(၁) လမ်းမမှားတော့ဘူး ”
(၂) အောင်မြင်မယ် ”
(၃) လူချစ်လူခင်ပေါမယ် ”
(၄) အသက်ရှည်မယ် ”
(၅) ကံကောင်းနေမယ် ”
Em Em
Credit \ original
Unicode
“မိဘ၊ အဖိုးအဖွားတွေအပေါ် သိတတ်တဲ့သူတွေသာ ရမယ့် ကံကောင်းခြင်း (၅) မျိုး”
လူကြီးမိဘတွေကို သိတတ်လိမ္မာရင် ကံကောင်းမယ်ဆိုတာ တော်တော်များများ ကြားဖူးကြမှာပါ။ ဒါပေမယ့်လည်း တကယ်လုပ်တဲ့သူကတော့ နည်းပါတယ်။
တကယ်စိတ်ရင်း အမှန်နဲ့ မိဘ၊ အဖိုးအဖွားတွေအပေါ်ကို သိတတ်တဲ့ သူတွေ ရရှိမယ့် ကံကောင်းခြင်းတွေကို ဖော်ပြပေးလိုက်ပါတယ် နော် …….
(၁) လမ်းမမှားတော့ဘူး ”
မိဘ၊ အဖိုးအဖွားတွေဆိုတာ လူ့လောကအကြောင်းကို အများကြီး နားလည်ပြီးတဲ့သူတွေပါ။ ဒါကြောင့် သူတို့ပေးတဲ့ အကြံဉာဏ်တွေ၊ သူတို့ရဲ့ ပြောစကားကို နားထောင်ခြင်းဖြင့် လမ်းမှားကိုရောက်တော့မှာ မဟုတ်ပါဘူး။ မိဘ၊ အဖိုးအဖွားတွေက မှန်ကန်တဲ့လမး်တွေကို ညွှန်ပြပေးနိုင်တဲ့ မီးအိမ်ရှင်တွေပဲ ဖြစ်ပါ တယ် …။
(၂) အောင်မြင်မယ် ”
မိဘ၊ အဖိုးအဖွားတွေကို သိတတ်တဲ့သူ၊ ရိုသေတဲ့သူတွေဟာ အောင်မြင်မှုကို ရရှိကြပါတယ်။ ကံကောင်းခြင်းတွေက သူတို့နောက်ကို အမြဲလိုက်နေပြီး ကြံတိုင်းအောင်၊ လုပ်သမျှမှာ ကောင်းမွန်တဲ့ အသီးအပွင့်တွေကို တွေ့မြင်ရကြပါတယ် …။
(၃) လူချစ်လူခင်ပေါမယ် ”
မိဘ၊ အဖိုးအဖွားတွေကို သိတတ်တဲ့သူတွေဟာ လူချစ်လူခင်ပေါများကြပါတယ်။ ရောက်လေရမှာ ကူညီမယ့်သူ၊ အားပေးမယ့်သူတွေနဲ့ တွေ့ဆုံကြပါတယ်။ ဒါတင်မကပဲ ကိုယ့်အပေါ် တကယ်ကောင်းတဲ့ လက်တွဲဖော်၊ သူငယ်ချင်း၊ မိတ်ဆွေကောင်းတွေနဲ့ တွေ့ဆုံရမှာပါ …။
(၄) အသက်ရှည်မယ် ”
မိဘ၊ အဖိုးအဖွားတွေကို သိတတ်ပြီး ရိုသေတဲ့သူတွေဟာ အသက်ရှည်ခြင်း၊ ကျန်းမာခြင်းဆုလာဘ်ကို ရရှိကြပါတယ်။ ရောဂါဘယတွေ ကင်းစင်ပြီး စိတ်ပျိုကိုယ်နုတဲ့အပြင် အသက်ရှည်ပြီး အိုဇာတာလည်း ကောင်းတတ်ကြပါတယ် …။
(၅) ကံကောင်းနေမယ် ”
မိဘ၊ အဖိုးအဖွားတွေကို ရိုသေပြီး သိတတ်တဲ့သူတွေဟာ ရောက်လေရာမှာ ကံကောင်းကြပါတယ်။ ဘာပဲလုပ်လုပ် သူများတွေထက် သာလွန်ကြပြီး အမြဲလိုလို ကံကောင်းနေမှာပါ။ ဘေးမသီရန်မခဘဲ လိုရာခရီးပန်းတိုင်ကို ရောက်နိုင်ကြသလို၊ အဆင့်အတန်းမြင့်မြင့်နဲ့ ကံကောင်းစွာ နေထိုင်ကြရမှာပါ နော် …။ ။
Em Em
Credit \ original