အသက်အရွယ် အမျိုးမျိုးပုံစံနဲ့ ရိုက်ကူးထားတဲ့ နေခြည်ရွှန်းလက်ရဲ့ ချစ်စရာကောင်းတဲ့ ပုံရိပ်လေးများ




ပရိသတ်တွေချစ်ကြတဲ့ မင်းသမီးချောလေး နေခြည်ရွှန်းလက်က “ပုဂံမြို့သူ”၊ “မျက်လုံးမှာအလွမ်း၊ နှုတ်ခမ်းမှာမာန” ဇာတ်လမ်းတွဲတွေနဲ့ အောင်မြင်မှုကို ရရှိခဲ့ပြီးတဲ့နောက် ပရိသတ်တွေရဲ့ အချစ်ကို ပိုင်ဆိုင်ထားခဲ့တာပဲ ဖြစ်ပါတယ်။ နေခြည်ရွှန်းလက်ရဲ့ ချစ်စရာကောင်းတဲ့ အပြုံးလေးတွေကလည်း ပရိသတ်တွေ ချစ်ကြတဲ့ အချက်တစ်ချက် ဖြစ်လာခဲ့ပါတယ်။ ချစ်စရာကောင်းတဲ့ အပြုံးပိုင်ရှင်လေး နေခြည်ရွှန်းလက်က လက်ရှိမှာလည်း ဇာတ်လမ်းတွဲတွေကို ရိုက်ကူးနေလျက်ရှိပါတယ်။

နေခြည်ရွှန်းလက်က ဒီတစ်ခောက်မှာတော့ Idea Magazine အတွက် ရိုက်ကူးထားတဲ့ သူမရဲ့ ချစ်စရာကောင်းတဲ့ ပုံရိပ်လေးတွေကို ချစ်ရတဲ့ ပရိသတ်တွေအတွက် မျှဝေပေးထားပါတယ်။


ချစ်စရာကောင်းတဲ့ နေခြည်ရွှန်းလက်ကို အရွယ်သုံးပါးပုံစံလေးနဲ့ ရိုက်ကူးထားပြီး ဆယ်ကျော်သက်ကျောင်းသူပုံစံ၊ တက္ကသိုလ်ကျောင်းသူပုံစံ၊ အရွယ်ရောက်တဲ့ အမျိုးသမီးပုံစံ စသဖြင့် ပုံစံအမျိုးမျိုး တွေ့ရပါတယ်။

နေခြည်ရွှန်းလက်က လက်ရှိမှာတော့ “အခန်းနံပါတ် ၁၈” ဆိုတဲ့ ဇာတ်လမ်းတွဲကို ကျော်ဆု၊ ဝင့်ယမုံနိုင်၊ သက်ဦးကို၊ လင်းမြတ်၊ ရန်လင်းအောင်၊ မြနှင်းရည်လွင်နဲ့ အခြားသောသရုပ်ဆောင်ပေါင်းများစွာနဲ့ အတူတူ သရုပ်ဆောင်နေတာပဲ ဖြစ်ပါတယ်။

နေခြည်ရွှန်းလက်ကတော့ တစ်နေ့တစ်ခြား ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကို များစွာ ရရှိနေသူလေးပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း နေခြည်ရွှန်းလက်ရဲ့ ချစ်စရာကောင်းတဲ့ ပုံရိပ်လေးတွေကို သဘောကျကြမယ် ထင်ပါတယ်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို မိုမိုလေးမှ ကျေးဇူးအထူးတင်ရှိပါတယ်။

Rowena
Source: Nay Chi Shoon Lak

Credit   \\   original

Recent Updates

Recent Posts Widget