တိုက်ဆိုင်တဲ့ သီချင်းတွေကြားတိုင်း Ex တွေကို အမြဲ သတိရတယ် ဆိုတဲ့ မထက်
ယောက်ျားစင်စစ်ကနေ မိန်းကလေးဘဝကို ပြောင်းလဲခံယူထားသူတွေထဲမှာ မထက်ကိုတော့ အကောင်းမြင်စိတ်နဲ့ အားပေးသူ များပါတယ်။ အင်တာဗျူးတွေမှာ အချစ်ရေးအကြောင်း မေးရင် ပညာသားပါပါ ဖြေနိုင်သလို ဂုဏ်သိက္ခာမကျအောင်လည်း
နေတတ်သူ ဖြစ်ပါတယ်။ မိန်းကလေးဘဝကို ခံယူပြီး အိမ်ထောင်ပြုချင်ပေမဲ့ ယူစရာ လူမရှိသေးဘူးလို့တော့ သိရပါတယ်။ တွဲခဲ့ဖူးတဲ့ ရည်းစားတွေ ရှိပေမဲ့ မထက်က ဘယ်လို အဆက်ဖြတ်ခဲ့လဲ ဆိုတာကိုတော့ ခုလို ပြောပြသွားပါတယ်။အချစ်ရေးမှာ ကိုယ့်ထက် ငယ်တဲ့သူပဲ တွေ့နေရကြောင်း မထက်က ခုလို ပြောပြပါတယ်။“အချစ်ရေးက အေးအေးဆေးဆေးပါပဲ။ တစ်ယောက်တည်း အေးချမ်းအောင် နေနေတယ်။ မချစ်ချင်သေးဘူး။ ရှာတော့ ရှာပေမဲ့ ကလေးတွေချည်းပဲ။
အမကို ဦးဆောင်မယ့် သူမျိုး ဖြူစင်ရိုးသားတာမျိုးကို ကြိုက်တယ်။ အရာရာကို ကိုယ်က လိုက်ဦးဆောင်ရမယ် လိုက် ဖန်တီးရမယ် ဆိုတာကြီးကို မကြိုက်ဘူး။ ကိုယ်ပိုင်ဆုံးဖြတ်ချက် ရှိသူမျိုးကို ကြိုက်တယ်။” ဆိုပြီး ပြောပြသွားပါတယ်။ကိုယ်ကချည်းပဲ စဖြတ်ခဲ့တဲ့ အချစ်ရေး ဖြစ်ကြောင်းလည်း မထက်က ခုလို ရင်ဖွင့်သွားပါတယ်။“အချစ်ရေးကံကောင်းတယ်။ (၂) နှစ် (၃) နှစ် ကြာတယ်။ နောက်ဆုံး ဆိုရင် (၅) နှစ်ကြာတယ်။ တော်တော်များများ ကံကောင်းတယ်။ ထားခဲ့ဖူးတဲ့ ရည်းစားတိုင်းကို ကျေးဇူးတင်ပါတယ်။ သူတို့ကြောင့် သင်ခန်းစာ ရတယ်လို့တော့ မရှိပါဘူး။ စစပိုင်းက လူတွေဆိုရင်တော့ ကိုယ်က ရည်းစားမထားဖူးတော့ အသည်အရမ်းကွဲတာပေါ့။ အမက ထားခဲ့ခံရမှာ အရမ်းကြောက်လို့ ကိုယ်ကချည်းပဲ စဖြတ်တာ။ ထားခဲ့မယ်လို့ အနေအထားကြိုမြင်တာနဲ့ ကိုယ်ကချည်းပဲ ဖြတ်ပြီး ပြေးတာ။” ဆိုပြီး ပြောပြသွားပါတယ်။ရည်းစားဟောင်းတွေကို သတိရပေမဲ့ feel မနေကြောင်းကိုတော့ မထက်က ခုလို ပြတ်ပြတ်သားသား ပြောသွားပါတယ်။“တိုက်ဆိုင်တဲ့ သီချင်းတွေကြားတိုင်း EX တွေကို အမြဲ သတိရတယ်။ သီချင်းတိုင်းက တစ်ယောက် ၊ တစ်ယောက်ချင်းစီကို ရည်ရွယ်တယ်။ အနည်းဆုံးတော့ အနီးစပ်ဆုံး ပြတ်သွားတဲ့ ရည်းစားကို သတိရတာပေါ့လေ။ အရမ်းတော့ ဖီးလ် မနေပါဘူး။ တစ်ခါတစ်လေတော့ သတိရပါတယ်။” လို့ ဆိုပါတယ်။
Credit \\ original





