“Avenger End game ပိုစတာပဲ့ကိုင္ရွင္ဖန္တီးေပးလိုက္တဲ့ ၾကိမ္ႏွႈန္း ရုပ္ရွင္ပိုစတာ”
အရာရာတိုးတက္လာတဲ့ ေခတ္ၾကီးထဲမွာေတာ့ ျမန္မာႏိုင္ငံမွာလည္း ေတာ္ေတာ္မ်ားမ်ား တုိးတက္လာတာကို ေတြ႔ရပါတယ္။ လူငယ္ေတြေတာ္ေတာ္မ်ားမ်ားလည္း ေခတ္မီျပီး တိုးတက္လာတဲ့ ေခတ္ၾကီးထဲမွာေတာ့ ယုတၱိမရွိတဲ့အရာေတြကို လုပ္လာရင္ေတာ့ ေဝဖန္သူေတြအမ်ားအျပားရွိေနပါျပီ။ ဒါေၾကာင့္ က႑အသီးသီးမွာေတာ့ အေကာင္းဆံုးၾကိဳးစားလာတာကို ေတြ႔ရပါတယ္။

အထူးသျဖင့္ သိသိသာသာေျပာင္းလဲ လာတာကေတာ့ လူငယ္ေတြရဲ့ ၾကိဳးစားမႈေၾကာင့္ တခ်ိဳ႔ေသာ ဝါသနာရွင္ေတြရဲ့ ၾကိဳးစားမႈေၾကာင့္ျမန္မာႏိုင္ငံရဲ့ ရုပ္ရွင္္ေတြကေတာ့ ေတာ္ေတာ္ေလး တိုးတက္လာတာကို ေတြ႔ရပါတယ္။

ေပါကားေတြကေနတဆင့္ တျဖည္းျဖည္းနဲ႔ အရည္အေသြးပိုင္းကို ဦးစားေပးတဲ့ ဇာတ္ကားေတြ အမ်ားၾကီးကိုေတြ႔လာရပါတယ္။ ျပီးခဲ့တဲ့ႏွစ္ထဲမွာလည္း အရမ္းကိုေကာင္းတဲ့ အႏုပညာေတြ လူငယ္ေတြရဲ့ ဖန္တီးမႈေတြကိုလည္း ေတြ႔ခဲ့ရပါတယ္။ ဒီႏွစ္ထဲမွာလည္း အဆင့္ျမင့္တဲ့ ရုပ္ရွင္ေတြ အမ်ားၾကီးကို ေတြ႔ရပါတယ္။ ဒီထဲမွာမွ ပရိသတ္ေတြထံ မၾကာမီမွာလာမယ့္ ၾကိမ္ႏႈန္းဆိုတဲ့ Horror ဇာတ္ကားလည္းပါပါတယ္။ ဒီဇာတ္ကားၾကီးကေတာ့ ရံုမတင္ခင္မွာပဲ ရုပ္ရွင္ရဲ့ Poster ေၾကာင့္ လူစိတ္ဝင္စားမႈေတာ္ေတာ္ေလး ရရွိခဲ့တာ ျဖစ္ပါတယ္။

အေၾကာင္းကေတာ့ ရုပ္ရွင္ပိုစတာကို Avenger – End Game , Captain Marvel , Captain America , Spider-Man – In to the Spiderverse , Star War , Brightburn ႏွင့္ အစရွိေသာ ႐ုပ္ရွင္ဇာတ္ကားႀကီးမ်ား၏ illustrator ႏွင့္ Poster Artists ျဖစ္ေသာ Doaly မွ Dark Horror ဆန္ဆန္ဖန္တီးေပးထားတာ ျဖစ္ပါတယ္။ ဒီအေၾကာင္းကိုေတာ့ ၾကိမ္ႏႈန္းရုပ္ရွင္ဇာတ္ကားၾကီး Official Page မွာတင္ထားတာ ျဖစ္ပါတယ္။

ပိုစတာကို ဖန္တီးထားကလည္း မိုက္သလုိ ျမန္မာႏိုင္ငံရဲ့ ထိပ္တန္းမင္းသမီးၾကီး အိျႏၵာေက်ာ္ဇင္ေၾကာင့္လည္း ပိုစတာက ပိုျပီးအသက္ဝင္သြားခဲ့တာ ျဖစ္ပါတယ္။ ဒီဇာတ္ကားၾကီးကေတာ့ ၁၉ ႏွစ္ရာစုက အမ်ိဳးသမီးတေယာက္ရဲ့ ဘဝအေၾကာင္းကို ရုိက္ထားတာ ျဖစ္ျပီး ဇူလိုင္လ ၁၈ ရက္မွာ ရံုတင္မယ္လို႔လည္း သိရပါတယ္။ ေျပာခ်င္လြန္းလို႔ ပရိသတ္ၾကီးထဲမွာလည္း Horror ကားေတြၾကိဳက္တတ္တဲ့သူဆိုရင္ေတာ့ ဒီဇာတ္ကားေလးေတြကို သြားၾကည့္မိၾကမယ္ ထင္ပါတယ္။

