စစ္ေရွာင္မ်ားပါ၀င္သည့္ကခ်င္စစ္ေဘး (၈)ႏွစ္ျပည့္အထိမ္းအမွတ္ျပဇာတ္ကို ျမစ္ႀကီးနားၿမိဳ႕လယ္၌ တင္ဆက္ျပသ
စစ္ေရွာင္မ်ားပါ၀င္သည့္ကခ်င္စစ္ေဘး (၈)ႏွစ္ျပည့္အထိမ္းအမွတ္ျပဇာတ္ကို ျမစ္ႀကီးနားၿမိဳ႕လယ္၌ တင္ဆက္ျပသ
တပ္မေတာ္ႏွင့္ ကခ်င္ လက္နက္ကိုင္အဖဲြ႕ (KIA)တုိ႔အ ၾကား တစ္ေက်ာ့ျပန္စစ္ပဲြျဖစ္ပြား မႈ (၈)ႏွစ္ျပည့္သည့္ ဇြန္လ ၉ ရက္ တြင္ စစ္ေရွာင္မ်ားကိုယ္တုိင္ ပါ ၀င္သည့္ ကခ်င္စစ္ေဘး (၈) ႏွစ္ ျပည့္အထိမ္းအမွတ္ ျပဇာတ္ကို ျမစ္ႀကီးနားၿမိဳ႕လယ္၌ တင္ဆက္ ျပသခဲ့သည္။အဆုိပါျပဇာတ္ကို ကခ်င္ လူငယ္အဖဲြ႕က ဦးေဆာင္ကျပ ျခင္းျဖစ္သည္။ စစ္ပဲြေၾကာင့္ အ ရပ္သားျပည္သူမ်ား ေသဆုံးထိ ခိုက္ရသည့္ ျမင္ကြင္းမ်ားကို သ႐ုပ္ေဖာ္ျပသၿပီး စစ္ပဲြမ်ား ထပ္မံမျဖစ္ပြားရန္၊ ေဒသခံျပည္သူမ်ား လုံၿခံဳစြာေနထိုင္ခြင့္ရရန္၊ စစ္ေဘးေရွာင္မ်ား ဂုဏ္သိကၡာရွိစြာ ေနရပ္ျပန္ႏုိင္ရန္တို႔ကို ေတာင္း ဆိုခဲ့သည္။
ထုိ႔ျပင္ စစ္ေဘးဒုကၡ ကိုယ္ တုိင္ႀကံဳေတြ႕ ရသူမ်ားကိုလည္း ေမးခြန္းေမးျမန္းျခင္း အစီအစဥ္ ကို ျပဇာတ္တြင္ ထည့္သြင္းေဖာ္ ျပခဲ့သည္။ လူငယ္တစ္ဦးအား အ လုပ္အကုိင္ အဆင္ေျပျခင္းရွိ၊ မရွိ ေမးျမန္းရာ အဆုိပါလူငယ္က ေန႔စားဟုေခၚေသာ က်ပန္းအလုပ္ကို လုပ္ကိုင္စားေသာက္ရ ေၾကာင္း၊ ထုိသို႔လုပ္ကိုင္ရာတြင္ ေခါင္းပုံျဖတ္ခံရမႈမ်ားရွိေၾကာင္း ေျဖၾကားသည္။အျပင္ကလူေတြကို တစ္ ေသာင္းေပးတယ္ဆိုရင္ ကြၽန္ ေတာ္တို႔ စစ္ေရွာင္ကလူေတြကို ငါးေထာင္ ဒီလုိေခါင္းပုံျဖတ္ျခင္း ခံေနရပါတယ္’’ဟု အဆုိပါလူငယ္ကဆုိသည္။
