အေရွ႕ေတာင္အာရွတြင္မျဖစ္မေနလည္ပတ္သင့္တဲ့ ေနရာမ်ားစာရင္းမွာပုဂံ ထိပ္ဆုံးကပါဝင္




အေရွ႕ေတာင္အာရွတြင္မျဖစ္မေနလည္ပတ္သင့္တဲ့ ေနရာမ်ားစာရင္းမွာပုဂံ ထိပ္ဆုံးကပါဝင္

နိုင္ငံတကာခရီးသြားေတြ သြားေရာက္ လည္ပတ္သင့္တဲ့ အေရွ႕ေတာင္အာရွက ေနရာမ်ား စာရင္းကို Reader’s Digest မဂၢဇင္းမွာ ေဖာ္ျပထားပါတယ္။ Reader’s Digest မဂၢဇင္းကိုေတာ့ အေမရိကန္ျပည္ေထာင္စုမွာ ၁ ႏွစ္လွ်င္ ၁၀ ႀကိမ္ ထုတ္ေဝလ်က္ရွိပါတယ္။၁၉၂၂ ခုႏွစ္ကတည္းက စတင္ ထုတ္ေဝခဲ့တဲ့ Reader’s Digest မဂၢဇင္းဟာ အေမရိကန္နိုင္ငံမွာသာမက ကမၻာမွာလည္း ထင္ရွားတဲ့ မဂၢဇင္းပါ။ အခုလို ကမၻာမွာ ထင္ရွားတဲ့ မဂၢဇင္းႀကီးတေစာင္က အေရွ႕ေတာင္အာရွမွာ ဦးစားေပး လည္ပတ္သင့္တဲ့ ေနရာ ၁၀ ေနရာရဲ႕စာရင္းကို ေဖာ္ျပေပးခဲ့ပါတယ္။ အဲဒီေနရာ ၁၀ ေနရာ စာရင္းမွာ ျမန္မာနိုင္ငံက ပုဂံေဒသဟာ ထိပ္ဆုံးမွာ ရွိေနပါတယ္။

Reader’s Digest မဂၢဇင္းက ေ႐ြးခ်ယ္ေပးခဲ့တဲ့ ေနရာ ၁၀ ေနရာကေတာ့ —

(၁) ပုဂံ (ျမန္မာနိုင္ငံ)(၂) အန္ေကာ ေရွးေဟာင္းသုေတသန ပန္းၿခံ (ကေမၻာဒီးယားနိုင္ငံ)(၃) ပီနန္(မေလးရွားနိုင္ငံ)(၄) Ha Long ပင္လယ္ေအာ္ (ဗီယက္နမ္နိုင္ငံ)(၅) Bromo-Tengger-Semeru အမ်ိဳးသားပန္းၿခံ (အင္ဒိုနီးရွားနိုင္ငံ)(၆) လြမ္ပရာဘြမ္ (လာအိုနိုင္ငံ)(၇) Kinabalu ေတာင္ (မေလးရွားနိုင္ငံ)(၈) ဘာလီ (အင္ဒိုနီးရွားနိုင္ငံ)(၉) Ifugao (ဖိလစ္ပိုင္နိုင္ငံ) နဲ႕(၁၀) Krabi (ထိုင္းနိုင္ငံ) တို႔ ျဖစ္ပါတယ္။အဲဒီ ေဒသေတြထဲက ေဒသအခ်ိဳ႕ရဲ႕ အေၾကာင္းကို ေဖာ္ျပေပးခ်င္ပါတယ္။



(၁) ပုဂံ (ျမန္မာနိုင္ငံ)

ပုဂံေဒသဟာ ျမန္မာမွာသာမက ကမၻာမွာပါ နာမည္ႀကီးတဲ့ အရပ္ေဒသ တခုပါ။ ပုဂံမွာ တည္ထားတဲ့ ေစတီပုထိုးေပါင္းမ်ားစြာကို ၾကည့္ရင္း ေနဝင္သြားတဲ့ Sunset အခ်ိန္ေတြဟာ ကမၻာ့ ဘယ္အရပ္ေဒသမွာမွ မရနိုင္တဲ့ ခံစားမႈမ်ိဳးကို ေပးစြမ္းပါတယ္။ ဒါေၾကာင့္မို႔လို႔ နိုင္ငံတကာ ခရီးသြားဧည့္သည္ေတြဟာ ပုဂံေနဝင္ခ်ိန္ကို ၾကည့္ရဖို႔ နိုင္ငံရပ္ျခားကေန တကူးတက လာေရာက္ေလ့ ရွိၾကပါတယ္။ပုဂံမွာရွိတဲ့ ေစတီပုထိုးေပါင္းမ်ားစြာဟာ တေခတ္တခါက ပုဂံျပည္သားေတြရဲ႕ ႀကီးက်ယ္မႈကို ေဖာ္ျပနိုင္႐ုံ သာမက ပုဂံသားေတြရဲ႕ စည္းလုံးျခင္းနဲ႕ ခမ္းနားတဲ့ ဗိသုကာလက္ရာေတြ၊ အလွအပေတြကိုပါ ခံစားနိုင္ပါတယ္။

