“သမီး လောကထဲတွင် ဆက်ရှိနေပါက ဖေကြီးနှင့်မေကြီး ပိုက်ဆံ ပိုကုန်မည်” ဟု စာရေးခဲ့ကာ ၉ တန်းကျောင်းသူ ကြိုးဆွဲချသတ်သေ”




“သမီး လောကထဲတွင် ဆက်ရှိနေပါက ဖေကြီးနှင့်မေကြီး ပိုက်ဆံ ပိုကုန်မည်” ဟု စာရေးခဲ့ကာ ၉ တန်းကျောင်းသူ ကြိုးဆွဲချသတ်သေ”


” သမီး လောကထဲတွင် ဆက်ရှိနေပါက ဖေကြီးနှင့်မေကြီး ပိုက်ဆံပိုကုန်မည်” ဟု စာရေးခဲ့ကာ ၉ တန်းကျောင်းသူတစ်ဦး ကိုယ့်ကိုယ်ကိုယ် ကြိုးဆွဲချ သတ်သေမှု ယနေ့ မနက်ပိုင်းက တောင်ငူမြို့တွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်











Credit  \\  original
……………………….

Unicode

သမီး လောကထဲတွင် ဆက်ရှိိနေပါက ဖေကြီးနှင့်မေကြီး ပိုက်ဆံ ပိုကုန်မည်” ဟု စာရေးခဲ့ကာ ၉ တန်းကျောင်းသူ ကြိုးဆွဲချသတ်သေ

တောင်ငူ၊ ဇွန် ၁၈(သတင်းတမန်)

” သမီး လောကထဲတွင် ဆက်ရှိိနေပါက ဖေကြီးနှင့်မေကြီး ပိုက်ဆံပိုကုန်မည်” ဟု စာရေးခဲ့ကာ ၉ တန်းကျောင်းသူတစ်ဦး ကိုယ့်ကိုယ်ကိုယ် ကြိုးဆွဲချ သတ်သေမှု ယနေ့ မနက်ပိုင်းက တောင်ငူမြို့တွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်

ပဲခူးတိုင်​း​ဒေသကြီး​ တောင်​ငူမြို့ (၂) ရပ်​ကွက်​၊ ကွင်​း​ချောင်​းလမ်​းသွယ်​ (၃) လမ်​းနေ အသက် ၁၅ နှစ်အရွယ် မဟေမာန်ကျော် ကိုးတန်းကျောင်းသူသည်

ယနေ့ မနက် ၇ နာရီဝန်းကျင်က နေအိမ်အပေါ်ထပ် အိပ်ခန်းအတွင်း ထုပ်တန်းတွင် အရှည် ၅ပေခန့်ရှိသည့် ချည်သဘက်နှင့် ကြိုးဆွဲချ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ကျွန်​​တော်​တို့​ ရောက်​သွား​တော့ ခ​လေးမ​လေးက ကြမ်​းပြင်​​ပေါ် ချထားပီ၊ သူမိဘ​တွေက အသက်​မှီလိုမှီငြား သိသိခြင်​း​ အောက်​ကို ချလိုက်​တာလို့​ ပြောတယ်​၊

အရင်​​ရောက်​​နေတဲ့ အိမ်​နီးနားချင်​း​တွေက​တော့ ခ​လေးမ​လေး ကြိုးဆွဲချတဲ့နားမှာ စာ​လေး​တွေ​ ရေးထားခဲ့တာ​ တွေ့တယ်​လို့​ ပြောတယ်​၊

စာထဲမှာ​တော့ ဒီ​လောကကြီးထဲမှာ မ​နေချင်​​တော့ဘူး၊ သမီးရှိ​နေရင်​ အ​ဖေနဲ့ အ​မေလည်​း ပိုက်​ဆံကုန်​မယ်​ ဆိုတဲ့စာသားအပါအဝင်​ စာ​ရေးထားခဲ့တာ​ တွေ့ရတယ်​” ဟု (၂) ရပ်​ကွက်​အုပ်​ချုပ်​​ရေးမှုး ဦး​ဇော်​မင်​းဦးက​ ပြောသည်။

ကြိုးဆွဲချ​ သေဆုံးမှုဖြစ်​စဉ်​နှင့် ပတ်သက်၍ ​တောင်​ငူအမှတ်​(၂) နယ်​​မြေရဲစခန်​းမှ​ သေမှု​သေခင်​း အမှတ်​စဉ်​(၇/၂၀၁၉)ဖြင်​့ ဖွင်​့လှစ်​ထားပြီး ဓမ္မာတာအတိုင်​း​

သေဆုံးခြင်​း ဟုတ်​မဟုတ်​ စစ်​​ဆေး​ ဆောင်​ရွက်​လျှက်​ ရှိကြောင်း သိရသည်။

#မင်​းထက်​​ကျော် ​(​တောင်​ငူ) (သတင်းတမန်)

Credit  \\  original

Recent Updates

Recent Posts Widget