ေနရပ္ျပန္လိုျခင္း ရွိ၊ မရွိ ေမးျမန္းရာ ယင္းလူငယ္က ‘‘အ ခန္းက်ဥ္းက်ဥ္းေလးမွာ တစ္စကၠန္႔ေတာင္ မေနခ်င္ဘူး။ ကိုယ့္ရဲ႕ ရပ္ ရြာ၊ ကိုယ့္ရဲ႕ေဒသကို ျပန္ခ်င္တာ ေပါ့။ အခု စစ္ေရွာင္ဆိုရင္ ဒီေန႔ ဆုိရင္ (၈)ႏွစ္ျပည့္ၿပီ ျဖစ္တယ္။ ေနာက္တစ္ခါ ဒီလုိစစ္ေရွာင္မျဖစ္ ရေအာင္ လူ႔ဂုဏ္သိကၡာႏွင့္အညီ ျပန္ခ်င္ပါတယ္’’ဟု ေျဖၾကား သည္။ေက်ာင္းသားတစ္ဦးအား ေက်ာင္းတြင္ အဆင္ေျပသလားဟု ေမးျမန္းရာ ေက်ာင္းတြင္ အႏွိမ္ခံရေၾကာင္း ငိုယုိေျဖၾကားသည္။သူငယ္ခ်င္းကလည္း ႏွိမ္တယ္။ မင္းက စစ္ေျပးပဲတဲ့။ ေက်ာင္းမွာ မင္းနဲ႔မေပါင္းခ်င္ဘူးတဲ့။ ဒီစစ္ေျပးဆိုတဲ့ စကားလုံးကို ဘာလို႔ အဲဒီေလာက္ႏွိမ္ရတာလဲ။ စစ္ေျပးဆိုေတာ့ သူမ်ားလိုက်ဴရွင္လည္း မတက္ႏုိင္ဘူး။ အေဖလည္းမရွိဘူး၊ အေမတစ္ေယာက္နဲ႔ပဲ စီးပြားေရးအဆင္လည္း မေျပဘူး။ ကြၽန္ေတာ့္စိတ္နဲ႔ဆို ကြၽန္ေတာ္ေက်ာင္းေတာင္ ထြက္ခ်င္တာပဲ’’ဟု အဆုိပါ ေက်ာင္းသားက ငိုယုိေျဖၾကား သည္။
လူလတ္ပိုင္းအမ်ဳိးသားတစ္ ဦးအား စစ္ေရွာင္စခန္းသို႔ မည္သုိ႔ ေရာက္ရွိလာပုံကို ေမးျမန္းရာ ၎အမ်ဳိးသားက ၎တို႔မိသားစုအေနျဖင့္ စစ္ေျပးဘ၀ မေရာက္မီက ေပ်ာ္ရႊင္ဖြယ္ရာ မိသားစုျဖစ္သည္ ဟု ေျပာၾကားသည္။ဒါေပမဲ့ ကြၽန္ေတာ္တို႔ စစ္ ေျပးခ်ိန္မွာ လမ္းမွာ ကြၽန္ေတာ္တို႔ ေျပာရမယ္ဆုိရင္ ကြၽန္ေတာ္တို႔ က မထင္မွတ္ဘဲ လမ္းတစ္၀က္ မွာ ဘယ္အဖဲြ႕အစည္းက မသိဘူးမုိင္းကမိတယ္။ မိုင္းဗုံးေပါက္လုိ႔ကြၽန္ေတာ္တုိ႔ သားအဖႏွစ္ေယာက္ ထိခိုက္ဒဏ္ရာရတာ ကြၽန္ေတာ့္သားက ဆုံးသြားတာ။ ကြၽန္ေတာ္ သတိရလာတဲ့အခါမွာ ကြၽန္ေတာ့္သားက ဆုံးၿပီဆိုမွပဲ ကြၽန္ေတာ္လည္း အခုအခ်ိန္ ဒုကၡိတဘ၀ျဖစ္ေနတာ။ ကြၽန္ေတာ့္ အမ်ဳိးသမီးလည္း စိတ္ေ၀ဒနာနဲ႔ ကြၽန္ေတာ့္အမ်ဳိးသမီးက ဒီေ၀ဒနာတစ္ပိုင္းနဲ႔ က်န္တဲ့ ကြၽန္ေတာ္တို႔ သားအဖေတြကို သူပဲလုပ္ေကြၽးတာ။ ကြၽန္ေတာ္တို႔က စား၀တ္ေနေရးလည္း အဆင္မေျပဘူး။ ကြၽန္ေတာ္ အိမ္ေထာင္ဦးစီးတစ္ဦးျဖစ္ပါတယ္။ ဒါေပမဲ့ ကြၽန္ေတာ္ ဘာမွမတတ္ႏုိင္ဘူး’’ ဟု ၎အမ်ဳိးသားက ငိုယုိရင္း ေျဖၾကားသည္။
