင်တဲ့တိုက်တစ်တိုက်ပါပဲ။ ကမ္ဘာ့လူဦးရေစုစု ပေါင်းရဲ့ ၆၀ ရာခိုင်နှုန်းလောက်က အာရှတိုက်မှာ နေထိုင်ကြသူတွေဖြစ်ပြီး လူဦးရေစုစုပေါင်း ၄ ဒဿမ ၃ ဘီလီယံလောက်က အာရှတိုက်မှာနေထိုင်ကြပါတယ်။

အာရှတိုက်ဟာ ကမ္ဘာ့အကြီးဆုံးတိုက်ကြီးတစ်တိုက်ဖြစ်တာနဲ့အညီ အာရှတိုက်ကို အပိုင်း ၅ ပိုင်း ခွဲခြားထားပါတယ်။ ခွဲခြားထားတဲ့ အာရှတိုက်ရဲ့ အပိုင်း ၅ ပိုင်းကတော့



(၁)အာရှအလယ်ပိုင်း

(၂)အရှေ့အာရှ

(၃)အရှေ့တောင်အာရှ

(၄)တောင်အာရှ နဲ့

(၅)အနောက်အာရှ တို့ပါပဲ။

အာရှတိုက်မှာ နိုင်ငံပေါင်း ၅၂ နိုင်ငံပါဝင်ပေမယ့် အများစုကတော့ စီးပွားရေးအရရော ပညာရေးအရ ပါ ကမ္ဘာမှာ နောက်ကျကျန်နေရစ်ခဲ့ပါတယ်။

နိုင်ငံတစ်နိုင်ငံရဲ့ ဆင်းရဲ ချမ်းသာကိုတွက်ချက်တဲ့အခါမှာ နိုင်ငံအလိုက်ရဲ့ စုစုပေါင်းပြည်တွင်းထုတ် ကုန်နဲ့ နိုင်ငံသားတွေရဲ့ တစ်ဦးချင်းဝင်ငွေကိုအခြေခံပြီး အချက်အလက်တွေကို ကောက်ယူတွက် ချက်လေ့ရှိပါတယ်။ ဒီအချက်အလက်တွေကို အခြေခံပြီး တွက်ချက်ထားတဲ့စာရင်းတွေအရ ၂၀၁၉ ခုနှစ်အတွက် အာရှရဲ့ အဆင်းရဲဆုံးနိုင်ငံ ၁၀ နိုင်ငံကတော့

(၁)အာဖဂန်နစ္စတန်နိုင်ငံ

(၂)မြောက်ကိုရီးယားနိုင်ငံ

(၃)တာဂျစ်ကစ္စတန်နိုင်ငံ

(၄)ဆီးရီးယားနိုင်ငံ

(၅)နီပေါနိုင်ငံ

(၆)ယီမင်နိုင်ငံ

(၇)ကာဂျစ္စတန်နိုင်ငံ

(၈)မြန်မာနိုင်ငံ

(၉)ကမ္ဘောဒီးယားနိုင်ငံ နဲ့

ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့ပါပဲ။

အခုဖော်ပြပေးခဲ့တဲ့နိုင်ငံတွေဟာ အာရှမှာ ဘာကြောင့်အဆင်းရဲဆုံးနိုင်ငံတွေဖြစ်နေရတာလဲ ဆိုတဲ့ အကြောင်းနဲ့ တစ်နှစ်အတွက် တစ်ဦးချင်းဝင်ငွေစာရင်းကိုလည်း ဖော်ပြပေးချင်ပါတယ်။

(၁)အာဖဂန်နစ္စတန်နိုင်ငံ

အာဖဂန်နစ္စတန်နိုင်ငံဟာ တောင်အာရှနဲ့ အလယ်အာရှတို့အပေါ်မှာ ကန့်လန့်ဖြတ်တည်ရှိနေတဲ့ နိုင် ငံတစ်နိုင်ငံပါပဲ။ မြို့တော်ကတော့ ကဘူးလ်မြို့ ဖြစ်ပြီး လူဦးရေလည်း အင်မတန်ထူထပ်တဲ့ နိုင်ငံတစ် နိုင်ငံပါ။ တောင်ပိုင်းနဲ့ အနောက်ပိုင်းနယ်နိမိတ်တွေက ပါကစ္စတန်နိုင်ငံနဲ့ထိစပ်နေပြီး အနောက်ပိုင်း ကတော့ အီရန်နိုင်ငံနဲ့ ထိစပ်နေပါတယ်။ အရှေ့ မြောက်ပိုင်းမှာတော့ တရုတ်နိုင်ငံရှိပြီး မြောက်ပိုင်း မှာတော့ တာ့ခ်မင်နစ္စတန် ၊ ဥဇဘက်ကစ္စတန် နဲ့ တာဂျစ်ကစ္စတန်နိုင်ငံတို့ ရှိကြပါတယ်။

