တစ္နာရီ စာဖတ္ရင္ ေငြ တစ္ေထာင္ရမည့္ အစီအစဥ္ ရန္ကုန္ၿမိဳ႕မွာ ျပဳလုပ္ေနျပီ





တစ္နာရီ စာလာဖတ္ရံု ျဖင့္ ပုိက္ဆံတစ္ေထာင္ေပးမည့္ အစီစဥ္ ကို ရန္ကုန္တြင္ ျပဳလုပ္ေန
=====================================================

ရန္ကုန္တုိင္းေဒသႀကီး၊ ကမာရြတ္ၿမိဳ႕နယ္ ရွိ Royal Job Agency က ၄င္းတုိ႔ရံုးခန္းတြင္ အပတ္စဥ္ ဗုဒၶဟူးေန႔ ညေနပိုင္း ၆ နာရီမွ ၇ နာရီ အထိ တစ္နာရီၾကာ စာလာဖတ္သူမ်ားအား ေငြတစ္ေထာင္ေပးမည့္ အစီစဥ္ကို ျပဳလုပ္ေနေၾကာင္း သိရသည္။

အဆိုပါ အစီစဥ္တြင္ ပါဝင္လုိပါက တနလၤာေန႔ ႏွင့္ အဂၤါေန႕တုိ႔တြင္ Royal Job Agency Facebook page တြင္ေဖာ္ျပထားသည့္ ဖုန္း 09400400759 ကိုဆက္သြယ္၍ စာရင္းေပးသြင္းကာဖတ္ရွဳႏိုင္မည္ ျဖစ္ေၾကာင္း သိရသည္။


“ပထမကေတာ့ ကိုယ့္ဆီမွာရွိတဲ႕စာအုပ္ေတြနဲ႕လုပ္မလို႕ပါ။ အခုက စိတ္ဝင္စားတဲ႕သူအရမ္းမ်ားတယ္ဆိုေတာ့ သုတရသစာအုပ္ေတြအကုန္ပါတယ္။အခုမွ စဖတ္မယ့္သူေတြအတြက္လည္း အဆင္ေျပေအာင္ ဝတၱဳစာအုပ္ေတြပါထည့္ေပးထားတယ္။ အဓိက ကေတာ့ စာဖတ္ဖို႔ဝါသနာမပါေသးသူေတြကို စာဖတ္ခ်င္လာေအာင္၊ စာဖတ္တာဟာေပ်ာ္စရာေကာင္းတဲ႕အလုပ္ဆိုတာကို သိသြားရင္ အိမ္မွာပဲျဖစ္ျဖစ္ ဘယ္မွာပဲျဖစ္ျဖစ္သူဖတ္လာမယ္။ကၽြန္ေတာ္တို႕က စာဖတ္ဝါသနာေလး သြင္းေပးခ်င္ရံုပါ” ဟု Royal Job Agency ၏ မန္ေနးဂ်င္းဒါရိုက္တာ ကိုခ်မ္းသာထြန္းက ေျပာသည္။

စာဖတ္ခ်ိန္ကုိ ပုံမွန္ တစ္နာရီ ေပးထားျခင္း ျဖစ္ေသာ္လည္း ဆက္လက္ စာဖတ္လုိသည္ ဆုိပါက တစ္နာရီ ထပ္မံ တုိးျမွင့္၍ ဖတ္ရႈႈ ခြင့္ ေပးမည္ ျဖစ္ေၾကာင္းလည္း သိရသည္။

ၿဖိဳးဆု
ဓာတ္ပံု – Royal Job Agency

Credit  \\   original

Unicode

တစ်နာရီ စာလာဖတ်ရုံ ဖြင့် ပိုက်ဆံတစ်ထောင်ပေးမည့် အစီစဉ် ကို ရန်ကုန်တွင် ပြုလုပ်နေ
=====================================================

ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်မြို့နယ် ရှိ Royal Job Agency က ၄င်းတို့ရုံးခန်းတွင် အပတ်စဉ် ဗုဒ္ဓဟူးနေ့ ညနေပိုင်း ၆ နာရီမှ ရ နာရီ အထိ တစ်နာရီကြာ စာလာဖတ်သူများအား ငွေတစ်ထောင်ပေးမည့် အစီစဉ်ကို ပြုလုပ်နေကြောင်း သိရသည်။

အဆိုပါ အစီစဉ်တွင် ပါဝင်လိုပါက တနင်္လာနေ့ နှင့် အင်္ဂါနေ့တို့တွင် Royal Job Agency Facebook page တွင်ဖော်ပြထားသည့် ဖုန်း 09400400759 ကိုဆက်သွယ်၍ စာရင်းပေးသွင်းကာဖတ်ရှုနိုင်မည် ဖြစ်ကြောင်း သိရသည်။

“ပထမကတော့ ကိုယ့်ဆီမှာရှိတဲ့စာအုပ်တွေနဲ့လုပ်မလို့ပါ။ အခုက စိတ်ဝင်စားတဲ့သူအရမ်းများတယ်ဆိုတော့ သုတရသစာအုပ်တွေအကုန်ပါတယ်။အခုမှ စဖတ်မယ့်သူတွေအတွက်လည်း အဆင်ပြေအောင် ဝတ္တုစာအုပ်တွေပါထည့်ပေးထားတယ်။ အဓိက ကတော့ စာဖတ်ဖို့ဝါသနာမပါသေးသူတွေကို စာဖတ်ချင်လာအောင်၊ စာဖတ်တာဟာပျော်စရာကောင်းတဲ့အလုပ်ဆိုတာကို သိသွားရင် အိမ်မှာပဲဖြစ်ဖြစ် ဘယ်မှာပဲဖြစ်ဖြစ်သူဖတ်လာမယ်။ကျွန်တော်တို့က စာဖတ်ဝါသနာလေး သွင်းပေးချင်ရုံပါ” ဟု Royal Job Agency ၏ မန်နေးဂျင်းဒါရိုက်တာ ကိုချမ်းသာထွန်းက ပြောသည်။

စာဖတ်ချိန်ကို ပုံမှန် တစ်နာရီ ပေးထားခြင်း ဖြစ်သော်လည်း ဆက်လက် စာဖတ်လိုသည် ဆိုပါက တစ်နာရီ ထပ်မံ တိုးမြှင့်၍ ဖတ်ရှုှု ခွင့် ပေးမည် ဖြစ်ကြောင်းလည်း သိရသည်။

ဖြိုးဆု
ဓာတ်ပုံ – Royal Job Agency

Credit  \\   original

Recent Updates

Recent Posts Widget