“မ်က္ႏွာ ခ်ဳပ္႐ိုးေျဖလိုက္ၿပီဆိုတဲ့ ေနမင္း”




ျမန္မာနိုင္ငံမွာတင္ခြဲစိတ္မႈ ျပဳလုပ္ထားတဲ့ ေနမင္းက အခုဆိုရင္ မ်က္ႏွာခ်ဳပ္ရိုးေတာင္ ေျဖလိုက္ၿပီလို႕ ဆိုပါတယ္။ ဘယ္လိုေတြေတာင္ ေျပာင္းလဲသြားလဲဆိုတာ ၾကည့္လိုက္ဦးေနာ္။



ေနမင္းက ေမရိုးခြဲစိတ္ၿပီးေနာက္ မ်က္ႏွာ ခ်ဳပ္ရိုးေျဖထားတဲ့ ပံုေလးေတြကိုလည္း သူ႕ရဲ႕ ေဖ့စ္ဘြတ္မွာ ဇြန္လ(၂၆) ရက္္ေန႕က တင္ထားတာေတြ႕ရပါတယ္။ စိတ္ပူေနတဲ့ ပရိသတ္ေတြကိုလည္း စိတ္မပူဖို႕ ေျပာထားပါေသးတယ္။

“အားလုံးေအာင္ျမင္စြာ ခ်ဳပ္႐ိုးေျဖ ၿပီး ေသာယခု ပုံေလးပါ (စိတ္မပူၾကနဲ႔ေတာ့ေနာ္)” ဆုိၿပီး သူရဲ႕ ေဖ့စ္ဘြတ္မွာ ေျပာထားပါတယ္။ အဲဒီေနာက္ ပရိသတ္ေတြက က်န္းမာေရး ဂရုစိုက္ဖို႕ ေျပာထားပါေသးတယ္။ေနမင္းကေတာ့ ခ်ဳပ္ရိုးေျဖလိုက္ၿပီဆုိေပမယ့္လည္း မ်က္ႏွာအေရာင္မက်ေသးဘူးလို႕ မိတ္ေဆြေတြရဲ႕ အေမးမွာ ျပန္ေျဖထားတာေတြ႕ရပါတယ္။



ေနမင္းဟာ ေမးရိုးခြဲစိတ္မႈနဲ႕ ပတ္သက္ၿပီး ကိုရီးယားမွာ သြားခြဲစိတ္ခဲ့တာမ်ိဳးမဟုတ္ဘဲ ျမန္မာႏိုင္ငံမွာတင္ ကိုရီယားဆရာဝန္မ်ား လာေရာက္ကာ ခြဲစိတ္ျပဳျပင္မႈမ်ား ျပဳလုပ္ေပးခဲ့တာလို႕ သိရပါတယ္။

“ကိုရီးယားမွာ သြားေရာက္ၿပီးခြဲစိတ္ခဲ့တာမဟုတ္ပါဘူးကြယ္ကိုရီးယားမွ ဆရာဝန္ႀကီးေတြ လာေရာက္ၿပီးကိုရီးယား ႏိုင္ငံ မွာ အတိုင္းဘဲ ခြဲစိတ္မႈေကာဝန္ ေဆာင္မႈ ေရာခြဲစိတ္ၿပီးေနာက္ပိုင္း တာဝန္ယူေဆာင္ရြက္ေပးမႈေကာအကုန္လုံး ကိုရီးယားႏိုင္ငံ ရွိ Gangnam Medical Beauty Center မွာ ထက္သာလြန္ေသာ ဂ႐ုစိုက္မႈမ်ားကိုခံစားရရွိရ(ရရွိေန)ပါသည္” ဆိုၿပီး ဇြန္လ(၂၁) ရက္ေန႕ မနက္က သူ႕ရဲ႕ ေဖ့စ္ဘြတ္မွာ ေရးသားထားတာေတြ႕ရပါတယ္။



သူ႕ရဲ႕ ခြဲစိတ္မႈနဲ႕ ပတ္သက္ၿပီး အင္တာဗ်ဴးေတြကိုလည္း ဇြန္လကုန္ပိုင္းေလာက္မွ ေျဖဆိုႏိုင္မယ္ဆိုၿပီး ေျပာထားတာေ တြ႕ရပါတယ္။ ပရိသတ္ေတြကေတာ့ သူ႕ရဲ႕ ေမးရိုးကားကားနဲ႕ အရင္ပံုစံကို လြမ္းေနေၾကာင္း မွတ္ခ်က္ေပး ေျပာထားၾကတာ ေတြ႕ရပါတယ္။ ေနမင္းတစ္ေယာက္ ဘယ္လို ပံုစံ ရွိိသြားမလဲဆိုတာကိုလည္း ပရိသတ္ေတြ စိတ္ဝင္စားလို႕ ေနၾကပါတယ္။



သရုပ္ေဆာင္ေနမင္းကုိ ဗီဒီယုိဇာတ္ကား၊ ရုပ္ရွင္ဇာတ္ကားႀကီးေတြကေနတဆင့္ ပရိသတ္ေတြ စတင္သိရွိလာတာ ျဖစ္ပါတယ္။ သူ႔ဟာ ငယ္ငယ္ ကတည္းက စစ္ဗုိလ္တစ္ေယာက္ျဖစ္ဖုိ႔ ဝါသနာပါခဲ့ေပမယ့္ မင္းသားတစ္ေယာက္ျဖစ္လာတဲ့ အႏုပညာရွင္တစ္ေယာက္ပါပဲ။ သူ႔အေန နဲ႔ စစ္ဗုိလ္တစ္ေယာက္ကာရုိက္တာကုိ သရုပ္ေဆာင္ရတာကလည္း ႏွစ္သက္လုိ႔ပါလုိ႔ ဆုိပါတယ္။

