စွန့်ပစ်ခံနှစ်ပေါင်း ၁၀၄ နှစ်ရှိပြီဖြစ်တဲ့ သီပေါဘုရင်ရဲ့ စတုတ္ထသမီးတော်နေထိုင်ခဲ့တဲ့ အိမ်တော်
ရာဇဝင်ထဲမှာထားခဲ့ကြတော့မှာလား???၁၉၁၅ခုနှစ်မှာတည်ဆောက်ခဲ့တဲ့ နှစ်ပေါင်း၁၀၄နှစ်ရှိပြီဖြစ်တဲ့သီပေါ ဘုရင်ရဲ့ စတုတ္ထသမီးတော်နေထိုင်ခဲ့တဲ့အိမ်တော်ပါအထကကျောင်းခွဲတခုအနေနဲ့တည်ရှိနေပြီး ပြင်ဆင်မွန်းမံမှုမရှိ တန်ဖိုးမသိသူများလက်ထဲမှာတန်ဖိုးမရှိဖြစ်နေတဲ့ နန်းကျဘုရင်တပါးရဲ့လက်ကျန်အမွေအနှစ်တခုကိုရာဇဝင်ထဲမှာဘဲထားခဲ့ကြတော့မှာလား???
လက်ရှိကျောင်းသား၄၀၀ခန့်ရှိပြီး ၈၀%မှာမွတ်စလင်ကျောင်းသားများဖြစ်ကြပြီး သိမ်ငယ်စွာတည်ရှိနေတဲ့ဘုရားခန်း မင်းတုန်းမင်းကြီးတမလွန်ဘဝကကြည့်နေမယ်ဆိုရင် ထပ်သေလို့(နတ်ရွာစံ)လို့ရနိုင်တဲ့မြင်ကွင်းရင်ထဲမကောင်းဘူး။ပဒေသရာဇ်အရိပ်အငွေ့တွေတရံရောအခါက ခမ်းနားမှု့တွေမြင်တွေ့နေရသေးပေမဲ့ အခုတော့ခွေးတောင်တံခါးမရှိဓါးမရှိဝင်ထွက်သွားလာလို့ရနေတဲ့မြင်ကွင်းရင်ထဲမခ်ျိဘူးရယ်။နှစ်ပေါင်း၁၀၀ကျော်သက်တမ်းရှိပြီဖြစ်တဲ့အတွက်ရှေးဟောင်းရဲ့လက်အောက်ရောက်ရှိနေပြီလို့ထင်ရပေမဲ့မည်သည့်ပြင်ဆင်မှု့ထိန်းသိမ်မှု့မှမတွေ့ရဘူး
သီးပေါဘုရင်းမျိုးနွယ်လက်ကျန်တွေအများကြီးရှိနေသေးတယ်လို့သိရပေမယ့် မည်သည့်ပြင်ဆင်ထိန်းသိမ်းမှု့မှထူးထူးခြားခြားမတွေ့ရဘူး။ရာဇဝင်ထဲမှာဘဲထားခဲ့ကြတော့မှာလား????ကျုပ်လင်းပင်ဆိုရင်တော့ ကိုယ်အသုံးမကျလို့သူများနောက်ပါသွားတဲ့ ငမောက် ကိုမရနိုင်မှန်းသိရက်နဲ့သွားတောင်းနေမဲ့အစား လက်ကျန်အမွေအနှစ်ကလေးတွေကိုဘဲထိန်းသိမ်းဘို့ကြိုးစားမိမှာအမှန်ပါ။တည်နေရာ။ ။ တွဲဖက်အထက(၈) ဖက်တန်းရပ်၊ရာမညဘောလုံးကွင်းနှင့်မျက်နှာချင်းဆိုင်၊မော်လမြိုင်မြို့။
ရင်ထဲမချိခံစားရင်း
Credit -Lin Pin