အက်ရှင်မင်းသားကြီး Tom Cruise ကို UFC ထိုးသတ်ဖို့ စိန်ခေါ်လိုက်တဲ့ Justin Bieber
ပြီးခဲ့တဲ့ နှစ်တွေကတည်းက ဆယ်လီဘရစ်တီတွေ အချင်းချင်း ဖြစ်ကျတဲ့ ရန်ပွဲတွေဟာ ပရိသတ်တွေရဲ့စိတ်ဝင်စားမှုကို ရရှိခဲ့ကြပါတယ်။ Mariah Carey နဲ့ Jennifer Lopez ၊ Nicki Minaj နဲ့ Cardi B ၊ Taylor Swift နဲ့ Katy Perry ၊ Machine Gun Kelly နဲ့ Eminem အစရှိတဲ့ အနုပညာရှင်း အချင်းချင်း ဖြစ်ကြတဲ့ ရန်ပွဲတွေဟာ ပရိသတ်တွေအကြား အထူးရေပန်းစားခဲ့ပါတယ်။ အခု နောက်ဆုံး battle အဖြစ် ပရိသတ်တွေကြည့်ရှုရမှာတော့ ကမ္ဘာကျော် ပေါ့ပ်အဆိုတော် Justin Bieber နဲ့ အက်ရှင်မင်းသားကြီး Tom Cruise တို့ရဲ့ ပွဲပါ။
ဒီရန်ပွဲကတော့ အဆိုတော် Justin Bieberရဲ့ twitter မှာရေးသားခဲ့တဲ့ ပို့စ်တစ်ခုကနေ စတင်ခဲ့ပါတယ်။ Justin Bieber ရဲ့ ပို့စ်မှာတော့ အမေရိကန် အက်ရှင်မင်းသားကြီး Tom Cruise ကို UFC ကြိုးဝိုင်းထဲမှာ တစ်ဦးချင်း ထိုးသတ်ဖို့ ဖိတ်ခေါ်ခဲ့တာ ဖြစ်ပြီး သူရဲ့ပို့စ်ဟာ တစ်ခဏချင်းအတွင်းမှာပဲ ဟိုးလေတစ်ကျော် ဖြစ်သွားခဲ့ပါတယ်။
Justin Bieber က ” ကျွန်တော် Tom Cruise နဲ့ octagon (ကြိုးဝိုင်း) ထဲမှာ ထိုးသတ်ဖို့ စိန်ခေါ်ပါတယ်။ တကယ်လို့ ကြောက်နေရင်တော့ ဒီပွဲကို လက်မခံပါနဲ့။ ဒီပွဲကို ဘယ်သူ လိုလိုလားလားရှိသလဲ ? ” လို့ twitter မှာရေးသားခဲ့တာ ဖြစ်ပါတယ်။ Justin Bieber ရဲ့ ယခုလို ရန်ငြိုးရန်စမရှိပဲ ထူးထူးခြားခြား စိန်ခေါ်မှုကိုတော့ ပရိသတ်တွေက အံ့အားသင့်နေကြပြီး ဘာ့ကြောင့် Tom Cruise ကို သွားစိန်ခေါ်ခဲ့သလဲဆိုတာ နားမလည်နိုင် ဖြစ်ခဲ့ရပါတယ်။
ဒါဟာ တကယ့်ကို ဘက်ညီမျှတဲ့ ပွဲတစ်ပွဲ ဖြစ်လာမှာ မဟုတ်ပါဘူး။ ဘာ့ကြောင့်လဲဆိုတော့ Justin Bieber ထက် Tom Cruise ဟာ အသက် နှစ်ဆကျော်ကြီးသူဖြစ်ပြီး အက်ရှင်ဇာတ်ကားများ ရိုက်ကူးနိုင်ဖို့ အထူးလေ့ကျင့်မှုများ ပြုလုပ်ထားသြူုဖစ်ပါတယ်။ Mission: Impossible လို ကမ္ဘာကျော် အက်ရှင်ဇာတ်ကားတွေကို ရိုက်ကူးထားခဲ့တဲ့ Tom Cruise ဟာ ငယ်ဂုဏ်ကလွဲပြီး ကျန်တဲ့ လက်ရုံးရည်ပိုင်းမှာ ယှဉ်နိုင်ဖို့မရှိတဲ့ Justin Bieber ကို အလွယ်တကူ အနိုင်ယူသွားလိမ့်မယ်လို့ ပရိသတ်တွေက ခန့်မှန်းနေကြပါတယ်။
UFC လောကမှာ နာမည်တစ်လုံးရထားတဲ့ Conor McGregor ကလည်း ” Tom Cruise သာ Justin Bieberရဲ့ စိန်ခေါ်မှုကို လက်ခံပြီး ပွဲဖြစ်ခဲ့မယ်ဆိုရင် ကျွန်တော့်ရဲ့ McGregor Sports and Entertainment ကနေပြီး အခမ်းနားဆုံးဖြစ်အောင် ပွဲကို ကျင်းပပေးသွားမယ်လို့ Twitter ပေါ်မှာ ထပ်မံရေးသားသွားခဲ့ပါတယ်။ Justin Bieber သပ်သပ် စတန့်ထွင်တာပဲလား။ တကယ်ကြီး Tom Cruise နဲ့ ကြိုးဝိုင်းထဲမှာ မြင်တွေ့ရမလားဆိုတာကတော့ ဆက်လက် စောင့်ကြည့်သွားရမှာ ဖြစ်ပါတယ်။
REF : sport bible
HYA (momolay)
Credit \ original





