ယုန်လေးကို ထောင့်မကျိုးဘူးလို့ပြောလိုက်တဲ့ ထက်ယံ





ထက်ယံဟာဆိုရင် အနုပညာလောကထဲရောက်လာတာကြာပြီဖြစ်ပြီး ဟိုးအရင်တုန်းက ရဲရင့်အောင်နဲ့အတူတူတွဲပြီး No More Cry ဆိုတဲ့ သီချင်းလေးနဲ့ ပရိသတ်တွေသတိထားမိလာတာခံရတဲ့အဆိုတော်လေးဖြစ်ပါတယ်။ အခုနောက်ပိုင်းမှာဆိုရင်လည်း ထက်ယံရဲ့ သက်တန့်ကြီးတောင်ကွေးသွားတယ်သီချင်းဟာ ဟိုးလေးတကျော်ပေါက်သွားခဲ့ပြီး ထက်ယံရဲ့အခြားသောသီချင်းတော်တော်များများကလည်း ပရိသတ်တွေပါးစပ်ဖျားမှာရေပန်းစားနေခဲ့တာပါ။ ပရိသတ်ချစ်တဲ့ထက်ယံက အခုဆိုရင် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးအဖြစ်ပါအနုပညာခြေလှမ်းတွေဆန့်လာခဲ့ပြီဖြစ်ပါတယ်။ ယုန်လေးက မကြာသေးမီက မီဒီယာတွေနဲ့အင်တာဗျူးမှာ ယုန်လေးကိုဝေဖန်ခဲ့ပြီး ယုန်လေးနဲ့ အတူတူဆက်လုပ်သွားဖို့ရှိတဲ့အနုပညာတွေအကြောင်းပြောလာခဲ့ပါတယ်။



ထက်ယံက ယုန်လေးနဲ့ပတ်သက်ပြီးတော့ “ကိုယုန်လေးက ထောင့်တော့မကျိုးဘူး။ ဒါပေမယ့်ကိုယုန်လေးကချစ်ဖို့ကောင်းပါတယ်။ သူ့မှာစိတ်ကောက်စရာစိတ်ဆိုးတတ်မယ်ဆိုရင်တော့ သူနဲ့ပေါင်းလို့မရဘူးပေါ့နော်။ ဒါပေမယ့် သူ့လိုပဲ စိတ်မကောက်စိတ်မဆိုးတတ်ပဲ ဟီးဟီးဟားဟားတွေလုပ်လိုက်မယ်ဆိုရင်တော့ဖြင့် ကိုယုန်လေးက ကျွန်တော်တို့အစ်ကိုကြီးလိုပါပဲ။ရင်းရင်းနှီးနှီးလည်းပေါင်းတယ်။ အတွင်းသိ စိတ်လည်းသိနေပြီဆိုတော့ ကျွန်တော်တို့က စိတ်ဆိုးစရာလည်းမရှိတော့ပါဘူး။ ကိုယုန်လေးက သဘောကောင်းပါတယ်”လို့ ပြောထားပါတယ်။



ယုန်လေးနဲ့အတူအဆိုတော်တွေဖွဲ့ထားတဲ့ Special 9 အဖွဲ့နဲ့ဆက်လုပ်သွားမယ့်အနုပညာတွေအကြောင်းကို ထက်ယံက “ကျွန်တော်တို့ special 9 အဖွဲ့ကိုလည်း မေ့မထားပါဘူး။ ဆက်လုပ်နေပါတယ်။နယ်တွေဘာတွေမှာ show ပွဲတွေလုပ်နေတာတွေရှိပါတယ်ပေါ့နော်။ ပြီးတော့လည်း ရုပ်ရှင်တွေဘက်လည်း ကိုယုန်လေးနဲ့ အဆင်ပြေရင်ပြေသလို ဆက်လုပ်သွားဖို့တွေရှိပါတယ်။ အလုပ်တွေကတော့ ဆက်လုပ်သွားရမှာပါပဲ။ Special 9 ကိုလူတွေအားလုံးစည်းစည်းရုံးရုံးနဲ့တိုင်ပင်ပြီးလုပ်ဖြစ်နေပါတယ်။ Group တစ်ခုလိုပုံစံမျိုး Theme song လိုပုံစံမျိုးလည်းလုပ်ဖို့ရှိပါတယ်။ အဲဒီမှာတော့ ကိုယုန်လေးတို့ ကိုအယ်ကြီးတို့ကအဓိကပေါ့”လို့ ဖြေကြားထားပါတယ်။


အောင်မြင်ဖို့အတွက်အချိန်တစ်ခုစောင့်လိုက်ရတယ်ဆိုတဲ့အပေါ်ကိုလည်း ထက်ယံက “အဲဒါကိုတော့ ကျွန်တော်က အနုပညာစလုပ်ကတည်းက ကျွန်တော့်ကံကိုယုံကြည်ထားပါတယ်။ တစ်ရက်ရက်တော့ ကျွန်တော့်သူငယ်ချင်းတွေလိုမျိုး ကျွန်တော်အားကျရတဲ့အခြားအဆိုတော်တွေလိုမျိုးပေါက်လာပါလိမ့်မယ်ဆိုပြီး ကျွန်တော်အလုပ်လုပ်နေတာ ဒါ ကျွန်တော့်ကံပေါ့။ အခုအချိန်မှာဖြစ်သင့်ဖြစ်ထိုက်တဲ့အကျိုးအကြောင်းကြောင့်ပေါက်တယ်။ ပေါက်တဲ့အချိန်မှာလည်း ကျွန်တော်နောက်ထပ်ဆက်ပြီးအလုပ်တွေလုပ်ဖို့ ရှိပြီးသားသီချင်းတွေရောအားလုံးက အထောက်အကူဖြစ်တယ်။ ကျွန်တော်ဆက် run ဖို့အားလုံးကအဆင်ပြေနေတဲ့အတွက် ကျွန်တော့်ကံလည်းကောင်းသလို ပရိသတ်ကြီးကိုအရမ်းလည်းကျေးဇူးတင်ရမှာပေါ့”လို့ပြောကြားထားပါတယ်။

Credit  \\  original

Recent Updates

Recent Posts Widget