ေရာဂါေၾကာင့္ ခ်စ္သူနဲ႔ မေသမီတစ္ရက္အလုိမွာ လက္ထပ္ပြဲဆင္ႏႊဲခဲ့တဲ့ အမ်ိဳးသား …





ေရာဂါေၾကာင့္ ခ်စ္သူနဲ႔ မေသမီတစ္ရက္အလုိမွာ လက္ထပ္ပြဲဆင္ႏႊဲခဲ့တဲ့ အမ်ိဳးသား …

ရက္ဘီအားကစားသမားတစ္ဦးကေတာ့ ဦးေႏွာက္အႀကိတ္ကင္ဆာေၾကာင့္ မၾကာေသးခင္ကပဲ ဆုံးပါးသြားခဲ့ၿပီ ျဖစ္ပါတယ္။

သူဟာ မေသမီတစ္ရက္အလုိမွာ က်န္းမာစဥ္က ေတာင့္တခဲ့တဲ့ ခ်စ္သူနဲ႔ ေရႊလက္ဆက္ႏုိင္ေရးအိပ္မက္ကေလးကေတာ့ ျပည့္ဝသြားရွာပါတယ္ …။

မဂၤလာပြဲကိုတက္ေရာက္လာတဲ့ ေဆြမ်ိဳးမိတ္သဂၤဟေတြကေတာ့ အေပ်ာ္ဆုိတာထက္၊ ဝမ္းနည္းပူေဆြးမႈေတြ ပုိေပးေနတဲ့မဂၤလာပြဲေလးမုိ႔ မ်က္ရည္နဲ႔မ်က္ခြက္ပါဘဲ။

သတုိ႔သားနာမည္ကေတာ့ Navar Herbert ျဖစ္ၿပီး၊ အသက္ (၂၂)ပဲ ရွိပါေသးတယ္။ သူရဲ႕ ငယ္ခ်စ္ကေတာ့ Maia Falwasser ပဲ ျဖစ္ပါတယ္ …။



သူတုိ႔တစ္ေတြဟာ မဂၤလာပြဲကို သူငယ္ခ်င္းနဲ႔ မိဘေတြရဲ႕စီစဥ္အေကာင္အထည္ေဖာ္ေပးမႈနဲ႔ အတုိခ်ံဳးစီစဥ္ခဲ့တာပါ။ Navar ရဲ႕ ရင္ထဲမွာေတာ့ သူခ်စ္ျမတ္ႏုိးရတဲ့ေကာင္မေလးနဲ႔

ဒီအခုိက္အတန္႔ေတြက ေသသည္အထိ စိတ္ေျဖာင့္သြားေစလိမ့္မယ္လုိ႔ ယုံၾကည္ရပါတယ္ …။

Navar ရဲ႕ စ်ာပနကုိလည္း သူ႕သားေလးရဲ႕ (၂)ႏွစ္ျပည့္ေမြးေန႔မွာ တုိက္တုိက္ဆုိင္ဆုိင္ က်င္းပေပးမွာ ျဖစ္ပါတယ္။ သူတုိ႔ႏွစ္ေယာက္ တရားဝင္လင္မယားအျဖစ္

ဘုရားသခင္က အသိအမွတ္ျပဳလုိက္ခ်ိန္ဟာ တစ္နာရီေလာက္သာ ၾကာျမင့္ခဲ့ၿပီး၊ အဲဒီေနာက္ Navar ဆုံးသြားခဲ့ပါျပီ …။



ႏွစ္(၂)အရြယ္သားေလး Kyrie ဟာ ဇြန္(၂)ရက္မွာ (၂)ႏွစ္ျပည့္မွာျဖစ္ၿပီး၊ ဖခင္ရဲ႕ စ်ာပနရက္နဲ႔ သူ႕ရဲ႕ေမြးေန႔က တိတိက်က်ကုိ တုိက္ဆုိင္ေနတာပါ။

Navar ရဲ႕ က်န္ရစ္သူမိသားစုအတြက္ GoFundMe မွာ ရံပုံေငြစုေဆာင္းခဲ့ရာ၊ အခုဆုိရင္ ေဒၚလာ (၉၇၇၈၀)အထိ ရရွိေနၿပီလုိ႔ သိရပါတယ္ …။

Navar တုိ႔မိသားစုဟာ လက္ရွိမွာ Gold Coast မွာေနထုိင္ၾကၿပီး၊ ခင္ပြန္းသည္ရဲ႕႐ုပ္အေလာင္းကို သူ႕ဇာတိနယူးဇီလန္မွာပဲ ေျမခ်သၿဂႋဳဟ္မွာလုိ႔ သိရပါတယ္။



သူမေသခင္မွာ သူ႕ကုိ ဇာတိ Kotahitanga Marae ၿမိဳ႕က သခ်ႋဳင္းမွာပဲ သၿဂႋဳဟ္ေပးဖုိ႔ မွာခဲ့တာပါ …။

အသစ္စက္စက္မုဆုိးမေလး Maia က ခင္ပြန္းသည္ေသဆုံးၿပီးေနာက္ ” ဒီေန႔ဟာ ကၽြန္မ ခ်စ္ခင္ပြန္း ဆုံးတဲ့ေန႔ပါ … ကၽြန္မမွာ အစ္ကိုလုိ သူငယ္ခ်င္းလုိ ခင္ပြန္းလုိ