(၂) ပီနန္ (မေလးရွားနိုင္ငံ)

ပီနန္ျပည္နယ္ဟာ မေလးရွားနိုင္ငံ အေနာက္ေျမာက္ဘက္ ကမ္းရိုးတန္းမွတည္ရွိတဲ့ ကြၽန္းဆြယ္ တခုပါ။ ပီနန္ျပည္နယ္ကို ၂ ပိုင္း ခြဲျခားထားပါတယ္။ ပီနန္ျပည္နယ္ရဲ႕ ၿမိဳ႕ေတာ္ကေတာ့ George Town ၿမိဳ႕ပါ။ ပီနန္ျပည္နယ္ရဲ႕ ထူးျခားခ်က္ကေတာ့ အိႏၵိယ၊ တ႐ုတ္နဲ႕ မေလး ယဥ္ေက်းမႈေတြကို ေရာႏွော ေပါင္းစပ္ထားတာပါပဲ။ ေနာက္တခ်က္ကေတာ့ ပီနန္ျပည္နယ္ရဲ႕ အစားအေသာက္ပါ။ စားေသာက္ဆိုင္ အမ်ားစုကလည္း ေဈးသက္သာပါတယ္။

ပီနန္ျပည္နယ္ရဲ႕ အစားအေသာက္ေတြကို စားေသာက္ၿပီးရင္ေတာ့ ေနာက္ထပ္ လုပ္စရာ အလုပ္က George Town ၿမိဳ႕ကို လည္ပတ္ၿပီး ႏွစ္ေပါင္း ၂၀၀ ေက်ာ္ေလာက္က တည္ေဆာက္ခဲ့တဲ့ ဘုရားရွိခိုးေက်ာင္းေဟာင္းႀကီးေတြ၊ ခမ္းခမ္းနားနား တည္ေဆာက္ထားတဲ့ ဗလီေတြနဲ႕ ကိုလိုနီေခတ္က တည္ေဆာက္ခဲ့တဲ့ အေဆာက္အဦေတြကို လည္ပတ္ဖို႔ပါပဲ။ အဲဒီေနရာ အမ်ားစုဟာ UNESCO အသိအမွတ္ျပဳ ကမၻာ့ေရွးေဟာင္း အေမြအႏွစ္ေတြပါ။

(၃) Ifugao (ဖိလစ္ပိုင္နိုင္ငံ)

လြန္ခဲ့တဲ့ႏွစ္ ေထာင္ေပါင္းမ်ားစြာက တ႐ုတ္နိုင္ငံ၊ ယူနန္ျပည္နယ္က ေ႐ႊ႕ေျပာင္း လယ္သမားေတြဟာ ေလွကားထစ္ စိုက္ပ်ိဳးေရး နည္းပညာကို ယူေဆာင္ၿပီး ဖိလစ္ပိုင္နိုင္ငံ Ifugao ေဒသကို ယူေဆာင္လာခဲ့ ၾကပါတယ္။ယခုအခါမွာဆိုရင္ Ifugao ေတာင္ေစာင္းေတြမွာ ေလွကားထစ္ စိုက္ပ်ိဳးေရး နည္းပညာေတြက ထြန္းကားေနခဲ့ပါၿပီ။ Ifugao ေဒသရဲ႕ Banaue နဲ႕ Batad ေက်း႐ြာေတြမွာ စပါးရိတ္သိမ္းခ်ိန္ ေရာက္လာၿပီဆိုရင္ စပါးပင္ေတြဟာ အစိမ္းေရာင္ ေတာင္ပေနၾကၿပီး ေတာင္ေစာင္း ပတ္ပတ္လည္မွာဆိုရင္လည္း ေတာက္ပတဲ့ ေနေရာင္ျခည္ေတြ ျဖာက်ေနေလ့ ရွိတတ္ပါတယ္။

