“သမီးေခ်ာေလးရဲ႕ ေအာင္ျမင္မႈကို ဂုဏ္ယူမဆုံးျဖစ္ေနတဲ့ အိတုန္”




ဇာတ္ပုိ႔ဇာတ္ရံ သရုပ္ေဆာင္ အိတုန္တစ္ေယာက္ သမီးေခ်ာေလးရဲ႕ ေအာင္ျမင္မႈေၾကာင့္ ဝမ္းသာဂုဏ္ယူမဆုံးျဖစ္လုိ႔ေနပါတယ္။ သူမရဲ႕ သမီးေလးကလည္း အရမ္းကုိ ခ်စ္စရာေကာင္းသူေလးပါ။



ဇာတ္ပုိ႔ဇာတ္ရံ သရုပ္ေဆာင္ အိတုန္က ခ်စ္စရာေကာင္းတဲ့ သမီးေခ်ာေလးကုိ ပုိင္ဆုိင္ထားသူျဖစ္ပါတယ္။ သူမရဲ႕ သမီးေလးဟာ မူႀကိဳေက်ာင္းမွာ မင္းသမီးေလးျဖစ္ေနတာ ေတြ႔လုိ႔ ဝမ္းသာပီတိျဖစ္တဲ့အေၾကာင္းေတြေျပာထားပါတယ္။


‘’သမီးေလးတက္တဲ့ေက်ာင္း သမီးကေက်ာင္းမွာကြင္းျဖစ္မွန္းခုမွသိတယ္။ သမီးပုံနဲ႔ဆရာမေတြက ဗီနိုင္းထုတ္ထားတာတဲ့ အသင္ျပလည္းေကာင္းတယ္ပီးေတာ့အဓိကကစိတ္ခ်ရတယ္ဆရာမေတြႀကီးဘဲ ကေလးေတြေပၚစိတ္ရွည္တယ္’’ ဆုိၿပီးေတာ့ အိအိတုန္ရဲ႕ ေဖ့စ္ဘြတ္အေကာင့္မွာ ဇြန္လ ၁၃ ရက္ေန႔ ညေန ၃ နာရီခြဲက တင္ခဲ့တာျဖစ္ပါတယ္။


သူမရဲ႕ သမီးေလးကေတာ့ အခုလက္ရွိမွာ Future Stars Pre-School မွာ မူႀကိဳတက္ေနတာျဖစ္ပါတယ္။ သမီးေလးရဲ႕ ဓာတ္ပုံကုိလည္း ေက်ာင္းရဲ႕ Vinyl မွာ တင္ထားတာကုိ ေတြ႔ရပါတယ္။ အိတုန္ကလည္း သမီးေခ်ာေလးအတြက္ ဝမ္းသာဂုဏ္ယူမဆုံးျဖစ္ေနပါတယ္။ သူမရဲ႕ သမီးေလးကုိလည္း အားေပးခ်စ္ခင္ၾကတဲ့ ပရိသတ္ေတြက Comment ကေနတဆင့္ ဝမ္းသာဂုဏ္ယူတဲ့အေၾကာင္းေတြ ေျပာျပလာပါတယ္။



ဇာတ္ပုိ႔ဇာတ္ရံသရုပ္ေဆာင္ အိတုန္ကုိေတာ့ ဗီဒီယုိဇာတ္ကား၊ ရုပ္ရွင္ဇာတ္ကားေတြကေနတဆင့္ ပရိသတ္ေတြ စတင္သိရွိခဲ့ၾကတာပါ။ သူမရဲ႕ခင္ပြန္းျဖစ္သူ ကုိ ေနမ်ဳိးကလည္း တစ္ခ်ိန္က ဇာတ္ပုိ႔သရုပ္ေဆာင္ တစ္ေယာက္ျဖစ္ပါတယ္။ အခုလက္ရွိမွာေတာ့ ကုိေနမ်ဳိးဟာ အႏုပညာအလုပ္ေတြ လုပ္ကုိင္တာ မေတြ႔ရေတာ့ပါဘူူး။ အိတုန္ကေတာ့ ဇာတ္ကားေတြ ဆက္တုိက္ရုိက္ကူးေနတာျဖစ္ပါတယ္။

