ထုိင္းေရာက္ ေရႊျမန္မာေတြ သတိထားရမယ့္ ထုိင္းရဲေတြရဲ႕ ဂြင္ဆင္ပံု ဆင္နည္းမ်ား
အခုလို လကုန္ခါနီး လခထုတ္ရက္နား နီးလာရင္ ဆူကြန္ဗစ္ ၂၃ လမ္းဝန္းက်င္ ဆြိဳင္ အာေဆာ့ မြန္ထရီ လမ္းဆံုနားမွာ ထိုင္းရဲေတြ ေသာင္းက်န္းၿပီ။ တာမီနယ္ ၂၁ Terminal 21 ကုန္တိုက္ ဝန္းက်င္၊ ဆြိဳင္ေကာင္းဘြိဳင္လမ္းအနီးအနားေပါ့။
မေယာင္မလယ္နဲ႔ ကိုယ့္လူနား ေရာက္လာမယ္၊ ဆီးသြားဖို႔ ခြက္တခြက္ေပးၿပီး လမ္းေဘးမွာ ခြက္ထဲကို ဆီးေပါက္ခိုင္းမယ္။ တုတ္တစ္ေခ်ာင္းနဲ႔ ထိုးၿပီး ေဆးသံုး မသံုးစစ္မယ္။ ၿပီးရင္ တစ္ကိုယ္လံုးကို ရွာေဖြၿပီး ေဆးပါမပါ စစ္မယ္။ ကိုယ့္လူတို႔ မေျပာနဲ႔ တျခား ဥေရာပ အေမရိကန္သား ေတြေတာင္မွ သူတို႔ လက္လွည့္ မ်က္လွည့္ထဲမွာ ႏြံနစ္ ၾကရတယ္။ လက္ေခ်ာင္းေတြၾကား မူးယစ္ေဆးျပားကို မ်က္လွည့္ဆရာလို ညႇပ္ထားၿပီး မ်က္လွည့္ျပၾကတာ … ။ ကိုယ့္လူ … ခင္ဗ်ား ဘဝမွာ မူးယစ္ေဆးဆိုတာ ဘာမွန္းလံုးဝ မသိရင္ေတာင္မွ ခင္မ်ား မူးယစ္ေဆးသံုးစြဲသူ တစ္ထိုင္ထဲမွာ ျဖစ္သြားႏိုင္တယ္။
မအူမလည္ ေယာင္ေတာင္ေတာင္နဲ႔ ဘန္ေကာက္ၿမိဳ႕ သာယာလွပေၾကာင္း ခံစားေနခိုက္မွာ တခဏထဲနဲ႔ ဘဝပ်က္သြား ႏိုင္တယ္။ မ်က္လွည့္ဂြင္ထဲ ဝင္သြားၿပီဆိုတာနဲ႔ ပုခံုးမွာကပ္ထားေလတဲ့ စကားေျပာစက္ကေန အေဖာ္ေတြ ေခၚေတာ့တာပဲ။
ေမာ္ေတာ္ဆိုင္ကယ္နဲ႔ ႏွစ္ေကာင္ျဖစ္ေစ၊ ဟိုင္းလက္ ပစ္ကပ္နဲ႔ ႏွစ္ေကာင္ျဖစ္ေစ၊ လာၿပီဆိုတာနဲ႔ ဘာမွ ေတြေဝမေနနဲ႔၊ ရွိတာ ေပးၿပီး ႐ုန္းထြက္ဖို႔ႀကိဳးစားေတာ့။ ခင္ဗ်ား အျပစ္မရွိတာ ဘုရားသိတယ္ သူတို႔သိတယ္။ သို႔ေပသိ သူတို႔လိုခ်င္တာ ေငြ၊ တျခားဘာမွ မဟုတ္။ ဒီေတာ့ မွန္တာ မမွန္တာ အပထား။ အဲဒီမွာရွိတဲ့ ျမန္မာတစ္ေယာက္အဖို႔ အကာအကြယ္ ရပ္တည္မႈ အမွန္တရား တရာဥပေဒဆိုတာ ဘာမွမရွိဘူး။