ဒီျမင္ကြင္းကို ျမင္ေတြ႕ရတာက အိပ္မက္တခုကို မက္ေနရသလို ခံစားေစပါလိမ့္မယ့္။ ဒါေၾကာင့္လည္း အေရွ႕ေတာင္အာရွ နိုင္ငံေတြကို သြားလည္မယ္ဆိုရင္ေတာ့ Ifugao ေဒသရဲ႕ ေလွကားထစ္ စိုက္ပ်ိဳးေရးမ်ား ရွိရာအရပ္ဆီ သြားေရာက္ လည္ပတ္သင့္ပါတယ္။ အထူးသျဖင့္ ရႈခင္း ဓာတ္ပုံေတြ ရိုက္ေလ့ရွိတဲ့ ဓာတ္ပုံဆရာေတြ ပိုၿပီးသြားသင့္ပါတယ္။
Ref. Reader’s Digest
Credit TheIrrawaddyBurmeseNews

Unicode

နိုင်ငံတကာခရီးသွားတွေ သွားရောက် လည်ပတ်သင့်တဲ့ အရှေ့တောင်အာရှက နေရာများ စာရင်းကို Reader’s Digest မဂ္ဂဇင်းမှာ ဖော်ပြထားပါတယ်။ Reader’s Digest မဂ္ဂဇင်းကိုတော့ အမေရိကန်ပြည်ထောင်စုမှာ ၁ နှစ်လျှင် ၁၀ ကြိမ် ထုတ်ဝေလျက်ရှိပါတယ်။၁၉၂၂ ခုနှစ်ကတည်းက စတင် ထုတ်ဝေခဲ့တဲ့ Reader’s Digest မဂ္ဂဇင်းဟာ အမေရိကန်နိုင်ငံမှာသာမက ကမ်ဘာမှာလည်း ထင်ရှားတဲ့ မဂ္ဂဇင်းပါ။ အခုလို ကမ်ဘာမှာ ထင်ရှားတဲ့ မဂ္ဂဇင်းကြီးတစောင်က အရှေ့တောင်အာရှမှာ ဦးစားပေး လည်ပတ်သင့်တဲ့ နေရာ ၁၀ နေရာရဲ့စာရင်းကို ဖော်ပြပေးခဲ့ပါတယ်။ အဲဒီနေရာ ၁၀ နေရာ စာရင်းမှာ မြန်မာနိုင်ငံက ပုဂံဒေသဟာ ထိပ်ဆုံးမှာ ရှိနေပါတယ်။

Reader’s Digest မဂ္ဂဇင်းက ရွေးချယ်ပေးခဲ့တဲ့ နေရာ ၁၀ နေရာကတော့ —

(၁) ပုဂံ (မြန်မာနိုင်ငံ)(၂) အန်ကော ရှေးဟောင်းသုတေသန ပန်းခြံ (ကမေ်ဘာဒီးယားနိုင်ငံ)(၃) ပီနန်(မလေးရှားနိုင်ငံ)(၄) Ha Long ပင်လယ်အော် (ဗီယက်နမ်နိုင်ငံ)(၅) Bromo-Tengger-Semeru အမျိုးသားပန်းခြံ (အင်ဒိုနီးရှားနိုင်ငံ)(၆) လွမ်ပရာဘွမ် (လာအိုနိုင်ငံ)(၇) Kinabalu တောင် (မလေးရှားနိုင်ငံ)(၈) ဘာလီ (အင်ဒိုနီးရှားနိုင်ငံ)(၉) Ifugao (ဖိလစ်ပိုင်နိုင်ငံ) နဲ့(၁၀) Krabi (ထိုင်းနိုင်ငံ) တို့ ဖြစ်ပါတယ်။အဲဒီ ဒေသတွေထဲက ဒေသအချို့ရဲ့ အကြောင်းကို ဖော်ပြပေးချင်ပါတယ်။

(၁) ပုဂံ (မြန်မာနိုင်ငံ)

ပုဂံဒေသဟာ မြန်မာမှာသာမက ကမ်ဘာမှာပါ နာမည်ကြီးတဲ့ အရပ်ဒေသ တခုပါ။ ပုဂံမှာ တည်ထားတဲ့ စေတီပုထိုးပေါင်းများစွာကို ကြည့်ရင်း နေဝင်သွားတဲ့ Sunset အချိန်တွေဟာ ကမ်ဘာ့ ဘယ်အရပ်ဒေသမှာမှ မရနိုင်တဲ့ ခံစားမှုမျိုးကို ပေးစွမ်းပါတယ်။ ဒါကြောင့်မို့လို့ နိုင်ငံတကာ ခရီးသွားဧည့်သည်တွေဟာ ပုဂံနေဝင်ချိန်ကို ကြည့်ရဖို့ နိုင်ငံရပ်ခြားကနေ တကူးတက လာရောက်လေ့ ရှိကြပါတယ်။ပုဂံမှာရှိတဲ့ စေတီပုထိုးပေါင်းများစွာဟာ တခေတ်တခါက ပုဂံပြည်သားတွေရဲ့ ကြီးကျယ်မှုကို ဖော်ပြနိုင်ရုံ သာမက ပုဂံသားတွေရဲ့ စည်းလုံးခြင်းနဲ့ ခမ်းနားတဲ့ ဗိသုကာလက်ရာတွေ၊ အလှအပတွေကိုပါ ခံစားနိုင်ပါတယ်။

