“မန္တလေးတွင် မီနီအိုးဝေ ကားသမား အသတ်ခံရ”
မန္တလေးမှာ ညပိုင်းကျွဲဆွဲကန်ကားကြီးကွင်းကနေ အငှားလိုက်သွားတဲ့သုံးဘီးဆိုင်ကယ်သမားခရီးသည်၎ယောက်မှ နတ်ရေကန်းအနီး ဓားနဲ့ထိုးပြီး သုံဘီးလုယတ်မှုခံရပြီ။
မူရင်း-Apple Apple
Credit \\ original
Unicode Version
မန္တလေးမှာ ညပိုင်းကျွဲဆွဲကန်ကားကြီးကွင်းကနေ အငှားလိုက်သွားတဲ့သုံးဘီးဆိုင်ကယ်သမားခရီးသည်၄ယောက်မှ နတ်ရေကန်းအနီး ဓားနဲ့ထိုးပြီး သုံဘီးလုယတ်မှုခံရပြီ။
သုံးဘီးပိုင်ရှင်သေဆုံးသွားပြီးတရားခံများမမိသေးပါ။ သုံးဘီးလည်းပြန်တွေ့ပါပြီ။ မြစိမ်းရောင်ခန်းမရှေ့ ၃၅ ၉၀ နားထားခဲ့တာပါ မနေည ၈း၀၀လောက်က အိမ်ကနေကျွဲဆည်ကန်ကိုဧည်သည်လိုက်ပို့ပြီး အထွက်မှာမြစ်ငယ်သွားမှာမို့လိုက်ပို့ခိုင်းတာလူ ၄ ယောက်တဲ့။ တစ်ယောက်ကအချောက်လို့ပြောပါတယ်။ လိုက်ပို့ရင်လမ်းမှာဆီဝင်ထည့်တော့ဆီဆိုင်ကပြောတာပါ။ သူကညပိုင်းဆွဲတဲ့သူမဟုတ်ဘူးတဲ့။ မနေ့ညကကြုံလို့လိုက်ပို့ဖြစ်သွားတာပါ။ ပြီးတော့ သူ့သုံးဘီးကမီးတပ်မထားဘူး။
ကားထဲမှာသူဆုံးတော့ဆေးရုံကနေဖုန်းဝင်လာတာ လမ်းမှာကားတိုက်လို့ပါဆိုပြီး ညိမ်းသုခနာမူကူညီရေးကားနဲ့ အခြောက်တစ်ယောက်ထဲလာပို့ပြီး လက်မှတ်မထိုးဘဲ ပြန်ထွက်သွားတာတဲ့ အဲ့ဒါနဲ့လူမူရေးအသင်းကိုလိုက်သွားတော့ သူမရှိဘူးထွက်သွားပြီ။ သူ့လိပ်စာရော သူ့ဖုန်းနံပါတ်ပါမသိ့ဘူးလို့ပြောပါတယ်။ ဖြစ်နိုင်ရင်အကိုတို့ခရီးသည်နဲ့ကျွန်တော်တိုကြားမှာ သံဇကာခတ်ထားရင် နည်းနည်းတော့စိတ်ချရပါမယ်ဗျာ။ သူလုပ်ခံရတဲ့ပုံစံက အနောက်ကနေချုပ်ပြီး ညာဘက်ရင်အုံကိုဓားနဲ့ထိုးထားတာပါ။
သူထဲကပိုက်ဆံငါးသောင်းနဲ့ဖုန်းယူသွားပါတယ်။ ညဘက်ထွက်ရင်သတိအမြဲရှိပါစေ ။
မူရင်း-Apple Apple
Credit \\ original