Credit:Duwun

Unicode Version

မြန်မာနိုင်ငံမှာတင်ခွဲစိတ်မှု ပြုလုပ်ထားတဲ့ နေမင်းက အခုဆိုရင် မျက်နှာချုပ်ရိုးတောင် ဖြေလိုက်ပြီလို့ ဆိုပါတယ်။ ဘယ်လိုတွေတောင် ပြောင်းလဲသွားလဲဆိုတာ ကြည့်လိုက်ဦးနော်။

နေမင်းက မေရိုးခွဲစိတ်ပြီးနောက် မျက်နှာ ချုပ်ရိုးဖြေထားတဲ့ ပုံလေးတွေကိုလည်း သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ဇွန်လ(၂၆) ရက်နေ့က တင်ထားတာတွေ့ရပါတယ်။ စိတ်ပူနေတဲ့ ပရိသတ်တွေကိုလည်း စိတ်မပူဖို့ ပြောထားပါသေးတယ်။

“အားလုံးအောင်မြင်စွာ ချုပ်ရိုးဖြေ ပြီး သောယခု ပုံလေးပါ (စိတ်မပူကြနဲ့တော့နော်)” ဆိုပြီး သူရဲ့ ဖေ့စ်ဘွတ်မှာ ပြောထားပါတယ်။ အဲဒီနောက် ပရိသတ်တွေက ကျန်းမာရေး ဂရုစိုက်ဖို့ ပြောထားပါသေးတယ်။နေမင်းကတော့ ချုပ်ရိုးဖြေလိုက်ပြီဆိုပေမယ့်လည်း မျက်နှာအရောင်မကျသေးဘူးလို့ မိတ်ဆွေတွေရဲ့ အမေးမှာ ပြန်ဖြေထားတာတွေ့ရပါတယ်။
နေမင်းဟာ မေးရိုးခွဲစိတ်မှုနဲ့ ပတ်သက်ပြီး ကိုရီးယားမှာ သွားခွဲစိတ်ခဲ့တာမျိုးမဟုတ်ဘဲ မြန်မာနိုင်ငံမှာတင် ကိုရီယားဆရာဝန်များ လာရောက်ကာ ခွဲစိတ်ပြုပြင်မှုများ ပြုလုပ်ပေးခဲ့တာလို့ သိရပါတယ်။

“ကိုရီးယားမှာ သွားရောက်ပြီးခွဲစိတ်ခဲ့တာမဟုတ်ပါဘူးကွယ်ကိုရီးယားမှ ဆရာဝန်ကြီးတွေ လာရောက်ပြီးကိုရီးယား နိုင်ငံ မှာ အတိုင်းဘဲ ခွဲစိတ်မှုကောဝန် ဆောင်မှု ရောခွဲစိတ်ပြီးနောက်ပိုင်း တာဝန်ယူဆောင်ရွက်ပေးမှုကောအကုန်လုံး ကိုရီးယားနိုင်ငံ ရှိ Gangnam Medical Beauty Center မှာ ထက်သာလွန်သော ဂရုစိုက်မှုများကိုခံစားရရှိရ(ရရှိနေ)ပါသည်” ဆိုပြီး ဇွန်လ(၂၁) ရက်နေ့ မနက်က သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားတာတွေ့ရပါတယ်။
သူ့ရဲ့ ခွဲစိတ်မှုနဲ့ ပတ်သက်ပြီး အင်တာဗျူးတွေကိုလည်း ဇွန်လကုန်ပိုင်းလောက်မှ ဖြေဆိုနိုင်မယ်ဆိုပြီး ပြောထားတာေ တွ့ရပါတယ်။ ပရိသတ်တွေကတော့ သူ့ရဲ့ မေးရိုးကားကားနဲ့ အရင်ပုံစံကို လွမ်းနေကြောင်း မှတ်ချက်ပေး ပြောထားကြတာ တွေ့ရပါတယ်။ နေမင်းတစ်ယောက် ဘယ်လို ပုံစံ ရှိသွားမလဲဆိုတာကိုလည်း ပရိသတ်တွေ စိတ်ဝင်စားလို့ နေကြပါတယ်။
သရုပ်ဆောင်နေမင်းကို ဗီဒီယိုဇာတ်ကား၊ ရုပ်ရှင်ဇာတ်ကားကြီးတွေကနေတဆင့် ပရိသတ်တွေ စတင်သိရှိလာတာ ဖြစ်ပါတယ်။ သူ့ဟာ ငယ်ငယ် ကတည်းက စစ်ဗိုလ်တစ်ယောက်ဖြစ်ဖို့ ဝါသနာပါခဲ့ပေမယ့် မင်းသားတစ်ယောက်ဖြစ်လာတဲ့ အနုပညာရှင်တစ်ယောက်ပါပဲ။ သူ့အနေ နဲ့ စစ်ဗိုလ်တစ်ယောက်ကာရိုက်တာကို သရုပ်ဆောင်ရတာကလည်း နှစ်သက်လို့ပါလို့ ဆိုပါတယ်။

Credit:Duwun

Recent Updates

Recent Posts Widget