အာဖဂန်နစ္စတန်နိုင်ငံနဲ့ထိစပ်နေတဲ့ နိုင်ငံအများစုက ချမ်းသာကြပေမယ့် အာဖဂန်နစ္စတန်နိုင်ငံက တော့ အာရှရဲ့ အဆင်းရဲဆုံးနိုင်ငံတွေထဲမှာ နံပါတ် ၁ နေရာက ရှိနေပါတယ်။ အာဖဂန်နစ္စတန်နိုင်ငံ မှာနေထိုင်ကြသူအများစုဟာ စိုက်ပျိုးရေးနဲ့ မွေးမြူရေးလုပ်ငန်းတွေအပေါ်မှာ မှီခိုနေကြရသူတွေပါ ပဲ။ စစ်ရေးမတည်ငြိမ်မှုနဲ့ နိုင်ငံရေးမှာလည်း တစုံတရာပြုပြင်ဆောင်ရွက်လာနိုင်တာမျိုးမရှိတဲ့အ တွက် စီးပွားရေးချွတ်ခြုံကျရတဲ့ ပြဿနာတွေကို ရင်ဆိုင်နေရပါတယ်။ စီးပွားရေးအဆင်မပြေမှုတွေ ကြောင့် ပြည်သူအများစုဟာ အစားအစာနဲ့ အဝတ်အထည်မလုံလောက်မှုအပြင် ကျန်းမာရေးစောင့် ရှောက်မှုကိုလည်း မရရှိကြပါဘူး။ ပြည်သူအများစုကတော့ အမိုးအကာမလုံလောက်တဲ့နေအိမ် တွေမှာ နေထိုင်ရလေ့ရှိပါတယ်။ နိုင်ငံသားတစ်ယောက်ရဲ့ဝင်ငွေကလည်း တစ်နှစ်လုံးနေမှ အမေရိ ကန်ဒေါ်လာ ၆၁၉ ဒေါ်လာလောက်သာ ဝင်ငွေရှိပါတယ်။

(၂)မြောက်ကိုရီးယားနိုင်ငံ

အာရှရဲ့ ဒုတိယမြောက်အဆင်းရဲဆုံးနိုင်ငံဖြစ်ပြီး နိုင်ငံသားတစ်ယောက်ရဲ့ ဝင်ငွေက တစ်နှစ်လုံးနေမှ ဒေါ်လာ ၆၈၅ ဒေါ်လာသာရှိပါတယ်။ အရှေ့အာရှထဲပါဝင်တဲ့ မြောက်ကိုရီးယားရဲ့ အဓိကဝင်ငွေက တော့ စက်မှုလုပ်ငန်းတွေနဲ့ စိုက်ပျိုးရေးလုပ်ငန်းတွေကနေ ရရှိပါတယ်။ ၂၀၀၄ ခုနှစ်က ကောက်ယူ ထားတဲ့စာရင်းအရဆိုရင်တော့ စိုက်ပျိုးရေးကဏ္ဍက ၃၇ ရာခိုင်နှုန်းသာရှိခဲ့ပြီး စက်မှုလုပ်ငန်းက ၆၃ ရာခိုင်နှုန်းအထိ ရှိခဲ့ပါတယ်။ အဓိကကတော့ စစ်ပစ္စည်းတွေထုတ်လုပ်ပေးရတဲ့ စက်ရုံတွေက ပိုများ ပြီး လျှစ်စစ် ၊ ဓာတ်သတ္တုပစ္စည်း ၊ အဝတ်အထည် ၊ အစားအသောက်ထုတ်လုပ်မှုလုပ်ငန်းတွေကနေ ဝင်ငွေရရှိခဲ့သလို ခရီးသွားလုပ်ငန်းတွေကနေလည်း ဝင်ငွေရရှိခဲ့ပါတယ်။

