ေရႊ မဲေပါက္တယ္လို႔ လိမ္ျပီး.. ေရႊအတုလာပို႔သူ… ရဲကေစာင့္လို႔ ကြိခနဲေနေအာင္ ဖမ္းခံရ..





ကံစ မ္း မဲေပါက္သည္ဟု ေျပာဆိုၿပီး ေရႊထည္ပစၥည္းအတုမ်ား လာပို႔၍ ေငြေၾကးေတာင္းခံသူအား အေရးယူထား

ေနျပည္ေတာ္၊ ဇြန္ ၁၈

ရန္ကုန္တိုင္းေဒသႀကီး၊ ဒဂုံၿမိဳ႕သစ္(ေတာင္ပိုင္း)ၿမိဳ႕နယ္၊ (၁၀၇)ရပ္ကြက္ေန ဦးဝင္းေမာင္ (၅၉)ႏွစ္သည္ ဇြန္ ၁၄ ရက္ေန႔ နံနက္ ၈ နာရီအခ်ိန္တြင္ ေနအိမ္၌ရွိေနစဥ္ သားျဖစ္သူ ေအာင္ကိုကိုေမာင္ (၃၀)ႏွစ္မွာ ေရႊ (၁၀)က်ပ္သား ကံစမ္းမဲေပါက္သျဖင့္ လူတစ္ဉီးမွ လာပို႔မည္ ျဖစ္ေၾကာင္း၊


ဝန္ေဆာင္ခစရိတ္ (၉၈,၀၀၀)က်ပ္ႏွင့္ ပစၥည္းပို႔ခ (၂,၀၀၀)က်ပ္ စုစုေပါင္း (၁၀၀,၀၀၀)က်ပ္ ေပးရမည္ျဖစ္ေၾကာင္း ေျပာျပသျဖင့္ မသကၤာ၍ ရပ္ကြက္အုပ္ခ်ဳပ္ေရးမႉးႏွင့္ ရဲတပ္ဖြဲ႕သို႔ ႀကိဳတင္အေၾကာင္းၾကားထားခဲ့ေၾကာင္း၊ ဇြန္ ၁၇ ရက္ေန႔ မြန္းလြဲ ၃ နာရီအခ်ိန္ လူငယ္တစ္ဦးမွ ေနအိမ္သို႔ ပစၥည္းထုပ္လာပို႔ကာ ေငြ(၁၀၀,၀၀၀)က်ပ္ ေတာင္းခံသျဖင့္ ေပးအပ္လိုက္ၿပီး ၎လူငယ္အား ရပ္ကြက္အုပ္ခ်ဳပ္ေရးမႉး႐ုံးသို႔ ေခၚေဆာင္၍

အုပ္ခ်ဳပ္ေရးမႉး ႏွင့္အဖြဲ႕ ေရွ႕ေမွာက္တြင္ ပစၥည္းထုပ္ကို ဖြင့္ေဖာက္စစ္ေဆးရာ ေရႊအတုမ်ားျဖင့္ျပဳလုပ္ထားေသာ နားဆြဲတစ္ရံ၊ လက္စြပ္တစ္ကြင္း၊ ဆြဲသီးပါ ဆြဲႀကိဳးအေသးတစ္ကုံး၊ ဟန္းခ်ိန္းအေသးတစ္ခု တို႔အား ေတြ႕ရွိရၿပီး ပစၥည္းလာပို႔သူမွာ ေတာင္ဥကၠလာပၿမိဳ႕နယ္၊ (၇)ရပ္ကြက္ေန ထက္ဝွန္းေက်ာ္ (၂၃)ႏွစ္ျဖစ္ေၾကာင္း သိရွိရသျဖင့္ အေရးယူေပးပါရန္ တိုင္တန္းခ်က္အရ ထက္ဝွန္းေက်ာ္ အား ဒဂုံေတာင္ၿမိဳ႕မရဲစခန္း(ပ)၂၆၂၀/၂၀၁၉ ရာဇသတ္ႀကီးဥပေဒပုဒ္မ ၄၂၀ ျဖင့္ အမႈဖြင့္စစ္ေဆးလ်က္ရွိေၾကာင္း သတင္းရရွိသည္။

ရဲဇာနည္
Credit  \\  original

Unicode Version
ကံစမ်းမဲပေါက်သည်ဟု ပြောဆိုပြီး ရွှေထည်ပစ္စည်းအတုများ လာပို့၍ ငွေကြေးတောင်းခံသူအား အရေးယူထား

နေပြည်တော်၊ ဇွန် ၁၈

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ (၁၀၇)ရပ်ကွက်နေ ဦးဝင်းမောင် (၅၉)နှစ်သည် ဇွန် ၁၄ ရက်နေ့ နံနက် ၈ နာရီအချိန်တွင် နေအိမ်၌ရှိနေစဉ် သားဖြစ်သူ အောင်ကိုကိုမောင် (၃၀)နှစ်မှာ ရွှေ (၁၀)ကျပ်သား ကံစမ်းမဲပေါက်သဖြင့် လူတစ်ဉီးမှ လာပို့မည် ဖြစ်ကြောင်း၊

ဝန်ဆောင်ခစရိတ် (၉၈,၀၀၀)ကျပ်နှင့် ပစ္စည်းပို့ခ (၂,၀၀၀)ကျပ် စုစုပေါင်း (၁၀၀,၀၀၀)ကျပ် ပေးရမည်ဖြစ်ကြောင်း ပြောပြသဖြင့် မသင်္ကာ၍ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရဲတပ်ဖွဲ့သို့ ကြိုတင်အကြောင်းကြားထားခဲ့ကြောင်း၊ ဇွန် ၁၇ ရက်နေ့ မွန်းလွဲ ၃ နာရီအချိန် လူငယ်တစ်ဦးမှ နေအိမ်သို့ ပစ္စည်းထုပ်လာပို့ကာ ငွေ(၁၀၀,၀၀၀)ကျပ် တောင်းခံသဖြင့် ပေးအပ်လိုက်ပြီး ၎င်းလူငယ်အား ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးသို့ ခေါ်ဆောင်၍

အုပ်ချုပ်ရေးမှူး နှင့်အဖွဲ့ ရှေ့မှောက်တွင် ပစ္စည်းထုပ်ကို ဖွင့်ဖောက်စစ်ဆေးရာ ရွှေအတုများဖြင့်ပြုလုပ်ထားသော နားဆွဲတစ်ရံ၊ လက်စွပ်တစ်ကွင်း၊ ဆွဲသီးပါ ဆွဲကြိုးအသေးတစ်ကုံး၊ ဟန်းချိန်းအသေးတစ်ခု တို့အား တွေ့ရှိရပြီး ပစ္စည်းလာပို့သူမှာ တောင်ဥက္ကလာပမြို့နယ်၊ (၇)ရပ်ကွက်နေ ထက်ဝှန်းကျော် (၂၃)နှစ်ဖြစ်ကြောင်း သိရှိရသဖြင့် အရေးယူပေးပါရန် တိုင်တန်းချက်အရ ထက်ဝှန်းကျော် အား ဒဂုံတောင်မြို့မရဲစခန်း(ပ)၂၆၂၀/၂၀၁၉ ရာဇသတ်ကြီးဥပဒေပုဒ်မ ၄၂၀ ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိသည်။

ရဲဇာနည်

Credit  \\  original

Recent Updates

Recent Posts Widget