“အဂၢနီ ဆိုုတဲ႔ နာမည္နဲ႔ (Rock) အျပင္းစားေတြလုုပ္ခဲ႔တာကို ေျပာျပတဲ႔ ျဖိဳးျမတ္ေအာင္။”
ျမန္မာ အိုင္ေဒါျပိဳင္ပြဲကေန တက္လွမ္းလာတဲ့ ျဖိဳးျမတ္ေအာင္ကိုေတာ့ ပရိသတ္ ၾကီးငယ္မေရြး အားေပးၾကသလို PMA ဆိုတဲ့
နာမည္အတိုေကာက္ကို သံုးစြဲသူ မ်ားပါတယ္။ ဒါေပပမဲ့ ကာယကံရွင္ကေတာ့ နာမည္အရင္း သံုးခဲ့မိတာကို ပိန္းတယ္လို႔
ထင္ျပီး တစ္ျခား ေျပာင္းခ်င္တဲ့ နာမည္ ရွိေနပါတယ္။ ျဖိဳးျမတ္ေအာင္ သေဘာက်တဲ့ ေနာက္ထပ္ နာမည္တစ္ခုကိုေတာ့
အင္တာဗ်ဴးမွာ ခုလို ေျဖၾကားသြားပါတယ္။
“အဂၢနီဆိုတဲ့ နာမည္တုန္းက ကၽြန္ေတာ္ Rock အျပင္းေတြပဲ ဖန္တီးျဖစ္တာ မ်ားတယ္။ အဲ့ေတာ့ ကၽြန္ေတာ့္မွာ ေယာက်္ားေလး
ပရိသတ္ ရွိတယ္။ အဲ့တုန္းက ခ်မျပတာပဲ ရွိတယ္။ ကၽြန္ေတာ္ ဖန္တီးတာ Rock အျပင္းေတြပဲ မ်ားတယ္။ ျမန္မာ အိုင္ေဒါလည္း
ေရာက္ေရာ သီခ်င္းေတြက ကိုယ့္အားေပးတဲ့ လူေတြက ေယာက်္ားေလးေတြပဲ မဟုတ္ေတာ့ဘဲ မိန္းကေလးေတြလည္း
ပါလာတယ္။ အၾကီးပိုင္းေတြေရာ အငယ္ပိုင္းေတြပါ ပါလာတယ္ ဆိုေတာ့ အားလံုးနဲ႔ လိုက္ဖက္ေအာင္ လုပ္ရတာ။ ကိုယ္
ၾကိဳက္တာၾကီးပဲ ခ်ျပရင္ အားလံုးနဲ႔ နားမဝင္တာ ရွိမယ္ေလ။” ဆိုျပီး ေျပာျပသြားပါတယ္။
ျဖိဳးျမတ္ေအာင္ဆုိတဲ့ နာမည္ကိုပဲ သံုးျဖစ္ခဲ့တာ ပိန္းလို႔ ျဖစ္ေၾကာင္း ခုလို ေျပာျပသြားပါတယ္။
“ကၽြန္ေတာ္က ပိန္းတယ္လို႔ပဲ ေျပာရမလား မသိဘူး။ ျပိဳင္ပြဲဝင္တဲ့အခ်ိန္မွာ form ျဖည့္ရတယ္ေလ။ ကိုယ့္နာမည္ အရင္းနဲ႔ပဲ
ကိုယ္ျပိဳင္ရမယ္ မွတ္တာ။ မွတ္ပံုတင္ထဲက နာမည္နဲ႔ပဲ ျပိဳင္လိုက္တာ။ အဲ့ဒီအခ်ိန္မွာ ျပိဳင္ပြဲက အဆင့္ဆင့္ ခရီးေရာက္ေနျပီ live
ေတာ့ မလႊင့္ေသးဘူး။ ရံုးကို သြားေျပာျပီး နာမည္ေလး ေျပာင္းခ်င္လို႔ပါ ဆိုေတာ့ မင္း မရေတာ့ဘူးေလ။ ေတာ္ေတာ္ေလး
ခရီးေရာက္ေနျပီဆိုေတာ့ ျဖိဳးျမတ္ေအာင္ဆိုတဲ့ ေနရာကေန အဂၢနီလို႔ ေျပာင္းသြားရင္ ဘယ္သူမွန္း မသိ ျဖစ္သြားလိမ့္မယ္ဆိုလို႔