ဝီးကီးပီးဒီးယားရဲ့ ဖော်ပြချက်အရဆိုရင်တော့ မြောက်ကိုရီးယားပြည်သူတွေဟာ ဆင်းရဲကျပ်တည်း မှုမျိုးစုံနဲ့ ကြုံတွေ့နေရပြီး နိုင်ငံသားတစ်ယောက်ရဲ့ တစ်လဝင်ငွေက ၄၇ ဒေါ်လာသာရှိပါတယ်။

(၃)တာဂျစ်ကစ္စတန်နိုင်ငံ

ဆိုဗီယက်ယူနီယံပြိုကွဲသွားပြီးနောက်မှာတော့ ကမ္ဘာမှာ နိုင်ငံငယ်လေးတွေ အများအပြားပေါ်ထွက် လာခဲ့ပါတယ်။ တာဂျစ်ကစ္စတန်နိုင်ငံကလည်း ဆိုဗီယက်ယူနီယံကနေ ခွဲထွက်ခဲ့တဲ့နိုင်ငံတနိုင်ငံဖြစ် ပြီး အာရှအလယ်ပိုင်းမှာတည်ရှိပါတယ်။ ဆိုဗီယက်ယူနီယံကခွဲထွက်ပြီး ကိုယ်ပိုင်နိုင်ငံထူထောင်ပြီး နောက်ပိုင်း ၁၉၉၂ ခုနှစ်ကနေ ၁၉၉၇ ခုနှစ်အထိ ပြည်တွင်းစစ်ဖြစ်ပွားခဲ့ပါတယ်။ ပြည်တွင်းစစ်ပြီး ဆုံးသွားချိန်မှာတော့ တည်ငြိမ်တဲ့နိုင်ငံရေးကို အစပြုနိုင်ခဲ့ပြီး တိုင်းပြည်စီးပွားရေးပြန်လည်ထူ ထောင်နိုင်ဖို့ နိုင်ငံခြားအထောက်အပံ့ကို ရယူခဲ့ပါတယ်။ ဝါ ၊ အလူမီနီယံ နဲ့ ယူရေနီယံတွေကိုထုတ် လုပ်နိုင်ခဲ့တဲ့အတွက်ကြောင့်လည်း တာဂျစ်ကစ္စတန်နိုင်ငံဟာ ချမ်းသာဖို့လမ်းကြောင်းပေါ်ကို ခြေချ နိုင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ၂၀၁၂ ခုနှစ် ဂျူလိုင်မှာထပ်မံဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေက တိုင်းပြည်ရဲ့ စီးပွားရေးကို ကမောက်ကမပြန်လည်ဖြစ်စေခဲ့ပါတယ်။ ဒီအခြေအနေတွေရဲ့ အကျိုးဆက်ကြောင့် လည်း တာဂျစ်ကစ္စတန်နိုင်ငံဟာ အာရှရဲ့ တတိယအဆင်းရဲဆုံးနိုင်ငံ ဖြစ်သွားခဲ့ရပြီး နိုင်ငံသားတစ် ယောက်ရဲ့ဝင်ငွေကလည်း တစ်နှစ်ကိုဒေါ်လာ ၈၀၁ ဒေါ်လာလောက်သာရှိပါတော့တယ်။

