ရွှေထူးတစ်ယောက် မချစ်ပဲ မနေနိုင်အောင်ဖြစ်ခဲ့ရတဲ့ ရွှေမှုံလေးစိတ်ကောက်နေတဲ့ ဗီဒီယို




မြန်မာနိုင်ငံရဲ့အနုပညာလောကမှာ အောင်မြင်မှုတွေ ကိုယ်စီ၊ အားပေးတဲ့ ပရိသတ်တွေကိုယ်စီနဲ့ ရပ်တည်နေကြတဲ့ ရွှေထူးနဲ့ ရွှေမှုံရတီတို့ ဇနီးမောင်နှံကတော့ ချစ်ရတဲ့ အနုပညာအလုပ်တွေကိုလုပ်ရင်း သာယာတဲ့ အိမ်ထောင်ရေးကို နှစ်ကိုယ်တူပုံဖော်နေကြတာပဲဖြစ်ပါတယ်။ ဇနီးချောလေးကို ကြင်ကြင်နာနာရှိလွန်းလှတဲ့ ရွှေထူးကတော့ လတ်တလောမှာလည်း စိတ်ကောက်နေတဲ့ ဇနီးချောလေးကို လိုက်စနေတဲ့ ဗီဒီယိုလေးတစ်ခုကို လူမှုကွန်ယက်မှာ ဝေမျှပေးထားတာ တွေ့ရပါတယ်။ စိတ်ဆိုးနေတဲ့ မိန်းမဖြစ်သူကို မချစ်ပဲမနေနိုင်ဖြစ်နေတဲ့ ရွှေထူးကတော့ တကယ့်ကို ချစ်တတ်လွန်းတဲ့ ခင်ပွန်းကောင်းပဲ ဖြစ်ပါတယ်။



မိုမိုလေးချစ်ပရိသတ်တွေအတွက် စိတ်ကောက်တတ်လွန်းတဲ့ ချစ်ဇနီးလေးကို မချစ်ပဲမနေနိုင်တဲ့အကြောင်း ကြည်နူးစွာ ထုတ်ပြောလာတဲ့ ရွှေထူးရဲ့အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။



ရွှေထူးကတော့ “Kyun taw ma chit pae nay ma lr… D akg lay ko 🍭ှ” “ကျွန်တော် မချစ်ပဲနေမလား ဒီအကောင်လေးကို🍭ှ” ဆိုပြီး ဇနီးလေးရဲ့ဗီဒီယိုလေးကို အသည်းယားလွန်းစွာ တင်ထားတာပါ။


စိတ်ကောက်ပြီး ကလေးတစ်ယောက်လို လျှောက်သွားနေတဲ့ ရွှေမှုံလေးရဲ့ချစ်စရာဗီဒီယိုလေး


အဆိုတော်ရွှေထူးနဲ့ မင်းသမီးချောလေး ရွှေမှုံရတီတို့နှစ်ဦးကတော့ ပြီးခဲ့တဲ့ ၂၀၁၈ နိုဝင်ဘာလ ၁၁ရက်နေ့က နှစ်ဦးသဘောတူ လက်ထပ်မင်္ဂလာပွဲ ဆင်နွှဲခဲ့ကြတာဖြစ်ပြီး အခုဆိုရင် အိမ်ထောင်သက်တမ်း ၇ လကျော်သွားပြီပဲ ဖြစ်ပါတယ်။ သူတို့ဇနီးမောင်နှံနှစ်ဦးကတော့ လက်ရှိမှာ တစ်ဦးနဲ့တစ်ဦး နားလည်မှုတွေ အပြည့်နဲ့ အခက်အခဲတွေကိုရင်ဆိုင်ပြီး ခိုင်ခိုင်မြဲ လက်တွဲထားကြတာပဲ ဖြစ်ပါတယ်။ မိုမိုလေးချစ်ပရိသတ်တွေလည်း အရမ်းကို Ro လွန်းတဲ့ ရွှေနှစ်ရွှေစုံတွဲလေးကိုချစ်ရင် Share သွားကြဖို့ မမေ့ပါနဲ့နော်။



Myint Myat
Source:Htoo Khant’s Facebook

Credit  \\  original

Recent Updates

Recent Posts Widget