Credit: Duwun

Unicode Version

ဇာတ်ပို့ဇာတ်ရံ သရုပ်ဆောင် အိတုန်တစ်ယောက် သမီးချောလေးရဲ့ အောင်မြင်မှုကြောင့် ဝမ်းသာဂုဏ်ယူမဆုံးဖြစ်လို့နေပါတယ်။ သူမရဲ့ သမီးလေးကလည်း အရမ်းကို ချစ်စရာကောင်းသူလေးပါ။

ဇာတ်ပို့ဇာတ်ရံ သရုပ်ဆောင် အိတုန်က ချစ်စရာကောင်းတဲ့ သမီးချောလေးကို ပိုင်ဆိုင်ထားသူဖြစ်ပါတယ်။ သူမရဲ့ သမီးလေးဟာ မူကြိုကျောင်းမှာ မင်းသမီးလေးဖြစ်နေတာ တွေ့လို့ ဝမ်းသာပီတိဖြစ်တဲ့အကြောင်းတွေပြောထားပါတယ်။
‘’သမီးလေးတက်တဲ့ကျောင်း သမီးကကျောင်းမှာကွင်းဖြစ်မှန်းခုမှသိတယ်။ သမီးပုံနဲ့ဆရာမတွေက ဗီနိုင်းထုတ်ထားတာတဲ့ အသင်ပြလည်းကောင်းတယ်ပီးတော့အဓိကကစိတ်ချရတယ်ဆရာမတွေကြီးဘဲ ကလေးတွေပေါ်စိတ်ရှည်တယ်’’ ဆိုပြီးတော့ အိအိတုန်ရဲ့ ဖေ့စ်ဘွတ်အကောင့်မှာ ဇွန်လ ၁၃ ရက်နေ့ ညနေ ၃ နာရီခွဲက တင်ခဲ့တာဖြစ်ပါတယ်။
သူမရဲ့ သမီးလေးကတော့ အခုလက်ရှိမှာ Future Stars Pre-School မှာ မူကြိုတက်နေတာဖြစ်ပါတယ်။ သမီးလေးရဲ့ ဓာတ်ပုံကိုလည်း ကျောင်းရဲ့ Vinyl မှာ တင်ထားတာကို တွေ့ရပါတယ်။ အိတုန်ကလည်း သမီးချောလေးအတွက် ဝမ်းသာဂုဏ်ယူမဆုံးဖြစ်နေပါတယ်။ သူမရဲ့ သမီးလေးကိုလည်း အားပေးချစ်ခင်ကြတဲ့ ပရိသတ်တွေက Comment ကနေတဆင့် ဝမ်းသာဂုဏ်ယူတဲ့အကြောင်းတွေ ပြောပြလာပါတယ်။
ဇာတ်ပို့ဇာတ်ရံသရုပ်ဆောင် အိတုန်ကိုတော့ ဗီဒီယိုဇာတ်ကား၊ ရုပ်ရှင်ဇာတ်ကားတွေကနေတဆင့် ပရိသတ်တွေ စတင်သိရှိခဲ့ကြတာပါ။ သူမရဲ့ခင်ပွန်းဖြစ်သူ ကို နေမျိုးကလည်း တစ်ချိန်က ဇာတ်ပို့သရုပ်ဆောင် တစ်ယောက်ဖြစ်ပါတယ်။ အခုလက်ရှိမှာတော့ ကိုနေမျိုးဟာ အနုပညာအလုပ်တွေ လုပ်ကိုင်တာ မတွေ့ရတော့ပါဘူူး။ အိတုန်ကတော့ ဇာတ်ကားတွေ ဆက်တိုက်ရိုက်ကူးနေတာဖြစ်ပါတယ်။

Credit: Duwun

Recent Updates

Recent Posts Widget