လမ်းမပေါ်မှာ စမ်းတဝါးဝါးနဲ့ လမ်းဖြတ်လျှောက်နေတဲ့ အမေကြီးကို အကူအညီပေးခဲ့တဲ့ မေထွဋ်ခေါင်
တစ်ချိန်က အနုပညာလောကမှာ သရုပ်ဆောင်တစ်ဦးအနေနဲ့ ပရိသတ်တွေအချစ်ပိုခဲ့ရတဲ့ မင်းသမီးတစ်ယောက်ဖြစ်တဲ့ မေထွဋ်ခေါင်ကတော့ လက်ရှိမှာ ချစ်ရတဲ့ခင်ပွန်းရယ် ချစ်စရာသမီးလေးရယ်နဲ့အတူ ပျော်ရွှင်သာယာတဲ့အိမ်ထောင်ရေးတစ်ခုကို ပိုင်ဆိုင်ထားတာပဲ ဖြစ်ပါတယ်။ ကြင်နာတတ်တဲ့ စိတ်ထားလေးကို ပိုင်ဆိုင်ထားတဲ့ မေထွဋ်ခေါင်ကတော့ လတ်တလောမှာ မီးပွိုင့်စိမ်းနေတာကိုမသိပဲ စမ်းတဝါးဝါးနဲ့ လမ်းဖြတ်လျှောက်နေတဲ့ အမေအိုကြီးတစ်ယောက်ကို သနားလို့ အကူအညီပေးခဲ့တဲ့အကြောင်း လူမှုကွန်ယက်မှာ တင်ထားတာ တွေ့ရပါတယ်။ နွမ်းပါးလွန်းတဲ့ အမယ်အိုကြီးကို ကားပေါ်တင်ပြီး သွားချင်တဲ့ နေရာကို လိုက်ပို့ပေးတဲ့ မေထွဋ်ခေါင်ကတော့ တကယ့်ကို လေးစားစရာစိတ်ဓါတ်ပိုင်ရှင်လေးပါပဲနော်။
မိုမိုလေးချစ်ပရိသတ်တွေအတွက် မီးပွိုင့်စိမ်းနေတာကို မသိပဲ လမ်းမပေါ်မှာ စမ်းတဝါးဝါးနဲ့ လမ်းဖြတ်လျှောက်နေတဲ့ အမေကြီးကို အကူအညီပေးခဲ့တဲ့ မေထွဋ်ခေါင်ရဲ့အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။
မေထွဋ်ခေါင်ကတော့ “မီးပွိုင့်ကစိမ်းနေတာကိုအမေအိုကြီးစမ်းတဝါးဝါးနဲ့ လမ်းဖြတ်လျှောက်လာတာ အော်တဲ့လူကလှမ်းအော် အဖွားကိုကြည့်ပြီးအရမ်းသနားလို့ ကျွန်မလဲမနေနိုင်တော့တာနဲ့ကားပေါ်ကပြေးဆင်း အဖွားကိုကားပေါ်တင်သွားချင်တဲ့နေရာလိုက်ပို့ ပိုက်ဆံလေးလဲလှူ အဖွားကဆုတွေလဲပြန်ပေး”ဆိုပြီး လူသားဆန်စွာ အကူအညီပေးခဲ့တဲ့ သူမရဲ့အကြောင်းကို ဝေမျှပေးထားတာပါ။
ပတ်တီးဖြေလိုက်ပြီးနောက် ပြောင်းလဲသွားတဲ့ သူ့ရဲ့မျက်နှာကို ထုတ်ပြလိုက်တဲ့ နေမင်း
အမယ်အိုကြီးကတော့ မေထွဋ်ခေါင်ကို ကျေးဇူးတွေတင်ပြီး ဆုတွေတောင် တောင်းပေးသွားသေးပါတယ်တဲ့နော်..။
လက်ရှိမှာ သမီးလေးတစ်ယောက်နဲ့ သားလေးတစ်ယောက်ရဲ့မိခင်ဖြစ်နေပြီဖြစ်တဲ့ မေထွဋ်ခေါင်ကတော့ အနုပညာလှုပ်ရှားမှုတွေ မလုပ်ဖြစ်တော့ပေမယ့်လည်း ပရိသတ်တွေရဲ့ချစ်ခင်အားပေးမှုကို အပြည့်အဝရရှိနေဆဲပါပဲ။ အရမ်းချစ်တတ်တဲ့ ခင်ပွန်းကိုလည်း ပိုင်ဆိုင်ထားတဲ့ မေထွဋ်ခေါင်ရဲ့အိမ်ထောင်ရေးကလည်း အရမ်းကို စိတ်ချမ်းသာစရာ ကောင်းလွန်းလှပါတယ်။ မိုမိုလေးချစ်ပရိသတ်တွေလည်း လမ်းမှာတွေ့တဲ့ အကူအညီမဲ့နေတဲ့ အမယ်အိုကြီးကို ပြည့်ဝတဲ့ စိတ်ထားနဲ့ ကူညီခဲ့တဲ့ မေထွဋ်ခေါင်ရဲ့စိတ်ထားလေးကို သဘောကျရင် Share သွားကြဖို့ မမေ့ပါနဲ့နော်။
Credit \\ original


