“လူတစ်ယောက်ရဲ့ ဖြစ်တည်မှုက သင့်အတွက် ရယ်စရာဟာသမဟုတ်ပါဘူး” ဆိုတဲ့ ချမ်းမြေ့မောင်ချို
ချမ်းမြေ့မောင်ချို က မြန်မာအိုင်ဒေါ Season 3 ရဲ့ပြိုင်ပွဲဝင်တစ်ဦးဖြစ်ပြီးတော့ First Runner-up ဆုရှင်လေးလည်းဖြစ်ပါတယ်။ အပြုံးချိုချိုလေးတွေနဲ့ ပရိသတ်ရောဒိုင်တွေကပါ အားပေးချစ်ခင်မှုကိုပါ ရရှိထားတဲ့ ချမ်းမြေ့မောင်ချိုက လတ်တလော လူမှုကွန်ယက် မှာ နာမည်ကြီးနေတဲ့ LGBT ကောင်လေးသေဆုံးမှု နဲ့ပတ်သက်ပြီးပြောထားတဲ့အကြောင်း ကို မိုမိုလေးရဲ့ ချစ်ပရိသတ်တွေ အတွက် ဖော်ပြပေးလိုက်ပါတယ်နော်။
လတ်တလော လူမှုကွန်ယက်မှာ ကိုယ့်ကိုသတ်သေသွားတဲ့ LGBT ကောင်လေးနဲ့ ပတ်သက်တဲ့ သတင်းဟာဆိုရင် မြန်မာတစ်နိုင်ငံလုံးအနေနဲ့ အရမ်းကို နာမည်ကြီးနေတာပါ။ အနုပညာအသိုင်းအ၀ိုင်းမှာလည်း ဒီသေဆုံးမှု နဲ့ ပတ်သက်ပြီး အနုပညာရှင်တွေက သေဆုံးသူကောင်လေးအတွက် စိတ်မကောင်းဖြစ်ရကြောင်းနဲ့ ဖိအားပေး လှောင်ပြောင်သူတွေကို ကိုယ်ချင်းစာကြဖို့ပြောထားတာတွေ တွေ့ရပါတယ်။ ချမ်းမြေ့မောင်ချို ကလည်း သေဆုံးသွားတဲ့ ကောင်လေးနဲ့ ပတ်သက်ပြီး ခုလိုပြောထားပါတယ်။
” လူတစ်ယောက်ရဲ့ ဖြစ်တည်မှုက သင့်အတွက် ရယ်စရာဟာသမဟုတ်ပါဘူး .. ရယ်ချင်ရင် ဟာသကားသွားကြည့်ကြပါ လူတစ်ယောက်ရဲ့ဘဝ က သင်တို့ကြည့်နေကျ ဟာ သကားမဟုတ်ဘူး လူတစ်ယောက်ရဲ့ ဖြစ်တည်မှုကို
လှောင်ပြောင်ပြောဆိုရလောက်အောင် ရှင်တို့ရဲ့ စိတ်ဓာတ်က တော်တော် ချို့တည့်နေပီလား အာ့ဆိုရင် တော့ ရှင်တို့တော်တော်သနားဖို့ကောင်းတာပဲ :((( 🏳️🌈 someone’s life is not a joke or a comedy show 🏳️🌈” ဆိုပြီး မောင်ချိုလေးက ပြောထားပါတယ်။
လူတစ်ယောက်ရဲ့ ဖြစ်တည်မှုက ရယ်စရာဟာသမဟုတ်ပါဘူး ၊လှောင်ပြောင်စရာမဟုတ်ဘူး ဆိုပြီး မောင်ချိုလေး က ကိုယ်ချင်းစာတရားလေး ထားကြဖို့ ပြောထားပါတယ် ပရိသတ်ကြီးရေ။
ချမ်းမြေ့မောင်ချို ပြောထားတဲ့ LGBT နဲ့ ပတ်သက်ပြီး ပြောထားတဲ့ အကြောင်းကို ပရိသတ်တွေ သိရလောက်ပြီထင်ပါတယ်။ ကြည့်ရှုပေးကြတဲ့ ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်နော်။
Credit \\ original





