ဆရာ၊ဆရာမေတြေနဖုိ႔ အိမ္ယာကို ကိုယ္ထူကိုယ္ထေဆာက္ေပးေနၾကတဲ့ ေဒသခံအမ်ိဳးသမီးမ်ား





စစ္ကိုင္းတိုင္းေဒသႀကီး ကသာခရိုင္ အင္းေတာ္ၿမိဳ႕နယ္ထဲမွာရွိတဲ့ ကြင္းေခ်ာင္းေက်းရြာအုပ္စုက ကြင္း ေခ်ာင္း အ.လ.က မွာစာသင္ၾကားေပးမယ့္ ဆရာဆရာမေတြေနထိုင္ဖုိ႔ ေဒသခံေတြက ကိုယ္ထူကိုယ္ထ စနစ္နဲ႔ ေဆာက္လုပ္ေပးေနၾကတယ္လုိ႔ ကြင္းေခ်ာင္း အ.လ.က ရဲ႕ ေက်ာင္းအုပ္ျဖစ္သူ ဆရာဦးေက်ာ္စြာလင္းကဘီဘီစီကိုေျပာပါတယ္။


၀န္ထမ္းအိမ္ရာမရွိတဲ့အတြက္ တာ၀န္က်ဆရာ၊ဆရာမေတြအေနနဲ႔ ရပ္ကြက္ထဲက ေနအိမ္ေတြမွာ တစ္ေယာက္စီလိုက္ေနရတာမ်ိဳးေတြလည္းရွိခဲ့တယ္လို႔ ဆရာဦးေက်ာ္စြာလင္းကေျပာျပပါတယ္။

‘‘ ကြ်န္ေတာ္ေရာက္လာေတာ့ ဆရာေလးတစ္ေယာက္ကေတာ့ ရပ္ကြက္ရံုးမွာေနတယ္။ ကြ်န္ေတာ္က ေဆးခန္းမွာကပ္ေနတယ္။ ဒီႏွစ္က်ေတာ့ ေဆးခန္းကလည္းသူ႔ပိုင္ရွင္နဲ႔သူျဖစ္သြားၿပီဆုိေတာ့ ေက်ာင္းစာ ၾကည့္တိုက္ေနရာေလးကို ေျပာင္းေနရတယ္။ ’’လို႔ ၀န္ထမ္းအိမ္ရာမရွိေသးတဲ့ အေျခအေနကို ဆရာဦးေက်ာ္စြာ လင္းကေျပာျပပါတယ္။



ဒါေၾကာင့္လည္း ကြင္းေခ်ာင္း ေက်းရြာအုပ္စုအတြင္းက ကား(ဆယ္အိမ္စု) အလိုက္ ကားေခါင္း(ဆယ္အိမ္စုေခါင္းေဆာင္) ေတြကေန လူစုၿပီး ေတာထဲ သစ္၀ါးခုတ္တာကစလုိ႔ ေနအိမ္ေတြ ေဆာက္လုပ္တဲ့ေနရာမွာလည္း အမ်ိဳးသားေရာ အမ်ိဳးသမီးေတြပါ အကုန္ႏိုင္တဲ့ တာ၀န္ကို ယူၿပီး လုပ္ေပးေနၾကတာ ျဖစ္တယ္လုိ႔ ေဒသခံအမ်ိဳးသမီးျဖစ္တဲ့ ေဒၚေသာင္းျမက ေျပာျပပါတယ္။

Credit  \\  original

#Unicode Version

စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် အင်းတော်မြို့နယ်ထဲမှာရှိတဲ့ ကွင်းချောင်းကျေးရွာအုပ်စုက ကွင်း ချောင်း အ.လ.က မှာစာသင်ကြားပေးမယ့် ဆရာဆရာမတွေနေထိုင်ဖို့ ဒေသခံတွေက ကိုယ်ထူကိုယ်ထ စနစ်နဲ့ ဆောက်လုပ်ပေးနေကြတယ်လို့ ကွင်းချောင်း အ.လ.က ရဲ့ ကျောင်းအုပ်ဖြစ်သူ ဆရာဦးကျော်စွာလင်းကဘီဘီစီကိုပြောပါတယ်။

ဝန်ထမ်းအိမ်ရာမရှိတဲ့အတွက် တာဝန်ကျဆရာ၊ဆရာမတွေအနေနဲ့ ရပ်ကွက်ထဲက နေအိမ်တွေမှာ တစ်ယောက်စီလိုက်နေရတာမျိုးတွေလည်းရှိခဲ့တယ်လို့ ဆရာဦးကျော်စွာလင်းကပြောပြပါတယ်။

‘‘ ကျွန်တော်ရောက်လာတော့ ဆရာလေးတစ်ယောက်ကတော့ ရပ်ကွက်ရုံးမှာနေတယ်။ ကျွန်တော်က ဆေးခန်းမှာကပ်နေတယ်။ ဒီနှစ်ကျတော့ ဆေးခန်းကလည်းသူ့ပိုင်ရှင်နဲ့သူဖြစ်သွားပြီဆိုတော့ ကျောင်းစာ ကြည့်တိုက်နေရာလေးကို ပြောင်းနေရတယ်။ ’’လို့ ဝန်ထမ်းအိမ်ရာမရှိသေးတဲ့ အခြေအနေကို ဆရာဦးကျော်စွာ လင်းကပြောပြပါတယ်။

ဒါကြောင့်လည်း ကွင်းချောင်း ကျေးရွာအုပ်စုအတွင်းက ကား(ဆယ်အိမ်စု) အလိုက် ကားခေါင်း(ဆယ်အိမ်စုခေါင်းဆောင်) တွေကနေ လူစုပြီး တောထဲ သစ်ဝါးခုတ်တာကစလို့ နေအိမ်တွေ ဆောက်လုပ်တဲ့နေရာမှာလည်း အမျိုးသားရော အမျိုးသမီးတွေပါ အကုန်နိုင်တဲ့ တာဝန်ကို ယူပြီး လုပ်ပေးနေကြတာ ဖြစ်တယ်လို့ ဒေသခံအမျိုးသမီးဖြစ်တဲ့ ဒေါ်သောင်းမြက ပြောပြပါတယ်။

Credit  \\  original

Recent Updates

Recent Posts Widget