ညနေစောင်း ကျောင်းဆင်းချိန် နမ့်ဖလွန်းရွာအထွက်နားလေးမှာ ကျောင်းသား၂ ယောက် ကားတားလို့ ရပ်ပေးလိုက်တာ….
ညနေစောင်း ကျောင်းဆင်းချိန် နမ့်ဖလွန်းရွာအထွက်နားလေးမှာ ကျောင်းသား၂ ယောက် ကားတားလို့ ရပ်ပေးလိုက်တာ..
ကျေးဇူးပြု၍ စာကိုဆုံးအောင် ဖတ်ပေးပါ
ကားဆရာ အပေါင်း သူတော်ကောင်း တို့ခင်ဗျား…
မနေ့ က ညနေစောင်း ကျောင်းဆင်းချိန်မှာ မန်လွယ်ဖက်ကလာရင် နမ့်ဖလွန်း ရွာ အထွက် နားလေးမှာကျောင်းသား၂ ယောက် နဲ့ ကျောင်းသူ ၂ ယောက် ကျွန်တော့်ကားတားလို့ ရပ်ပေးလိုက်တာ …..
ကလေးတွေက အရမ်းပျော်ပြီး အငယ်ဆုံးက ကျွန်တော့်ကိုမေးတယ်…. ဦးဦး လိုက်လို့ရမလားတဲ့ ….ရတယ် ….လာတက်လို့ ပြောလိုက်တော့ အငယ်ဆုံးလေးက သူ့ထက်အကြီးတွေကို ကချင်လိုခေါ်လိုက်တယ် …..
သွားရအောင် လို့ပြောတယ် …..ဒါနဲ့ ကားပေါ်တင်ခဲ့လိုက်တယ် ကားပေါ်ရောက်တော့ ကျွန်တော်မေးလိုက်တယ် ….ဘယ်အထိ ပြန်မလဲပေါ့ ….သူတို့လေးတွေလဲ ပြန်ဖြေပါတယ် ….
ရှုခင်းသာ အစပိုင်း တော့ နမ့်ဖလွန်း အပေါ်က ရွာထဲ ဘဲလို့ထင်ခဲ့တာ နောက်တော့ ဘယ်ဟုတ်မလဲ သေချာအောင်မေးလိုက်တော့ ဟိုးအပေါ်ရွာကတဲ့ တော်တော်လေးဝေးတယ်ဗျ ခန့်မှ န်းခြေဆို ၆မိုင်ကျော် ၇ မိုင်လောက်တော့ ရှိမယ်ထင်တယ်……
မေးလိုက်တော့ အမြဲတန်း ကားတားပြီပြန်တာလားပေါ့ ဟုတ်တယ်ဦးဦးတဲ့ …..တချို့ရက် ကားတားတာ မရလို့ လမ်းလျောက်ပြန်ရတာလို့ ပြန်ပြောတယ် ……ဒါနဲ့ ကျွန်တော် ထပ်မေးလိုက်တယ် လမ်းလျောက်ပြန်တော့ ဘယ်အချိန်အိမ်ရောက်လဲပေါ့ ..မိုးချုပ်မှရောက်တာတဲ့ …….
တော်တော် တော့ သနားဖို့ကောင်းပါတယ် စာတတ်ချင်လို့ စာသိချင်လို့ ဘယ်လောက်ဘဲဝေးဝေး ကားတားလို့ရရင်ရ မရလဲ လမ်းလျောက် ကျွန်တော်ထပ်မေးလိုက်တယ် ရွာထဲ မှာအဲကျောင်းသွားတက်တာ ဘယ်နှစ်ယောက်လဲဆိုတော့ ၄ ယောက်ထဲဘဲ……
မေးရင်းမြန်းရင်း ရွာအဝင် ရေဖြန်းဆိုင်ရှိတဲ့ အကွေ့ နားရောက်တော့ ရပြီဦးဦး ဒီမှာဘဲဆင်းမယ်ဆိုလို့ကား ရပ်ပေးလိုက်တာ ကားပေါ်ဆင်းတဲ့ အချိန်မှာဘဲ ကျေးဇူးဘဲနော် ဦးဦး လို့ပြောသွားတာ အလည့်ကျ ဘဲ ၄ ယောက်လုံး တကယ်ဘဲ သနားဖို့ ကောင်းပါတယ် …..
ကျွန်တော်ပြောချင်တာက ကားဆရာ အပေါင်းတို့ ဖြစ်နိုင်ရင် အဲကလေး ၄ ယောက် ကားတားလို့ ကျွန်တော်တို့ ကားဆရာတွေ အဆင်ပြေရင် တင်ပေးစေလိုပါတယ် …..သူတို့လေးရဲ့ ဘဝကို တတ်နိုင်တဲ့ဖက်က ကူညီတဲ့သဘောပါ …….
မရှိဆင်းရဲသားတွေ ရဲ့ ဘဝပေါ့ မြို့ မှာလဲ ကျောင်းမနေနိုင် ရွာမှာလဲ သွားရေးလာရေးက အဆင်မပြေ……။ ……. Sai Lone
Credit




