“မသေခင်လေး လှူခြင်လို့ ခဏခဏ မဖမ်းပါနဲ့နဲ့ဆိုပြီး မျက်ရည်တွေနဲ့ ပြောပြလာတဲ့ မဟာဗန္ဓုလ လမ်းပေါ်(၃၂) လမ်းထိပ်က ပေါင်မုန့်သည် အဘွားအိုရဲ့ ဗီဒီယိုလေး”
Video ကြည့်ရန်
Unicode Version
ဘယ်အချိန်လာဖမ်းမှာလဲဆိုပြီး စိုးရိမ်တစ်ကြီးနဲ့ မဟာဗန္ဓုလလမ်းမပေါ် ၃၂လမ်းထိပ်မှာ ပေါင်မုန့်ရောင်းနေတဲ့ ဒေါ်သန်းသန်းတစ်ယောက် ဝယ်သူကို မျှော်နေရှာပါတယ်။
မကြာသေးခင်ကာလက သူရောင်းတဲ့နေရာနဲ့ ပတ်သက်ပြီး တိုင်ကြားခံရလို့ သူ့ပေါင်မုန့်တွေ အသိမ်းခံခဲ့ရပါတယ်။
သူ့အတွက် ကျောတစ်ခင်းစာအိပ်စက်ဖို့ ၊ဆေးကုသဖို့၊ ဝမ်းရေးအတွက် ဒီပေါင်မုန့်ကို သူဆက်ရောင်းမှ ရမှာပါ။
ဒါကြောင့် ငွေနှစ်သိန်းချေးယူပြီး ဒီနေရာလေးမှာပဲ ပြေးတစ်လှည့် ပုန်းတစ်လှည့် ပြန်ဖွင့်နေပါတယ်။
ဒီအကြောင်းကို Myanmar Times TV (MTTV) က ရိုက်ကူးတင်ဆက်ထားပါတယ်။
သတင်းနှင့်ရိုက်ကူး – အံ့မော်ဦး ….တည်းဖြတ် – အံ့မော်ဦး
Video ကြည့်ရန်
Credit: The Myanmar Times