ကၽြန္ေတာ့္မွာ မေျပာင္းလိုက္ရတာ။ ဒီျဖင့္ဆိုရင္ အဂၢနီဆိုတဲ့ နာမည္နဲ႔ ျပိဳင္မွာ ။ ကိုယ္ပိန္းတာ။” လို႔ ဆိုပါတယ္။
ပရိသတ္ေတြ အမ်ိဳးမ်ိဳး ေခၚေနၾကတဲ့ နာမည္ေျပာင္ေတြကိုလည္း ခုလိုမ်ိဳး ဟာသေႏွာကာ ေျပာျပသြားပါတယ္။
“ကိုယ္ေခၚေစခ်င္တာက အဂၢနီလို႔ ေခၚေစခ်င္တာ။ ဒါေပမဲ့ ျဖိဳးျမတ္ေအာင္လို႔ ေခၚလည္း ေခၚေပါ့။ ကိုျဖိဳးေခၚလို႔လည္း အဂၢနီလို႔
ေခၚခ်င္လည္း ရတယ္။ အဓိကကေတာ့ ပညတ္ေတြပါပဲ။ ကုလားမလို႔ ေခၚတဲ့သူလည္း ရွိတယ္။ ကတံုးနဲ႔ တံုးက ဖားစည္လို႔
ေခၚတဲ့သူလည္း ရွိတယ္။ ဘုန္းၾကီးဝတ္တုန္းက လူက မည္းမည္းသဲသဲနဲ႔ ဝလာေတာ့ သူၾကီး ဘစီ ဆိုျပီး ေခၚၾကတယ္” လို႔
ဆိုပါတယ္။
Solo album ထြက္ျပီး ေနာက္ album ေတြ ျပန္ထြက္ရင္ ျဖိဳးျမတ္ေအာင္ ဆိုတဲ့ နာမည္ကို အဂၢနီလို႔ ေျပာင္းျဖစ္ဖို႔ မ်ားတယ္
ဆိုျပီး အင္တာဗ်ဴးက တဆင့္ ေျပာျပသြားခဲ့ပါတယ္။
Credit \\ original
Unicodeဖြင့်ဖတ်ရန်
မြန်မာ အိုင်ဒေါပြိုင်ပွဲကနေ တက်လှမ်းလာတဲ့ ဖြိုးမြတ်အောင်ကိုတော့ ပရိသတ် ကြီးငယ်မရွေး အားပေးကြသလို PMA ဆိုတဲ့
နာမည်အတိုကောက်ကို သုံးစွဲသူ များပါတယ်။ ဒါပေပမဲ့ ကာယကံရှင်ကတော့ နာမည်အရင်း သုံးခဲ့မိတာကို ပိန်းတယ်လို့
ထင်ပြီး တစ်ခြား ပြောင်းချင်တဲ့ နာမည် ရှိနေပါတယ်။ ဖြိုးမြတ်အောင် သဘောကျတဲ့ နောက်ထပ် နာမည်တစ်ခုကိုတော့
အင်တာဗျူးမှာ ခုလို ဖြေကြားသွားပါတယ်။
“အဂ္ဂနီဆိုတဲ့ နာမည်တုန်းက ကျွန်တော် Rock အပြင်းတွေပဲ ဖန်တီးဖြစ်တာ များတယ်။ အဲ့တော့ ကျွန်တော့်မှာ
ယောကျ်ားလေး ပရိသတ် ရှိတယ်။ အဲ့တုန်းက ချမပြတာပဲ ရှိတယ်။ ကျွန်တော် ဖန်တီးတာ Rock အပြင်းတွေပဲ
များတယ်။ မြန်မာ အိုင်ဒေါလည်း ရောက်ရော သီချင်းတွေက ကိုယ့်အားပေးတဲ့ လူတွေက ယောကျ်ားလေးတွေပဲ