စတဲ့အရာေတြနဲ႔ ထပ္တူက်ေနသူတစ္ေယာက္ကုိ တစ္ၿပိဳင္တည္းဆုံး႐ႈံးခဲ့ရတာပါ “လုိ႔ ေျပာခဲ့ပါတယ္ ေနာ္ …။ ။



Credit  \\  original

Unicode

ရောဂါကြောင့် ချစ်သူနဲ့ မသေမီတစ်ရက်အလိုမှာ လက်ထပ်ပွဲဆင်နွှဲခဲ့တဲ့ အမျိုးသား …

ရက်ဘီအားကစားသမားတစ်ဦးကတော့ ဦးနှောက်အကြိတ်ကင်ဆာကြောင့် မကြာသေးခင်ကပဲ ဆုံးပါးသွားခဲ့ပြီ ဖြစ်ပါတယ်။

သူဟာ မသေမီတစ်ရက်အလိုမှာ ကျန်းမာစဉ်က တောင့်တခဲ့တဲ့ ချစ်သူနဲ့ ရွှေလက်ဆက်နိုင်ရေးအိပ်မက်ကလေးကတော့ ပြည့်ဝသွားရှာပါတယ် …။

မင်္ဂလာပွဲကိုတက်ရောက်လာတဲ့ ဆွေမျိုးမိတ်သင်္ဂဟတွေကတော့ အပျော်ဆိုတာထက်၊ ဝမ်းနည်းပူဆွေးမှုတွေ ပိုပေးနေတဲ့မင်္ဂလာပွဲလေးမို့ မျက်ရည်နဲ့မျက်ခွက်ပါဘဲ။

သတို့သားနာမည်ကတော့ Navar Herbert ဖြစ်ပြီး၊ အသက် (၂၂)ပဲ ရှိပါသေးတယ်။ သူရဲ့ ငယ်ချစ်ကတော့ Maia Falwasser ပဲ ဖြစ်ပါတယ် …။

သူတို့တစ်တွေဟာ မင်္ဂလာပွဲကို သူငယ်ချင်းနဲ့ မိဘတွေရဲ့စီစဉ်အကောင်အထည်ဖော်ပေးမှုနဲ့ အတိုချုံးစီစဉ်ခဲ့တာပါ။ Navar ရဲ့ ရင်ထဲမှာတော့ သူချစ်မြတ်နိုးရတဲ့ကောင်မလေးနဲ့

ဒီအခိုက်အတန့်တွေက သေသည်အထိ စိတ်ဖြောင့်သွားစေလိမ့်မယ်လို့ ယုံကြည်ရပါတယ် …။

Navar ရဲ့ စျာပနကိုလည်း သူ့သားလေးရဲ့ (၂)နှစ်ပြည့်မွေးနေ့မှာ တိုက်တိုက်ဆိုင်ဆိုင် ကျင်းပပေးမှာ ဖြစ်ပါတယ်။ သူတို့နှစ်ယောက် တရားဝင်လင်မယားအဖြစ်

ဘုရားသခင်က အသိအမှတ်ပြုလိုက်ချိန်ဟာ တစ်နာရီလောက်သာ ကြာမြင့်ခဲ့ပြီး၊ အဲဒီနောက် Navar ဆုံးသွားခဲ့ပါပြီ …။

နှစ်(၂)အရွယ်သားလေး Kyrie ဟာ ဇွန်(၂)ရက်မှာ (၂)နှစ်ပြည့်မှာဖြစ်ပြီး၊ ဖခင်ရဲ့ စျာပနရက်နဲ့ သူ့ရဲ့မွေးနေ့က တိတိကျကျကို တိုက်ဆိုင်နေတာပါ။

Navar ရဲ့ ကျန်ရစ်သူမိသားစုအတွက် GoFundMe မှာ ရံပုံငွေစုဆောင်းခဲ့ရာ၊ အခုဆိုရင် ဒေါ်လာ (၉၇၇၈၀)အထိ ရရှိနေပြီလို့ သိရပါတယ် …။

Navar တို့မိသားစုဟာ လက်ရှိမှာ Gold Coast မှာနေထိုင်ကြပြီး၊ ခင်ပွန်းသည်ရဲ့ရုပ်အလောင်းကို သူ့ဇာတိနယူးဇီလန်မှာပဲ မြေချသင်္ဂြိုဟ်မှာလို့ သိရပါတယ်။

သူမသေခင်မှာ သူ့ကို ဇာတိ Kotahitanga Marae မြို့က သချႋုင်းမှာပဲ သင်္ဂြိုဟ်ပေးဖို့ မှာခဲ့တာပါ …။

အသစ်စက်စက်မုဆိုးမလေး Maia က ခင်ပွန်းသည်သေဆုံးပြီးနောက် ” ဒီနေ့ဟာ ကျွန်မ ချစ်ခင်ပွန်း ဆုံးတဲ့နေ့ပါ … ကျွန်မမှာ အစ်ကိုလို သူငယ်ချင်းလို ခင်ပွန်းလို

စတဲ့အရာတွေနဲ့ ထပ်တူကျနေသူတစ်ယောက်ကို တစ်ပြိုင်တည်းဆုံးရှုံးခဲ့ရတာပါ “လို့ ပြောခဲ့ပါတယ် နော် …။ ။

Credit  \\  original

Recent Updates

Recent Posts Widget