photo credit: ၾကိမ္ႏွႈန္း
Credit: ဟီးဟီးဟားဟား
Unicode Version
အရာရာတိုးတက်လာတဲ့ ခေတ်ကြီးထဲမှာတော့ မြန်မာနိုင်ငံမှာလည်း တော်တော်များများ တိုးတက်လာတာကို တွေ့ရပါတယ်။ လူငယ်တွေတော်တော်များများလည်း ခေတ်မီပြီး တိုးတက်လာတဲ့ ခေတ်ကြီးထဲမှာတော့ ယုတ္တိမရှိတဲ့အရာတွေကို လုပ်လာရင်တော့ ဝေဖန်သူတွေအများအပြားရှိနေပါပြီ။ ဒါကြောင့် ကဏ္ဍအသီးသီးမှာတော့ အကောင်းဆုံးကြိုးစားလာတာကို တွေ့ရပါတယ်။

အထူးသဖြင့် သိသိသာသာပြောင်းလဲ လာတာကတော့ လူငယ်တွေရဲ့ ကြိုးစားမှုကြောင့် တချို့သော ဝါသနာရှင်တွေရဲ့ ကြိုးစားမှုကြောင့်မြန်မာနိုင်ငံရဲ့ ရုပ်ရှင်တွေကတော့ တော်တော်လေး တိုးတက်လာတာကို တွေ့ရပါတယ်။

ပေါကားတွေကနေတဆင့် တဖြည်းဖြည်းနဲ့ အရည်အသွေးပိုင်းကို ဦးစားပေးတဲ့ ဇာတ်ကားတွေ အများကြီးကိုတွေ့လာရပါတယ်။ ပြီးခဲ့တဲ့နှစ်ထဲမှာလည်း အရမ်းကိုကောင်းတဲ့ အနုပညာတွေ လူငယ်တွေရဲ့ ဖန်တီးမှုတွေကိုလည်း တွေ့ခဲ့ရပါတယ်။ ဒီနှစ်ထဲမှာလည်း အဆင့်မြင့်တဲ့ ရုပ်ရှင်တွေ အများကြီးကို တွေ့ရပါတယ်။ ဒီထဲမှာမှ ပရိသတ်တွေထံ မကြာမီမှာလာမယ့် ကြိမ်နှုန်းဆိုတဲ့ Horror ဇာတ်ကားလည်းပါပါတယ်။ ဒီဇာတ်ကားကြီးကတော့ ရုံမတင်ခင်မှာပဲ ရုပ်ရှင်ရဲ့ Poster ကြောင့် လူစိတ်ဝင်စားမှုတော်တော်လေး ရရှိခဲ့တာ ဖြစ်ပါတယ်။

အကြောင်းကတော့ ရုပ်ရှင်ပိုစတာကို Avenger – End Game , Captain Marvel , Captain America , Spider-Man – In to the Spiderverse , Star War , Brightburn နှင့် အစရှိသော ရုပ်ရှင်ဇာတ်ကားကြီးများ၏ illustrator နှင့် Poster Artists ဖြစ်သော Doaly မှ Dark Horror ဆန်ဆန်ဖန်တီးပေးထားတာ ဖြစ်ပါတယ်။ ဒီအကြောင်းကိုတော့ ကြိမ်နှုန်းရုပ်ရှင်ဇာတ်ကားကြီး Official Page မှာတင်ထားတာ ဖြစ်ပါတယ်။

ပိုစတာကို ဖန်တီးထားကလည်း မိုက်သလို မြန်မာနိုင်ငံရဲ့ ထိပ်တန်းမင်းသမီးကြီး အိန္ဒြာကျော်ဇင်ကြောင့်လည်း ပိုစတာက ပိုပြီးအသက်ဝင်သွားခဲ့တာ ဖြစ်ပါတယ်။ ဒီဇာတ်ကားကြီးကတော့ ၁၉ နှစ်ရာစုက အမျိုးသမီးတယောက်ရဲ့ ဘဝအကြောင်းကို ရိုက်ထားတာ ဖြစ်ပြီး ဇူလိုင်လ ၁၈ ရက်မှာ ရုံတင်မယ်လို့လည်း သိရပါတယ်။ ပြောချင်လွန်းလို့ ပရိသတ်ကြီးထဲမှာလည်း Horror ကားတွေကြိုက်တတ်တဲ့သူဆိုရင်တော့ ဒီဇာတ်ကားလေးတွေကို သွားကြည့်မိကြမယ် ထင်ပါတယ်။

photo credit: ကြိမ်နှှုန်း
Credit: ဟီးဟီးဟားဟား