ဒီေတာ့ ငါမွန္တာပဲ ဆိုတဲ့မာန္ေတြ သြားမထားနဲ႔။ ခင္ဗ်ားက သူတို႔လက္ခုပ္ထဲက ေရ။ ဒီလိုျဖစ္စဥ္ေတြဟာ ဥေရာပသား အေမရိကန္သား ေတြေတာင္ ခံခဲ့ၾကရတာ ျမန္မာႏိုင္ငံသားတစ္ေယာက္ အဖို႔ကေတာ့ သူတို႔က ပ်င္းေတာင္ပ်င္းေသး တယ္။ ေအာက္တိုဘာ ႏိုဝင္ဘာ ဒီဇင္ဘာဆိုရင္ ပိုဆိုးတယ္။ ေနာင္ ႏွစ္သစ္အတြက္ ရာထူးတိုးေပး၊ ဆုေၾကးေတြ ေပးၾကေတာ့မွာကိုး။
အဲဒီကာလဆို ထိုင္းရဲေတြ အလုပ္ပိုလုပ္ၿပီး အလုပ္ရံု ေတြမွာ သံေဒါင္းလို႔ေခၚတဲ့ အလုပ္ၾကမ္းသမားေတြကို အၾကမ္းအရမ္း ဖမ္းျပမယ္၊ လမ္းသြားလမ္းလာ မသကၤာရင္စစ္မယ္၊ ရာဘ ေဆးျပား ပစ္ဖမ္းမယ္။ တရားဝင္ဗီဇာနဲ႔ လာတဲ့ စာတတ္ ေပတတ္ ပညာတတ္ ေတြေတာင္ ျပႆနာျဖစ္တာ အမ်ားႀကီး။ တကယ့္ကလိမ္ကက်စ္ ထိုင္းရဲေတြ။
မထိတဲ့သူေတြက ဖင္တႂကြႂကြ။ ထိတဲ့သူေတြက ထိုင္းဆို ဆလံ ….
ကိုေဇာ္ ဘန္ေကာက္၊ (ေလးစားမႈျဖင့္ ခရက္ဒစ္)
Unicode
ထိုင်းရောက် ရွှေမြန်မာတွေ သတိထားရမယ့် ထိုင်းရဲတွေရဲ့ ခွင်ဆင်ပုံ ဆင်နည်းများ
အခုလို လကုန်ခါနီး လခထုတ်ရက်နား နီးလာရင် ဆူကွန်ဗစ် ၂၃ လမ်းဝန်းကျင် ဆွိုင် အာဆော့ မွန်ထရီ လမ်းဆုံနားမှာ ထိုင်းရဲတွေ သောင်းကျန်းပြီ။ တာမီနယ် ၂၁ Terminal 21 ကုန်တိုက် ဝန်းကျင်၊ ဆွိုင်ကောင်းဘွိုင်လမ်းအနီးအနားပေါ့။
မယောင်မလယ်နဲ့ ကိုယ့်လူနား ရောက်လာမယ်၊ ဆီးသွားဖို့ ခွက်တခွက်ပေးပြီး လမ်းဘေးမှာ ခွက်ထဲကို ဆီးပေါက်ခိုင်းမယ်။ တုတ်တစ်ချောင်းနဲ့ ထိုးပြီး ဆေးသုံး မသုံးစစ်မယ်။ ပြီးရင် တစ်ကိုယ်လုံးကို ရှာဖွေပြီး ဆေးပါမပါ စစ်မယ်။ ကိုယ့်လူတို့ မပြောနဲ့ တခြား ဥရောပ အမေရိကန်သား တွေတောင်မှ သူတို့ လက်လှည့် မျက်လှည့်ထဲမှာ နွံနစ် ကြရတယ်။ လက်ချောင်းတွေကြား မူးယစ်ဆေးပြားကို မျက်လှည့်ဆရာလို ညှပ်ထားပြီး မျက်လှည့်ပြကြတာ … ။ ကိုယ့်လူ … ခင်ဗျား ဘဝမှာ မူးယစ်ဆေးဆိုတာ ဘာမှန်းလုံးဝ မသိရင်တောင်မှ ခင်များ မူးယစ်ဆေးသုံးစွဲသူ တစ်ထိုင်ထဲမှာ ဖြစ်သွားနိုင်တယ်။
