“ဂ်ပန္- ျမန္မာ ခ်စ္ၾကည္ေရးဇာတ္ကားမ်ိဳး ႐ိုက္ကူးဖို႔ ျပင္ဆင္ေနတဲ့ ကိုေပါက္”




ႏိုင္ငံတကာ ရုပ္ရွင္ပြဲေတာ္ေတြမွာ ဆုေတြ ရထားတဲ့ ဂ်ပန္မင္းသမီးနဲ႕ ဂ်ပန္ျမန္မာခ်စ္ၾကည္ေရး ဇာတ္ကားမ်ိဳး ရိုက္ကူးဖို႕ ျပင္ဆင္ေနတာပါ။ လက္ရွိမွာ ဂ်ပန္ေရာက္ေနၿပီး သူ႕ရဲ႕ အိပ္မက္ေတြ အေကာင္အထည္ေဖာ္ဖုိ႕ ႀကိဳးစားေနတယ္လို႕ ဆုိပါတယ္။



လက္ရွိမွာ ေအာင္ျမင္ေနတဲ့ Lady Boy ရုပ္ရွင္ဇာတ္ကားႀကီးကို ပံုေဖာ္ရိုက္ကူးထားတဲ့ ဒါရိုက္တာ ကိုေပါက္က ထိုင္းျမန္မာ ခ်စ္ၾကည္ေရး ဇာတ္ကားရိုက္ကူးၿပီးေနာက္မွာ ဂ်ပန္နဲ႕ ရုပ္ရွင္ဇာတ္ကားရိုုက္ကူးဖို႕ ျပင္ဆင္ေနပါတယ္။ ဂ်ပန္-ျမန္မာ ရုပ္ရွင္ဇာတ္ကားရိုက္ကူးဖို႕ အိပ္မက္ဟာ သူ႕မွာအစကတည္းက ရွိခဲ့ၿပီး အခု အဲဒီ အိပ္မက္ကို အေကာင္အထည္ေဖာ္ႏိုင္ေတာ့မယ္လို႕ ဆုိပါတယ္။


“ဒီခရီးစဥ္ဟာ ဂ်ပန္ နဲ႔ ျမန္မာ ထပ္ေပါင္းဖို႔ႀကိဳးစားခဲ့တဲ့ ခရီးစဥ္ပါ။ တစ္ခါက ေဝးလံေခါင္သီၿပီး မီးမရွိဘဲ ကားဆိုလို႔တစ္ပတ္ေနမွ မာစတာဂ်စ္တစ္စီးသာျမင္ရတဲ့ေနရာက စာမေတာ္တဲ့ လူငယ္တစ္ေကာင္။ ဖားရွာ ငါးရွာၿပီး gas မီးျခစ္ထည့္ ရခိုင္မုန္႔တီေရာင္း သစ္စက္မွာအၾကမ္းလုပ္ ဂ်င္းေဘာင္းဘီဝယ္ဝတ္ခ်င္လို႔ ေရေျမာင္းတူး ပဲ့ေဒါင္ေမာင္းခဲ့ရတဲ့ ခပ္ဆိုးဆိုး ဂ်စ္ကန္ကန္ လူငယ္တစ္ေကာင္။ အဲ့ဒီေကာင္က ကြ်န္ေတာ္ဆိုရင္ အရင္က ကြ်န္ေတာ့အိပ္မက္ေတြက အိပ္မက္ထဲမွာပဲရွိေနခဲ့ပါတယ္။ တစ္ခါက နံပါတ္ျပားလွီးတဲ့ဘဝ ဆိုင္းဘုတ္ေရးတဲ့ဘဝ အေရာင္းစာေရးဘဝ ေမာ္ဒယ္ေလွ်ာက္ တဲ့ဘဝ Dj ကိုေပါက္ဘဝ ဇာတ္ၫႊန္းဆရာမင္းသခင္ဘဝ မင္းသားသူငယ္ခ်င္းသ႐ုပ္ေဆာင္ဘဝ အဓိကဇာတ္ပို႔ဘဝ ဒါ႐ိုက္တာဘဝနဲ႔ ဘဝေပါင္းမ်ားစြာကူးခတ္႐ုန္းကန္ခဲ့ရာ ကာလတေလွ်ာက္ အခုေတာ့ ကြ်န္ေတာ့အိပ္မက္ေတြ အေကာင္အထည္ေပၚလာေအာင္ အေကာင္အထည္ေဖၚႏိုင္ခဲ့ပါၿပီ” ဆုိၿပီး ဇြန္လ(၁၂) ရက္ေန႕က ေရးသားထားတာေတြ႕ရပါတယ္။