(၄)ဆီးရီးယားနိုင်ငံ

အရှေ့အလယ်ပိုင်းနိုင်ငံတနိုင်ငံဖြစ်တဲ့ ဆီးရီးယားနိုင်ငံရဲ့ မြောက်ပိုင်းမှာတော့ တူရကီနိုင်ငံ ၊ အရှေ့ ပိုင်းမှာ အီရန်နိုင်ငံ တို့ရှိကြပါတယ်။ စစ်အစိုးရနဲ့ အတိုက်အခံတွေကြားမှာဖြစ်ပွားနေတဲ့ ပဋိပက္ခတွေ က ဆီးရီးယားနိုင်ငံကို ပျက်စီးစေဖို့ကိုသာ ပိုမိုဦးတည်စေခဲ့ပါတယ်။ အရေးအခင်းတွေမဖြစ်ပွားခင် အချိန်တွေတုန်းကဆိုရင်လည်း ဆီးရီးယားနိုင်ငံသား ၃၀ ရာခိုင်နှုန်းလောက်ဟာ တစ်ရက်ကို တစ်ယူရိုတောင်မရှိတဲ့ ဝင်ငွေပေါ်မှာ မှီခိုနေခဲ့ရပါတယ်။ ကုန်ဈေးနှုန်းကလည်း အစဉ်အမြဲတက်နေ လေ့ရှိပြီး ဒီဇယ်နဲ့ အခြားလိုအပ်တဲ့ပစ္စည်းတွေကိုလည်း အကန့်အသတ်နဲ့သာ ဝယ်ယူခွင့်ပြုထားပါ တယ်။ နိုင်ငံရဲ့ မြို့တော်ဖြစ်တဲ့ ဒမတ်စကတ်လိုမြို့ တော်မှာတောင် တစ်ရက်ကို သုံးနာရီလောက် မီးပျက်တာမျိုးက ကြုံရပါသေးတယ်။ ဂျာမနီလိုနိုင်ငံမျိုးကလည်း ဆီးရီးယားကိုပေးထားတဲ့ ထောက် ပံ့ငွေတွေကို ရပ်ဆိုင်းပစ်ခဲ့သလို နိုင်ငံခြားရေးရာဌာနတွေမှာအလုပ်လုပ်နေကြတဲ့ ဝန်ထမ်းပေါင်း များစွာကလည်း ဆီးရီးယားနိုင်ငံကနေ ထွက်ခွာသွားခဲ့ကြပါတယ်။ ဒီအခြေအနေတွေက ဆီးရီးယား နိုင်ငံကို အာရရဲ့ အဆင်းရဲဆုံးနိုင်ငံတွေစာရင်းမှာ နံပါတ် ၄ နေရာဝင်စေခဲ့ပြီး နိုင်ငံသားတစ်ယောက် ရဲ့ ဝင်ငွေကလည်း တစ်နှစ်လုံးနေမှ ဒေါ်လာ ၈၃၁ ဒေါ်လာနီးပါးသာ ရှိပါတယ်။

(၅)နီပေါနိုင်ငံ

တောင်အာရှအတွင်းမှာ နီပေါနိုင်ငံရဲ့ စီးပွားရေးအခြေအနေဟာ အရင်ဘုရင်စနစ်နဲ့အုပ်ချုပ်စဉ်က တည်းက ရှုပ်ထွေးလာခဲ့တာ အခုကွန်မြူနစ်ပါတီတိုင်အောင်ပါပဲ။ နိုင်ငံရေးစနစ် အပြောင်းအလဲ အမျိုးမျိုးက စီးပွားရေးတိုးတက်မှုကို ပိုမိုနှေးကွေလာစေခဲ့ပါတယ်။ ၂၀ ရာစုအလယ်ပိုင်းနှစ်တွေမှာ ဆိုရင်လည်း နီပေါနိုင်ငံရဲ့ ကမ္ဘာ့အလယ်မှာ အထီးကျန်နိုင်ငံသက်သက်သာ ဖြစ်ခဲ့ရပါတယ်။ ၁၉၅၁ ခုနှစ်အထိ နီပေါနိုင်ငံမှာ စာသင်ကျောင်းမရှိခဲ့သလို ဆေးရုံ ၊ အဓိကကျတဲ့ လမ်းပန်းဆက်သွယ်ရေး ၊ လျှပ်စစ်မီး ၊ တယ်လီဖုန်းနဲ့ ကြေးနန်းဆက်သွယ်ရေး ၊ စက်ရုံအလုပ်ရုံ စတာတွေ မရှိခဲ့ပါဘူး။ တိုင်း ပြည်ရဲ့ အဓိကငွေဝင်ငွေကလည်း စိုက်ပျိုးရေးလုပ်ငန်းတွေမှာသာ မှီခိုနေရပါတယ်။ ဒါကြောင့်လည်း နီပေါနိုင်ငံဟာ အာရှမှာ ပဉ္စမမြောက် အဆင်းရဲဆုံးနိုင်ငံဖြစ်ပြီး နိုင်ငံသားတစ်ယောက်ရဲ့ ဝင်ငွေက လည်း တစ်နှစ်ကိုမှ ၈၄၉ ဒေါ်လာသာရှိပါတယ်။