မဟုတ်တော့ဘဲ မိန်းကလေးတွေလည်း ပါလာတယ်။ အကြီးပိုင်းတွေရော အငယ်ပိုင်းတွေပါ ပါလာတယ် ဆိုတော့ အားလုံးနဲ့
လိုက်ဖက်အောင် လုပ်ရတာ။ ကိုယ် ကြိုက်တာကြီးပဲ ချပြရင် အားလုံးနဲ့ နားမဝင်တာ ရှိမယ်လေ။” ဆိုပြီး ပြောပြသွားပါတယ်။
ဖြိုးမြတ်အောင်ဆိုတဲ့ နာမည်ကိုပဲ သုံးဖြစ်ခဲ့တာ ပိန်းလို့ ဖြစ်ကြောင်း ခုလို ပြောပြသွားပါတယ်။
“ကျွန်တော်က ပိန်းတယ်လို့ပဲ ပြောရမလား မသိဘူး။ ပြိုင်ပွဲဝင်တဲ့အချိန်မှာ form ဖြည့်ရတယ်လေ။ ကိုယ့်နာမည်
အရင်းနဲ့ပဲ ကိုယ်ပြိုင်ရမယ် မှတ်တာ။ မှတ်ပုံတင်ထဲက နာမည်နဲ့ပဲ ပြိုင်လိုက်တာ။ အဲ့ဒီအချိန်မှာ ပြိုင်ပွဲက အဆင့်ဆင့်
ခရီးရောက်နေပြီ live တော့ မလွှင့်သေးဘူး။ ရုံးကို သွားပြောပြီး နာမည်လေး ပြောင်းချင်လို့ပါ ဆိုတော့ မင်း မရတော့ဘူးလေ။
တော်တော်လေး ခရီးရောက်နေပြီဆိုတော့ ဖြိုးမြတ်အောင်ဆိုတဲ့ နေရာကနေ အဂ္ဂနီလို့ ပြောင်းသွားရင် ဘယ်သူမှန်း မသိ
ဖြစ်သွားလိမ့်မယ်ဆိုလို့ ကျွန်တော့်မှာ မပြောင်းလိုက်ရတာ။ ဒီဖြင့်ဆိုရင် အဂ္ဂနီဆိုတဲ့ နာမည်နဲ့ ပြိုင်မှာ ။ ကိုယ်ပိန်းတာ။”
လို့ ဆိုပါတယ်။
ပရိသတ်တွေ အမျိုးမျိုး ခေါ်နေကြတဲ့ နာမည်ပြောင်တွေကိုလည်း ခုလိုမျိုး ဟာသနှောကာ ပြောပြသွားပါတယ်။
“ကိုယ်ခေါ်စေချင်တာက အဂ္ဂနီလို့ ခေါ်စေချင်တာ။ ဒါပေမဲ့ ဖြိုးမြတ်အောင်လို့ ခေါ်လည်း ခေါ်ပေါ့။ ကိုဖြိုးခေါ်လို့လည်း
အဂ္ဂနီလို့ ခေါ်ချင်လည်း ရတယ်။ အဓိကကတော့ ပညတ်တွေပါပဲ။ ကုလားမလို့ ခေါ်တဲ့သူလည်း ရှိတယ်။ ကတုံးနဲ့ တုံးက
ဖားစည်လို့ ခေါ်တဲ့သူလည်း ရှိတယ်။ ဘုန်းကြီးဝတ်တုန်းက လူက မည်းမည်းသဲသဲနဲ့ ဝလာတော့ သူကြီး ဘစီ ဆိုပြီး
ခေါ်ကြတယ်” လို့ ဆိုပါတယ်။
Solo album ထွက်ပြီး နောက် album တွေ ပြန်ထွက်ရင် ဖြိုးမြတ်အောင် ဆိုတဲ့ နာမည်ကို အဂ္ဂနီလို့ ပြောင်းဖြစ်ဖို့ များတယ်
ဆိုပြီး အင်တာဗျူးက တဆင့် ပြောပြသွားခဲ့ပါတယ်။
Credit \\ original