အမ်ဳိးသမီးငယ္တစ္ဦးကို လည္း စစ္ေၾကာင့္ အခက္အခဲ ႀကံဳခဲ့ရပုံမ်ားကို ေမးျမန္းရာ ၎ အေနျဖင့္ ကိုယ္၀န္အရင့္အမာ ျဖစ္ေနခ်ိန္တြင္ စစ္ေျပးဘ၀ေရာက္ခဲ့ေၾကာင္း၊ ကိုယ္၀န္လည္း လမေစ့ဘဲ ေမြးဖြားခဲ့ရေၾကာင္း၊ အဆုိပါသားငယ္သည္ပင္ (၈)ႏွစ္အရြယ္သို႔ ေရာက္ေနၿပီျဖစ္ ေၾကာင္း၊ သက္ဆုိင္ရာအစိုးရအေနျဖင့္ စစ္ေရွာင္မ်ားအား အျမန္ဆုံးေနရပ္ျပန္ႏုိင္ေရး ေဆာင္ရြက္ေပးရန္ ေတာင္းဆိုလို ေၾကာင္း ေျဖၾကားသည္။အဆုိပါျပဇာတ္တြင္ ပါ၀င္ သူမ်ားအနက္ ဒုကၡိတျဖစ္ေန၍ မလာႏုိင္သူမ်ားမွအပ က်န္လူမ်ားသည္ စစ္ေၾကာင့္ အခက္အခဲမ်ား ကိုယ္တုိင္ႀကံဳေတြ႕ေနရသူမ်ားျဖစ္ေၾကာင္း ျပဇာတ္ျဖစ္ေျမာက္ေရး တာ၀န္ယူေဆာင္ရြက္သည့္ ကခ်င္လူငယ္ မဆုိင္း ႏူးပန္က ေျပာၾကားသည္။
‘‘တကယ့္အေျခအေနကို ေဖာ္ျပတာပါ။ စစ္ပဲြမွာ မုိင္းမိလုိ႔ ေျခေထာက္ျပတ္သြားတဲ့ လူေတြ က်ေတာ့ မသြားႏုိင္လုိ႔ လူစားထုိး ၿပီး လုပ္ခဲ့တဲ့ ျပဇာတ္ျဖစ္တယ္။ အဲဒီျပႆနာေတြ အကုန္လုံးက တကယ္တမ္းျဖစ္တဲ့ ျဖစ္ရပ္မွန္ ေတြကို လုပ္ထားတာ ျဖစ္တယ္’’ ဟု ၎ကေျပာသည္။အဆုိပါျပဇာတ္ ကျပရန္ သက္ဆုိင္ရာသို႔ ခြင့္ျပဳမိန္႔တင္ျပေသာ္လည္း ျပဇာတ္တင္ဆက္ေနစဥ္ ရဲတပ္ဖဲြ႕တာ၀န္ရွိသူမ်ားႏွင့္ ေဒသအာဏာပိုင္တုိ႔က လာေရာက္တားျမစ္ခဲ့ေၾကာင္း၊ သို႔ရာတြင္ ျပဇာတ္ကို ဆက္လက္တင္ဆက္ခဲ့ေၾကာင္း မဆုိင္းႏူးပန္ က ေျပာသည္။
တပ္မေတာ္ႏွင့္ KIA တုိ႔ တုိက္ပဲြျဖစ္ပြားမႈ (၈) ႏွစ္ျပည့္ အ ထိမ္းအမွတ္ဆုေတာင္းပဲြကို ဇြန္ လ ၈ ရက္ကလည္း ျမစ္ႀကီးနားၿမိဳ႕ရွိ မေနာကြင္း၌ က်င္းပရာ စစ္ေရွာင္မ်ား အပါအ၀င္ လူတစ္ေထာင္ေက်ာ္ တက္ေရာက္ခဲ့ၿပီး ေနရပ္ျပန္ႏုိင္ျခင္း မရွိေသးမီ စစ္ေရွာင္မ်ားအား ကူညီေထာက္ပံ့မႈထိေရာက္စြာ ေဆာင္ရြက္ေပးရန္ ေတာင္းဆုိခဲ့သည္။