ဂ်ပန္- ျမန္မာ ခ်စ္ၾကည္ေရးအတြက္ ဝတၳဳဟာ တျခား ဒါရိုက္ေနာက္ ပါသြားခဲ့ေပမယ့္ သူ႕ရဲ႕ အိပ္မက္ေတြကေတာ့ ရပ္မသြားခဲ့ပါဘူးတဲ့။ လြန္ခဲ့တဲ့ (၂)ႏွစ္က စိတ္ကူးယဥ္ခဲ့တာေတြကဟာ ဒီေန႕မွာ အေကာင္အထည္ေဖာ္ေနပါၿပီဆိုၿပီး ေျပာထားပါတယ္။

“ရီစရာေတြ ေမာစရာေတြ ႏွစ္ႏိုင္ငံရဲ႕ေလးစားစရာ ခ်စ္ခင္စရာ စ႐ိုက္ေတြ လြမ္းစရာေတြ အားရအတုယူစရာေတြ စိတ္ခြန္အားရစရာေတြနဲ႔ ေနာက္တစ္ခါထပ္ေတြ႕ရမယ္ ကြ်န္ေတာ့႐ုပ္ရွင္အတြက္ ရင္ခုန္ေနပါတယ္” လို႕ ဆုိပါတယ္။ ကိုေပါက္ဟာ လက္ရွိမွာ ဒါရုိက္တာ တစ္ေယာက္အျဖစ္ ရုပ္ရွင္ဇာတ္ကားႀကီးေတြရုိက္ကူးလ်က္ရွိပါတယ္။



ကိုယ္ပိုင္ရုပ္ရွင္ထုတ္ရးတစ္ခုျဖစ္တဲ့ ေသာ္ဝန္းၾကာျဖဴ ရုပ္ရွင္ထုတ္လုပ္ေရး အတြက ္ဇာတ္ကားေတြ ရိုက္ေနသလို မၾကာခင္မွာလည္း ထုတ္ လုပ္ေရးရဲ႕ ဒုတိယေျမာက္ ရုပ္ရွင္ဇာတ္ကားႀကီး ျဖစ္တဲ့ ” အသည္းေလးေတြ ေပးပါ” ရုပ္ရွင္ဇာတ္ကားႀကီးကုိ ရုံတင္ျပသႏုိင္ ဖို႕အတြက္ ႀကိဳးစားလ်က္ရွိပါတယ္။ ေသာ္ဝန္းၾကာျဖဴရုပ္ရွင္ ထုတ္ လုပ္ေရးရဲ႕ ပထမဆုံး ရုပ္ရွင္ဇာတ္ကားႀကီးျဖစ္တဲ့ ဆယ္လီရုပ္ရွင္ဇာတ္ကားႀကီးကလည္း ပရိသတ္အႀကိဳက္နဲ႔ ထပ္တူက်ခဲ့ပါတယ္။

Credit: Duwun

Unicode Version

နိုင်ငံတကာ ရုပ်ရှင်ပွဲတော်တွေမှာ ဆုတွေ ရထားတဲ့ ဂျပန်မင်းသမီးနဲ့ ဂျပန်မြန်မာချစ်ကြည်ရေး ဇာတ်ကားမျိုး ရိုက်ကူးဖို့ ပြင်ဆင်နေတာပါ။ လက်ရှိမှာ ဂျပန်ရောက်နေပြီး သူ့ရဲ့ အိပ်မက်တွေ အကောင်အထည်ဖော်ဖို့ ကြိုးစားနေတယ်လို့ ဆိုပါတယ်။

လက်ရှိမှာ အောင်မြင်နေတဲ့ Lady Boy ရုပ်ရှင်ဇာတ်ကားကြီးကို ပုံဖော်ရိုက်ကူးထားတဲ့ ဒါရိုက်တာ ကိုပေါက်က ထိုင်းမြန်မာ ချစ်ကြည်ရေး ဇာတ်ကားရိုက်ကူးပြီးနောက်မှာ ဂျပန်နဲ့ ရုပ်ရှင်ဇာတ်ကားရိုက်ကူးဖို့ ပြင်ဆင်နေပါတယ်။ ဂျပန်-မြန်မာ ရုပ်ရှင်ဇာတ်ကားရိုက်ကူးဖို့ အိပ်မက်ဟာ သူ့မှာအစကတည်းက ရှိခဲ့ပြီး အခု အဲဒီ အိပ်မက်ကို အကောင်အထည်ဖော်နိုင်တော့မယ်လို့ ဆိုပါတယ်။

“ဒီခရီးစဉ်ဟာ ဂျပန် နဲ့ မြန်မာ ထပ်ပေါင်းဖို့ကြိုးစားခဲ့တဲ့ ခရီးစဉ်ပါ။ တစ်ခါက ဝေးလံခေါင်သီပြီး မီးမရှိဘဲ ကားဆိုလို့တစ်ပတ်နေမှ မာစတာဂျစ်တစ်စီးသာမြင်ရတဲ့နေရာက စာမတော်တဲ့ လူငယ်တစ်ကောင်။ ဖားရှာ ငါးရှာပြီး gas မီးခြစ်ထည့် ရခိုင်မုန့်တီရောင်း သစ်စက်မှာအကြမ်းလုပ် ဂျင်းဘောင်းဘီဝယ်ဝတ်ချင်လို့ ရေမြောင်းတူး ပဲ့ဒေါင်မောင်းခဲ့ရတဲ့ ခပ်ဆိုးဆိုး ဂျစ်ကန်ကန် လူငယ်တစ်ကောင်။ အဲ့ဒီကောင်က ကျွန်တော်ဆိုရင် အရင်က ကျွန်တော့အိပ်မက်တွေက အိပ်မက်ထဲမှာပဲရှိနေခဲ့ပါတယ်။ တစ်ခါက နံပါတ်ပြားလှီးတဲ့ဘဝ ဆိုင်းဘုတ်ရေးတဲ့ဘဝ အရောင်းစာရေးဘဝ မော်ဒယ်လျှောက် တဲ့ဘဝ Dj ကိုပေါက်ဘဝ ဇာတ်ညွှန်းဆရာမင်းသခင်ဘဝ မင်းသားသူငယ်ချင်းသရုပ်ဆောင်ဘဝ အဓိကဇာတ်ပို့ဘဝ ဒါရိုက်တာဘဝနဲ့ ဘဝပေါင်းများစွာကူးခတ်ရုန်းကန်ခဲ့ရာ ကာလတလျှောက် အခုတော့ ကျွန်တော့အိပ်မက်တွေ အကောင်အထည်ပေါ်လာအောင် အကောင်အထည်ဖေါ်နိုင်ခဲ့ပါပြီ” ဆိုပြီး ဇွန်လ(၁၂) ရက်နေ့က ရေးသားထားတာတွေ့ရပါတယ်။

ဂျပန်- မြန်မာ ချစ်ကြည်ရေးအတွက် ဝတ္ထုဟာ တခြား ဒါရိုက်နောက် ပါသွားခဲ့ပေမယ့် သူ့ရဲ့ အိပ်မက်တွေကတော့ ရပ်မသွားခဲ့ပါဘူးတဲ့။ လွန်ခဲ့တဲ့ (၂)နှစ်က စိတ်ကူးယဉ်ခဲ့တာတွေကဟာ ဒီနေ့မှာ အကောင်အထည်ဖော်နေပါပြီဆိုပြီး ပြောထားပါတယ်။

“ရီစရာတွေ မောစရာတွေ နှစ်နိုင်ငံရဲ့လေးစားစရာ ချစ်ခင်စရာ စရိုက်တွေ လွမ်းစရာတွေ အားရအတုယူစရာတွေ စိတ်ခွန်အားရစရာတွေနဲ့ နောက်တစ်ခါထပ်တွေ့ရမယ် ကျွန်တော့ရုပ်ရှင်အတွက် ရင်ခုန်နေပါတယ်” လို့ ဆိုပါတယ်။ ကိုပေါက်ဟာ လက်ရှိမှာ ဒါရိုက်တာ တစ်ယောက်အဖြစ် ရုပ်ရှင်ဇာတ်ကားကြီးတွေရိုက်ကူးလျက်ရှိပါတယ်။
ကိုယ်ပိုင်ရုပ်ရှင်ထုတ်ရးတစ်ခုဖြစ်တဲ့ သော်ဝန်းကြာဖြူ ရုပ်ရှင်ထုတ်လုပ်ရေး အတွက ်ဇာတ်ကားတွေ ရိုက်နေသလို မကြာခင်မှာလည်း ထုတ် လုပ်ရေးရဲ့ ဒုတိယမြောက် ရုပ်ရှင်ဇာတ်ကားကြီး ဖြစ်တဲ့ ” အသည်းလေးတွေ ပေးပါ” ရုပ်ရှင်ဇာတ်ကားကြီးကို ရုံတင်ပြသနိုင် ဖို့အတွက် ကြိုးစားလျက်ရှိပါတယ်။ သော်ဝန်းကြာဖြူရုပ်ရှင် ထုတ် လုပ်ရေးရဲ့ ပထမဆုံး ရုပ်ရှင်ဇာတ်ကားကြီးဖြစ်တဲ့ ဆယ်လီရုပ်ရှင်ဇာတ်ကားကြီးကလည်း ပရိသတ်အကြိုက်နဲ့ ထပ်တူကျခဲ့ပါတယ်။

Credit: Duwun

Recent Updates

Recent Posts Widget