မအူမလည် ယောင်တောင်တောင်နဲ့ ဘန်ကောက်မြို့ သာယာလှပကြောင်း ခံစားနေခိုက်မှာ တခဏထဲနဲ့ ဘဝပျက်သွား နိုင်တယ်။ မျက်လှည့်ဂွင်ထဲ ဝင်သွားပြီဆိုတာနဲ့ ပုခုံးမှာကပ်ထားလေတဲ့ စကားပြောစက်ကနေ အဖော်တွေ ခေါ်တော့တာပဲ။
မော်တော်ဆိုင်ကယ်နဲ့ နှစ်ကောင်ဖြစ်စေ၊ ဟိုင်းလက် ပစ်ကပ်နဲ့ နှစ်ကောင်ဖြစ်စေ၊ လာပြီဆိုတာနဲ့ ဘာမှ တွေဝေမနေနဲ့၊ ရှိတာ ပေးပြီး ရုန်းထွက်ဖို့ကြိုးစားတော့။ ခင်ဗျား အပြစ်မရှိတာ ဘုရားသိတယ် သူတို့သိတယ်။ သို့ပေသိ သူတို့လိုချင်တာ ငွေ၊ တခြားဘာမှ မဟုတ်။ ဒီတော့ မှန်တာ မမှန်တာ အပထား။ အဲဒီမှာရှိတဲ့ မြန်မာတစ်ယောက်အဖို့ အကာအကွယ် ရပ်တည်မှု အမှန်တရား တရာဥပဒေဆိုတာ ဘာမှမရှိဘူး။
ဒီတော့ ငါမှန်တာပဲ ဆိုတဲ့မာန်တွေ သွားမထားနဲ့။ ခင်ဗျားက သူတို့လက်ခုပ်ထဲက ရေ။ ဒီလိုဖြစ်စဉ်တွေဟာ ဥရောပသား အမေရိကန်သား တွေတောင် ခံခဲ့ကြရတာ မြန်မာနိုင်ငံသားတစ်ယောက် အဖို့ကတော့ သူတို့က ပျင်းတောင်ပျင်းသေး တယ်။ အောက်တိုဘာ နိုဝင်ဘာ ဒီဇင်ဘာဆိုရင် ပိုဆိုးတယ်။ နောင် နှစ်သစ်အတွက် ရာထူးတိုးပေး၊ ဆုကြေးတွေ ပေးကြတော့မှာကိုး။
အဲဒီကာလဆို ထိုင်းရဲတွေ အလုပ်ပိုလုပ်ပြီး အလုပ်ရုံ တွေမှာ သံဒေါင်းလို့ခေါ်တဲ့ အလုပ်ကြမ်းသမားတွေကို အကြမ်းအရမ်း ဖမ်းပြမယ်၊ လမ်းသွားလမ်းလာ မသင်္ကာရင်စစ်မယ်၊ ရာဘ ဆေးပြား ပစ်ဖမ်းမယ်။ တရားဝင်ဗီဇာနဲ့ လာတဲ့ စာတတ် ပေတတ် ပညာတတ် တွေတောင် ပြဿနာဖြစ်တာ အများကြီး။ တကယ့်ကလိမ်ကကျစ် ထိုင်းရဲတွေ။
မထိတဲ့သူတွေက ဖင်တကြွကြွ။ ထိတဲ့သူတွေက ထိုင်းဆို ဆလံ ….
ကိုဇော် ဘန်ကောက်၊ (လေးစားမှုဖြင့် ခရက်ဒစ်