Credit 7DaysDailyNews
Unicode
တပ်မတော်နှင့် ကချင် လက်နက်ကိုင်အဖွဲ့ (KIA)တို့အ ကြား တစ်ကျော့ပြန်စစ်ပွဲဖြစ်ပွား မှု (၈)နှစ်ပြည့်သည့် ဇွန်လ ၉ ရက် တွင် စစ်ရှောင်များကိုယ်တိုင် ပါ ၀င်သည့် ကချင်စစ်ဘေး (၈) နှစ် ပြည့်အထိမ်းအမှတ် ပြဇာတ်ကို မြစ်ကြီးနားမြို့လယ်၌ တင်ဆက် ပြသခဲ့သည်။အဆိုပါပြဇာတ်ကို ကချင် လူငယ်အဖွဲ့က ဦးဆောင်ကပြ ခြင်းဖြစ်သည်။ စစ်ပွဲကြောင့် အ ရပ်သားပြည်သူများ သေဆုံးထိ ခိုက်ရသည့် မြင်ကွင်းများကို သရုပ်ဖော်ပြသပြီး စစ်ပွဲများ ထပ်မံမဖြစ်ပွားရန်၊ ဒေသခံပြည်သူများ လုံခြုံစွာနေထိုင်ခွင့်ရရန်၊ စစ်ဘေးရှောင်များ ဂုဏ်သိက္ခာရှိစွာ နေရပ်ပြန်နိုင်ရန်တို့ကို တောင်း ဆိုခဲ့သည်။
ထို့ပြင် စစ်ဘေးဒုက္ခ ကိုယ် တိုင်ကြုံတွေ့ ရသူများကိုလည်း မေးခွန်းမေးမြန်းခြင်း အစီအစဉ် ကို ပြဇာတ်တွင် ထည့်သွင်းဖော် ပြခဲ့သည်။ လူငယ်တစ်ဦးအား အ လုပ်အကိုင် အဆင်ပြေခြင်းရှိ၊ မရှိ မေးမြန်းရာ အဆိုပါလူငယ်က နေ့စားဟုခေါ်သော ကျပန်းအလုပ်ကို လုပ်ကိုင်စားသောက်ရ ကြောင်း၊ ထိုသို့လုပ်ကိုင်ရာတွင် ခေါင်းပုံဖြတ်ခံရမှုများရှိကြောင်း ဖြေကြားသည်။အပြင်ကလူတွေကို တစ် သောင်းပေးတယ်ဆိုရင် ကျွန် တော်တို့ စစ်ရှောင်ကလူတွေကို ငါးထောင် ဒီလိုခေါင်းပုံဖြတ်ခြင်း ခံနေရပါတယ်’’ဟု အဆိုပါလူငယ်ကဆိုသည်။
နေရပ်ပြန်လိုခြင်း ရှိ၊ မရှိ မေးမြန်းရာ ယင်းလူငယ်က ‘‘အ ခန်းကျဉ်းကျဉ်းလေးမှာ တစ်စက္ကန့်တောင် မနေချင်ဘူး။ ကိုယ့်ရဲ့ ရပ် ရွာ၊ ကိုယ့်ရဲ့ဒေသကို ပြန်ချင်တာ ပေါ့။ အခု စစ်ရှောင်ဆိုရင် ဒီနေ့ ဆိုရင် (၈)နှစ်ပြည့်ပြီ ဖြစ်တယ်။ နောက်တစ်ခါ ဒီလိုစစ်ရှောင်မဖြစ် ရအောင် လူ့ဂုဏ်သိက္ခာနှင့်အညီ ပြန်ချင်ပါတယ်’’ဟု ဖြေကြား သည်။ကျောင်းသားတစ်ဦးအား ကျောင်းတွင် အဆင်ပြေသလားဟု မေးမြန်းရာ ကျောင်းတွင် အနှိမ်ခံရကြောင်း ငိုယိုဖြေကြားသည်။သူငယ်ချင်းကလည်း နှိမ်တယ်။ မင်းက စစ်ပြေးပဲတဲ့။ ကျောင်းမှာ မင်းနဲ့မပေါင်းချင်ဘူးတဲ့။ ဒီစစ်ပြေးဆိုတဲ့ စကားလုံးကို ဘာလို့ အဲဒီလောက်နှိမ်ရတာလဲ။ စစ်ပြေးဆိုတော့ သူများလိုကျူရှင်လည်း မတက်နိုင်ဘူး။ အဖေလည်းမရှိဘူး၊ အမေတစ်ယောက်နဲ့ပဲ စီးပွားရေးအဆင်လည်း မပြေဘူး။ ကျွန်တော့်စိတ်နဲ့ဆို ကျွန်တော်ကျောင်းတောင် ထွက်ချင်တာပဲ’’ဟု အဆိုပါ ကျောင်းသားက ငိုယိုဖြေကြား သည်။
လူလတ်ပိုင်းအမျိုးသားတစ် ဦးအား စစ်ရှောင်စခန်းသို့ မည်သို့ ရောက်ရှိလာပုံကို မေးမြန်းရာ ၎င်းအမျိုးသားက ၎င်းတို့မိသားစုအနေဖြင့် စစ်ပြေးဘ၀ မရောက်မီက ပျော်ရွှင်ဖွယ်ရာ မိသားစုဖြစ်သည် ဟု ပြောကြားသည်။ဒါပေမဲ့ ကျွန်တော်တို့ စစ် ပြေးချိန်မှာ လမ်းမှာ ကျွန်တော်တို့ ပြောရမယ်ဆိုရင် ကျွန်တော်တို့ က မထင်မှတ်ဘဲ လမ်းတစ်၀က် မှာ ဘယ်အဖွဲ့အစည်းက မသိဘူးမိုင်းကမိတယ်။ မိုင်းဗုံးပေါက်လို့ကျွန်တော်တို့ သားအဖနှစ်ယောက် ထိခိုက်ဒဏ်ရာရတာ ကျွန်တော့်သားက ဆုံးသွားတာ။ ကျွန်တော် သတိရလာတဲ့အခါမှာ ကျွန်တော့်သားက ဆုံးပြီဆိုမှပဲ ကျွန်တော်လည်း အခုအချိန် ဒုက္ခိတဘ၀ဖြစ်နေတာ။ ကျွန်တော့် အမျိုးသမီးလည်း စိတ်ေ၀ဒနာနဲ့ ကျွန်တော့်အမျိုးသမီးက ဒီေ၀ဒနာတစ်ပိုင်းနဲ့ ကျန်တဲ့ ကျွန်တော်တို့ သားအဖတွေကို သူပဲလုပ်ကျွေးတာ။ ကျွန်တော်တို့က စား၀တ်နေရေးလည်း အဆင်မပြေဘူး။ ကျွန်တော် အိမ်ထောင်ဦးစီးတစ်ဦးဖြစ်ပါတယ်။ ဒါပေမဲ့ ကျွန်တော် ဘာမှမတတ်နိုင်ဘူး’’ ဟု ၎င်းအမျိုးသားက ငိုယိုရင်း ဖြေကြားသည်။