(၆)ယီမင်နိုင်ငံ

အာရေဗျကျွန်းဆွယ်မှာတည်ရှိတဲ့ ယီမင်နိုင်ငံကို လက်ရှိအုပ်ချုပ်နေတဲ့အစိုးရကတော့ ဆွန်နီမွတ်စ လင်ဖြစ်ပြီး အစိုးရကိုဆန့်ကျင်နေသူတွေကတော့ ရှီးယိုက်မွတ်စလင်တွေပဲ ဖြစ်ပါတယ်။ ဒါကြောင့် လည်း ပြည်တွင်းစစ်က ယီမင်နိုင်ငံကို ဒုက္ခတွင်းထဲ ပို့ဆောင်ခဲ့ပါတယ်။ စစ်ပွဲရဲ့ရလဒ်ကတော့ ယီမင် နိုင်ငံရဲ့ ငွေကြေးဈေးကွက်ကို မတည်မငြိမ်ဖြစ်စေပြီး နိုင်ငံခြားငွေလဲလှယ်ရေးလုပ်ငန်းတွေကို များ စွာထိခိုက်စေပါတယ်။ ဒါကြောင့်လည်း ယီမင်နိုင်ငံဟာ အရပ်နိုင်ငံတွေထဲမှာ အဆင်းရဲဆုံးနိုင်ငံဖြစ် သလို အာရှမှာဆိုရင်လည်း ဆဌမမြောက်အဆင်းရဲဆုံးနိုင်ငံ ဖြစ်ခဲ့ပါတယ်။ နိုင်ငံသားတစ်ဦးရဲ့ ဝင်ငွေကလည်း တစ်နှစ်ကို ဒေါ်လာ ၉၉၀ သာရှိပါတယ်။

(၇)ကာဂျစ်ကစ္စတန်နိုင်ငံ

အာရှအလယ်ပိုင်းမှာတည်ရှိတဲ့ ကာဂျစ်ကစ္စတန်နိုင်ငံရဲ့ နိုင်ငံသား သုံးပုံတစ်ပုံလောက်ဟာ ၂၀၁၁ ခုနှစ်မှာတော့ အဆင်းရဲဆုံးပြည်သူတွေဖြစ်ခဲ့ပါတယ်။ ၂၀၀၉ ခုနှစ်မှာတော့ ပြည်သူ ၃၁ ရာခိုင်နှုန်း လောက်သာ ဆင်းရဲတွင်းနက်ခဲ့ကြပေမယ့် ၂၀၁၁ခုနှစ်မှာတော့ ၃၇ ရာခိုင်နှုန်းတိုးလာခဲ့ပါတယ်။ နိုင်ငံခြားကိုအဓိကတင်ပို့ရောင်းချတာကတော့ ဝါ ၊ သိုးမွှေး နဲ့ အသားတွေပါပဲ။ နိုင်ငံရဲ့ အဓိကဝင်ငွေ ကိုတော့ စိုက်ပျိုးရေးလုပ်ငန်းတွေကနေ ရရှိပါတယ်။ တစ်ဦးချင်းဝင်ငွေကတော့ တစ်နှစ်ကို ဒေါ်လာ ၁၂၅၁ ဒေါ်လာပါ။

(၈)မြန်မာနိုင်ငံ

အရှေ့တောင်အာရှအတွင်းမှာရှိတဲ့ မြန်မာနိုင်ငံဟာ အချုပ်အခြာအာဏာပိုင် နိုင်ငံတနိုင်ငံပါ။ နိုင်ငံသားအများစုကတော့ စိုက်ပျိုးရေးနဲ့ အသက်မွေးဝမ်းကြောင်းပြုကြပါတယ်။ ပွင့်လင်းတဲ့စီးပွား ရေးမူဝါဒချမှတ်ပြီးနောက်ပိုင်းမှာတော့ အနောက်နိုင်ငံက ကုမ္ပဏီအများစုက မြန်မာနိုင်ငံရဲ့ ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်းတွေမှာ ရင်းနှီးမြှုပ်နှံ့လာကြသလို သစ်တော ၊ ခရီးသွားလုပ်ငန်းနဲ့ သတ္တု တွင်းတူးဖော်ရေးကဏ္ဍတွေမှာလည်း အာရှကုမ္ပဏီအများစုက ရင်းနှီးမြှုပ်နှံလာကြပါတယ်။ ဒါပေမယ့်လည်း မြန်မာနိုင်ငံဟာ တည်ငြိမ်တဲ့ဘဏ္ဍာရေးစနစ်မရှိပါဘူး။ ငွေကြေးဖောင်းပွမှုနှုန်းက လည်း မြင့်တက်လာနေသလို ရာသီဥတုကလည်းဖောက်ပြန်မှုတွေရှိနေပါတယ်။ နိုင်ငံသားတစ်ဦး ရဲ့ တစ်နှစ်ဝင်ငွေကလည်း ဒေါ်လာ ၁၂၅၇ ဒေါ်လာသာရှိပါတယ်။