(၂) ပီနန် (မလေးရှားနိုင်ငံ)

ပီနန်ပြည်နယ်ဟာ မလေးရှားနိုင်ငံ အနောက်မြောက်ဘက် ကမ်းရိုးတန်းမှတည်ရှိတဲ့ ကျွန်းဆွယ် တခုပါ။ ပီနန်ပြည်နယ်ကို ၂ ပိုင်း ခွဲခြားထားပါတယ်။ ပီနန်ပြည်နယ်ရဲ့ မြို့တော်ကတော့ George Town မြို့ပါ။ ပီနန်ပြည်နယ်ရဲ့ ထူးခြားချက်ကတော့ အိန္ဒိယ၊ တရုတ်နဲ့ မလေး ယဉ်ကျေးမှုတွေကို ရောနှော ပေါင်းစပ်ထားတာပါပဲ။ နောက်တချက်ကတော့ ပီနန်ပြည်နယ်ရဲ့ အစားအသောက်ပါ။ စားသောက်ဆိုင် အများစုကလည်း ဈေးသက်သာပါတယ်။

ပီနန်ပြည်နယ်ရဲ့ အစားအသောက်တွေကို စားသောက်ပြီးရင်တော့ နောက်ထပ် လုပ်စရာ အလုပ်က George Town မြို့ကို လည်ပတ်ပြီး နှစ်ပေါင်း ၂၀၀ ကျော်လောက်က တည်ဆောက်ခဲ့တဲ့ ဘုရားရှိခိုးကျောင်းဟောင်းကြီးတွေ၊ ခမ်းခမ်းနားနား တည်ဆောက်ထားတဲ့ ဗလီတွေနဲ့ ကိုလိုနီခေတ်က တည်ဆောက်ခဲ့တဲ့ အဆောက်အဦတွေကို လည်ပတ်ဖို့ပါပဲ။ အဲဒီနေရာ အများစုဟာ UNESCO အသိအမှတ်ပြု ကမ်ဘာ့ရှေးဟောင်း အမွေအနှစ်တွေပါ။

(၃) Ifugao (ဖိလစ်ပိုင်နိုင်ငံ)

လွန်ခဲ့တဲ့နှစ် ထောင်ပေါင်းများစွာက တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်က ရွှေ့ပြောင်း လယ်သမားတွေဟာ လှေကားထစ် စိုက်ပျိုးရေး နည်းပညာကို ယူဆောင်ပြီး ဖိလစ်ပိုင်နိုင်ငံ Ifugao ဒေသကို ယူဆောင်လာခဲ့ ကြပါတယ်။ယခုအခါမှာဆိုရင် Ifugao တောင်စောင်းတွေမှာ လှေကားထစ် စိုက်ပျိုးရေး နည်းပညာတွေက ထွန်းကားနေခဲ့ပါပြီ။ Ifugao ဒေသရဲ့ Banaue နဲ့ Batad ကျေးရွာတွေမှာ စပါးရိတ်သိမ်းချိန် ရောက်လာပြီဆိုရင် စပါးပင်တွေဟာ အစိမ်းရောင် တောင်ပနေကြပြီး တောင်စောင်း ပတ်ပတ်လည်မှာဆိုရင်လည်း တောက်ပတဲ့ နေရောင်ခြည်တွေ ဖြာကျနေလေ့ ရှိတတ်ပါတယ်။

ဒီမြင်ကွင်းကို မြင်တွေ့ရတာက အိပ်မက်တခုကို မက်နေရသလို ခံစားစေပါလိမ့်မယ့်။ ဒါကြောင့်လည်း အရှေ့တောင်အာရှ နိုင်ငံတွေကို သွားလည်မယ်ဆိုရင်တော့ Ifugao ဒေသရဲ့ လှေကားထစ် စိုက်ပျိုးရေးများ ရှိရာအရပ်ဆီ သွားရောက် လည်ပတ်သင့်ပါတယ်။ အထူးသဖြင့် ရှုခင်း ဓာတ်ပုံတွေ ရိုက်လေ့ရှိတဲ့ ဓာတ်ပုံဆရာတွေ ပိုပြီးသွားသင့်ပါတယ်။
Ref. Reader’s Digest
Credit TheIrrawaddyBurmeseNews

Recent Updates

Recent Posts Widget