အမျိုးသမီးငယ်တစ်ဦးကို လည်း စစ်ကြောင့် အခက်အခဲ ကြုံခဲ့ရပုံများကို မေးမြန်းရာ ၎င်း အနေဖြင့် ကိုယ်၀န်အရင့်အမာ ဖြစ်နေချိန်တွင် စစ်ပြေးဘ၀ရောက်ခဲ့ကြောင်း၊ ကိုယ်၀န်လည်း လမစေ့ဘဲ မွေးဖွားခဲ့ရကြောင်း၊ အဆိုပါသားငယ်သည်ပင် (၈)နှစ်အရွယ်သို့ ရောက်နေပြီဖြစ် ကြောင်း၊ သက်ဆိုင်ရာအစိုးရအနေဖြင့် စစ်ရှောင်များအား အမြန်ဆုံးနေရပ်ပြန်နိုင်ရေး ဆောင်ရွက်ပေးရန် တောင်းဆိုလို ကြောင်း ဖြေကြားသည်။အဆိုပါပြဇာတ်တွင် ပါ၀င် သူများအနက် ဒုက္ခိတဖြစ်နေ၍ မလာနိုင်သူများမှအပ ကျန်လူများသည် စစ်ကြောင့် အခက်အခဲများ ကိုယ်တိုင်ကြုံတွေ့နေရသူများဖြစ်ကြောင်း ပြဇာတ်ဖြစ်မြောက်ရေး တာ၀န်ယူဆောင်ရွက်သည့် ကချင်လူငယ် မဆိုင်း နူးပန်က ပြောကြားသည်။
‘‘တကယ့်အခြေအနေကို ဖော်ပြတာပါ။ စစ်ပွဲမှာ မိုင်းမိလို့ ခြေထောက်ပြတ်သွားတဲ့ လူတွေ ကျတော့ မသွားနိုင်လို့ လူစားထိုး ပြီး လုပ်ခဲ့တဲ့ ပြဇာတ်ဖြစ်တယ်။ အဲဒီပြဿနာတွေ အကုန်လုံးက တကယ်တမ်းဖြစ်တဲ့ ဖြစ်ရပ်မှန် တွေကို လုပ်ထားတာ ဖြစ်တယ်’’ ဟု ၎င်းကပြောသည်။အဆိုပါပြဇာတ် ကပြရန် သက်ဆိုင်ရာသို့ ခွင့်ပြုမိန့်တင်ပြသော်လည်း ပြဇာတ်တင်ဆက်နေစဉ် ရဲတပ်ဖွဲ့တာ၀န်ရှိသူများနှင့် ဒေသအာဏာပိုင်တို့က လာရောက်တားမြစ်ခဲ့ကြောင်း၊ သို့ရာတွင် ပြဇာတ်ကို ဆက်လက်တင်ဆက်ခဲ့ကြောင်း မဆိုင်းနူးပန် က ပြောသည်။
တပ်မတော်နှင့် KIA တို့ တိုက်ပွဲဖြစ်ပွားမှု (၈) နှစ်ပြည့် အ ထိမ်းအမှတ်ဆုတောင်းပွဲကို ဇွန် လ ၈ ရက်ကလည်း မြစ်ကြီးနားမြို့ရှိ မနောကွင်း၌ ကျင်းပရာ စစ်ရှောင်များ အပါအ၀င် လူတစ်ထောင်ကျော် တက်ရောက်ခဲ့ပြီး နေရပ်ပြန်နိုင်ခြင်း မရှိသေးမီ စစ်ရှောင်များအား ကူညီထောက်ပံ့မှုထိရောက်စွာ ဆောင်ရွက်ပေးရန် တောင်းဆိုခဲ့သည်။
Credit 7DaysDailyNews