(၉)ကမ္ဘောဒီးယားနိုင်ငံ

၁၉၉၀ ခုနှစ်တုန်းကတော့ ကမ္ဘောဒီးယားနိုင်ငံရဲ့စီးပွားရေးဟာ တိုးတက်လာခဲ့ပါတယ်။ နိုင်ငံသား တစ်ဦးချင်းရဲ့ဝင်ငွေကလည်း သိသိသာသာကို တိုးနေတာတွေ့ရပါတယ်။ ဒါပေမယ့်လည်း တခြား အာဆီယံနိုင်ငံတွေနဲ့ယှဉ်လိုက်တဲ့အခါမှာတော့ သိသိသာသာကိုနိမ့်ကျနေတာတွေ့ရပါတယ်။ ဒါကြောင့်လည်း စုစုပေါင်းပြည်တွင်းထုတ်ကုန်ပမာဏကမြှင့်တက်လာခဲ့ပေမယ့် ဆင်းရဲမွဲတေမှုနှုန်း ကလည်း အခုတိုင်အောင်မြင့်နေတုန်းပါပဲ။ တိုင်းပြည်ရဲ့ အဓိကစီးပွားရေးကတော့ စိုက်ပျိုးရေးဖြစ်သ လို ခရီးသွားလုပ်ငန်းနဲ့ အထည်အလိပ်လုပ်ငန်းတွေကနေလည်း ဝင်ငွေရရှိနေပါတယ်။ တစ်ဦးချင်း ဝင်ငွေကတော့ တစ်နှစ်ကို ဒေါ်လာ ၁၃၈၂ ဖြစ်ပါတယ်။

(၁၀)ဘင်္ဂလားဒေ့ရှ်နိုင်ငံ

အာရှရဲ့ အဆင်းရဲဆုံး ၁၀ နိုင်ငံစာရင်းမှာ နောက်ဆုံးကရှိနေတာကတော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံပါပဲ။ ဘင်္ဂလားဒေ့ရှ်နိုင်ငံဟာ ကမ္ဘာပေါ်မှာ အဌမမြောက် လူဦးရေအထူထပ်ဆုံးနိုင်ငံဖြစ်သလို ကမ္ဘာပေါ် မှာ ဆင်းရဲမွဲတေမှုနှုန်းအမြင့်ဆုံးနိုင်ငံတွေထဲက တနိုင်ငံအဖြစ်ပါဝင်ပါတယ်။ နိုင်ငံသားအများစုက တော့ လယ်သမားတွေဖြစ်ကြပါတယ်။ နိုင်ငံလူဦးရေးစုစုပေါင်းရဲ့ သုံးပုံနှစ်ပုံလောက်က စိုက်ပျိုးရေး လုပ်ငန်းတွေမှာ လုပ်ကိုင်ကြပါတယ်။ ဒါပေမယ့်လည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ ဝင်ငွေ လေးပုံသုံးပုံဟာ အထည်ချုပ်လုပ်ငန်းတွေကနေလာပါတယ်။ နိုင်ငံသားတစ်ဦးရဲ့ တစ်နှစ်ဝင်ငွေကတော့ ဒေါ်လာ ၁၄၉၂ ရှိပါတယ်။

အခုဖော်ပြခဲ့တဲ့ အာရှရဲ့ အဆင်းရဲဆုံးနိုင်ငံ ၁၀ နိုင်ငံရဲ့စာရင်းမှာ အရှေ့တောင်အာရှက ၂ နိုင်ငံဖြစ်တဲ့ မြန်မာနိုင်ငံနဲ့ ကမ္ဘောဒီးယား ပါဝင်တာကို တွေ့ရပါလိမ့်မယ်။

Ref: zenith-spot

ဘုန်းမောင်

credit  \\   original

Recent Updates

Recent Posts Widget