ခင်ပွန်းအသစ်နဲ့ သားသမီး တွေရဲ့ဆက်ဆံရေးကိုပြောပြလာတဲ့ သန္ထာလှိုင်
ဆယ်စုနှစ်တွေအများကြီးကြာအောင် နုပျိုမှုကိုထိန်းသိမ်းထားနိုင်ပြီး ပရိသတ်တွေရဲ့နှလုံးသားတစ်ထောင့်မှာ နေရာအပိုင်ယူထားတဲ့ပြည်သူချစ်တဲ့အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ သန္တာလှိုင် က သူနဲ့သားသမီးတွေနဲ့သူရဲ့လက်ရှိအိမ်ထောင်ရေးအခြေအနေကို ဆယ်လီရပ်ကွက်နဲ့အင်တာဗျူးမှာပြောပြပြသွားပါတယ်။ သူပြောပြသွားတဲ့အကြောင်းတွေကို ပြေချင်လွန်းလို့ပရိသတ်ကြီးဆီအရောက်ပို့ပေးလိုက်ပါတယ်နော်။
သားသမီးတွေကလည်းအစ်မအရမ်းကံကောင်းတယ်ပြောရမယ် လွန်ခဲ့တဲ့အစ်မအမျိုးသားနဲ့မတွေ့ခင်တုန်းက သူတို့လေးတွေနဲ့နည်းနည်းလေး ကွာဟမှုလေးတွေရှိတယ်။ တစ်ယောက်နဲ့တစ်ယောက်သိပ်ပြီး Closeမဖြစ်ဘူး ကလေးတွေကကျသူတို့အဖေကိုပစ်သွားတယ်ဆိုပြီးတော့ ကိုယ့်ကိုနည်းနည်းလေးငြိုငြင်ချင်မှာပေါ့နော်။ အစ်မအမျိုးသားနဲ့တွေ့တဲ့အချိန်ကစပြီးသူတို့လည်းပြောင်းလဲလာတယ်။အခုဆိုလို့ရှိရင်သမီးက ကိုယ့်နဲ့ရွယ်တူတွေ ကိုယ်အရင်တုန်းကဖြစ်ခဲ့ဖူးတဲ့ပြဿနာမျိုးတွေ ကိုယ်စိုးရိမ်ထားတဲ့မျှော်မှန်းထားတဲ့ ပြဿနာမျိုးတွေ Teenager တွေရဲ့အမေနဲ့သမီးနဲ့ဖြစ်တဲ့ပြဿနာတွေက လုံးဝမရှိတဲ့အပြင်လုံးဝနားလည်မှုရှိတဲ့အပြင် ရင့်ကျက်ပြီးတော့ မောင်လေးကိုလည်းဂရုစိုက်တယ်။
ပြီးတော့အမေကိုအထင်ကြီးတာလည်းသူပါမှာပေါ့ ။အမေကိုအထင်ကြီးတော့ အမေဘာလုပ်လုပ် အမေနဲ့အတူ သူဝင့်ဆန့်ချင်တယ် ။ပါချင်တယ် အဲ့ဒီအချိန်မှာ လူကြီးနဲ့ဝင်ဆန့်အောင်ပေါင်းတယ်။ ကလန်ကဆန်တွေဘာတွေလုံးဝမရှိဘဲ နောက်တာပြောင်တာကအစလူကြီးအရမ်းဆန်တယ်။အစ်မအရမ်းကံကောင်းတယ်လို့ပြောရမယ်ဆိုပြီးပြောပြသွားပါတယ်။
အမျိုးသားနဲ့သမီးနဲ့ကကျအရမ်းမောင်နှမတွေလိုပဲ။ သူတို့နှစ်ယောက်ရဲ့အတွေးအခေါ်ပြောပုံဆိုပုံ ဦးနှောက် Intelligent ချင်းကအရမ်းတူတော့ တစ်ခါတလေကျလို့ရှိရင် မနေ့ကဝင်သွားတော့ တိုးတိုးတိုးတိုးနဲ့စကားပြောနေတာ ဘာတွေပြောနေတာလဲဆိုတော့ ဘာမှမဟုတ်ပါဘူးတဲ့ ။နောက်တော့ အဖေနဲ့အမေနဲ့အတင်းကို သူတို့ပြောနေကြတာ ။ ဆိုတော့သူတို့ကတစ်ဖွဲ့ တော်တော်ရင်းနီးနေကြပြီ။
အငယ်လေးကလည်း အခုဆိုလို့ရှိရင် ဒါ (စဉ်းစားလျက်) အရင်တုန်းကဆိုလို့ရှိရင် အမအမျိုးသားကို သူ့အဖေနဲ့နည်းနည်းယှဉ်ယှဉ်ပြီးတော့ သူအဖေကပိုကောင်းတယ် ပိုတော်တယ်လုပ်ချင်တယ်။ အခုကျတော့ သူလည်းလက်ခံသွားပြီ ။ ဘာဖြစ်လို့လဲဆိုတော့ ဒီအိမ်မှာက သူအထင်ကြီးစရာ အမျိုးအသား ဦးဆောင်တဲ့ Figure တစ်ယောက်က ကိုမျိုးဆိုတာကို သူသိသွားတဲ့အတွက် သူလက်ခံသွားတော့ ကိုမျိုးဘာလုပ်လုပ် ဟိုတနေ့က ကားထဲမှာသွားနေရင်းနဲ့ဘာကိစ္စလည်းမသိဘူး ပြောရင်းနဲ့ သြော် အစ်မရဲ့မောင်က ဆရာကြီးလို့ဆိုတော့ မဟုတ်ပါဘူး ကိုမျိုးကလည်းဆရာကြီးပါတဲ့ (သဘောကျလျက်)ဆိုတော့သူနည်းနည်းရပ်တည်လာပြီပေါ့။ ဆိုပြီးပြောပြသွားခဲ့ပါတယ်။
Credit \\ original