ဇြန္ ၂၂ ရက္မွစ၍ ရန္ကုန္ျမိဳ႕ႏွင့္ မႏၲေလးၿမိဳ႕မ်ားတြင္ မီးမပ်က္ေတာ့
ဇြန္ ၂၂ ရက္မွစ၍ ရန္ကုန္ႏွင့္ မႏၲေလးၿမိဳ႕မ်ားတြင္ မီးမပ်က္ေတာ့
ဇြန္ ၂၂ ရက္(စေနေန႔)မွ စတင္၍ ရန္ကုန္ၿမိဳ႕ႏွင့္ မႏၱေလးၿမိဳ႕မ်ားတြင္ လွ်ပ္စစ္မီးအလွည့္က်ေပးသည့္စနစ္ ဖ်က္သိမ္းၿပီး အခ်ိန္ျပည့္ ျပန္လည္ေပးအပ္မည္ျဖစ္ေၾကာင္း လွ်ပ္စစ္ႏွင့္စြမ္းအင္ဝန္ႀကီးဌာန ဒုတိယအၿမဲတမ္းအတြင္းဝန္ ဦးစိုးျမင့္က News Watch ကို ေျပာသည္။
”ကြၽန္ေတာ္တို႔ စေနေန႔ကစၿပီးေတာ့ ရန္ကုန္၊ မႏၱေလးကို အျပည့္ေပးပါၿပီ။ အလွည့္က်မလုပ္ဖို႔ ေျပာထားၿပီးပါၿပီ။ ဆည္ေတြကေတာ့ အကုန္လံုးေမာင္းထုတ္လိုက္ရတဲ့ဆည္ေတြ ရွိတယ္ေလ။ အဲဒီ ဆည္ေတြက်ေတာ့ ကြၽန္ေတာ္တို႔သတ္မွတ္တဲ့ အင္ဂ်င္စေမာင္းလို႔ရတဲ့ေနရာရွိတယ္။ တခ်ဳိ႕ဟာေလးေတြက ေစာင့္ရမွာမို႔လို႔ မနက္ျဖန္ (ဇြန္ ၂၂ ရက္)ေလာက္ထိေစာင့္ၿပီးေတာ့လုပ္မယ္။ ရတဲ့ဆည္ကိုေပါင္းၿပီးေတာ့ ရသေလာက္ေမာင္းေတာ့မယ္။ အဓိကကေတာ့ ရန္ကုန္နဲ႔ မႏၱေလးကိုေပးမွာေပါ့။ နယ္ေလးေတြကေတာ့ နည္းနည္းေတာ့က်န္ဦးမယ္။ တျဖည္းျဖည္းနဲ႔အလွည့္ က်ေပးတာကိုေတာ့ ေလ်ာ့သြားေအာင္လုပ္ သြားပါ့မယ္”ဟု ၎က ေျပာသည္။
ေႏြကာလအတြင္း ေရအားလွ်ပ္စစ္ထုတ္လုပ္ရန္အတြက္ ဆည္မ်ားရွိ လက္က်န္ေရမ်ား ေလ်ာ့နည္းျခင္း၊ မိုးဦးကာလ ေရာက္ရွိေသာ္လည္း ဆည္ေရဝင္ေရာက္မႈ နည္းပါးျခင္းတုိ႔ေၾကာင့္ လွ်ပ္စစ္မီးကို အလွည့္က်ေပးသည့္စနစ္ က်င့္သံုးခဲ့ရေၾကာင္း သိရသည္။
၂ဝ၁၉ ခုႏွစ္ ဇြန္လအတြင္း လွ်ပ္စစ္ဓာတ္အား လိုအပ္ခ်က္အား ျဖည့္ဆည္းေပးႏုိင္ရန္ အပူစြမ္းအင္သံုးဓာတ္အားေပးစက္႐ံုမ်ားအား Base Load အျဖစ္ ေမာင္းႏွင္လ်က္ လွ်ပ္စစ္ဓာတ္အားအဓိက ထုတ္လုပ္ေပးလ်က္ရွိၿပီး ေရအားလွ်ပ္စစ္ဓာတ္အားေပးစက္႐ံုမ်ားကိုမူ ဆည္ေရလက္က်န္အေျခအေနအရ ထိန္းညႇိေမာင္းႏွင္လ်က္ရွိေၾကာင္း လွ်ပ္စစ္ႏွင့္စြမ္းအင္ဝန္ႀကီးဌာနက ဇြန္ ၁၂ ရက္တြင္ သတင္း ထုတ္ျပန္ခဲ့သည္။
တႏိုင္ငံလံုးအတိုင္အတာအျဖစ္ ဇြန္ ၁၈ ရက္က အျမင့္ဆံုးလွ်ပ္စစ္ဓာတ္အား ထုတ္လုပ္မႈ ၂၉၆၃ ဒသမ ၁ မဂၢါဝပ္ျဖစ္ ကာ သံုးစြဲမႈမွာ ေနျပည္ေတာ္တြင္ ၁၃၉ ဒသမ ၄ မဂၢါဝပ္၊ ရန္ကုန္တြင္ ၁၂၉ဝ မဂၢါဝပ္၊ မႏၱေလးတြင္ ၅၆၁ မဂၢါဝပ္၊ အျခား တိုင္းေဒသႀကီးႏွင့္ ျပည္နယ္မ်ားတြင္ ၁၁၂၁ မဂၢါဝပ္ရွိၿပီး ဇြန္ ၁၉ ရက္က အျမင့္ ဆံုး လွ်ပ္စစ္ဓာတ္အားထုတ္လုပ္မႈမွာ ၂၉၆၃ မဂၢါဝပ္ျဖစ္ကာ သံုးစြဲမႈမ်ားေနျပည္ ေတာ္တြင္ ၁၃၆ မဂၢါဝပ္၊ ရန္ကုန္တြင္ ၁၃ဝ၄ မဂၢါဝပ္၊ မႏၱေလးတြင္ ၅၈၁ ဒသမ ၃ မဂၢါဝပ္၊ အျခားတိုင္းေဒသႀကီးႏွင့္ ျပည္နယ္မ်ားတြင္ ၁ဝ၉၈ မဂၢါဝပ္ရွိေၾကာင္း လွ်ပ္စစ္ႏွင့္ စြမ္းအင္ဝန္ႀကီးဌာနမွ သိရသည္။
TCM
ဓါတ္ပံု-ေရႊဖီး
News Watch
credit \\ original
Unicode ျဖင့္ဖတ္ရန္
ဇွန် ၂၂ ရက်မှစ၍ ရန်ကုန်နှင့် မန္တလေးမြို့များတွင် မီးမပျက်တော့
ဇွန် ၂၂ ရက်(စနေနေ့)မှ စတင်၍ ရန်ကုန်မြို့နှင့် မန္တလေးမြို့များတွင် လျှပ်စစ်မီးအလှည့်ကျပေးသည့်စနစ် ဖျက်သိမ်းပြီး အချိန်ပြည့် ပြန်လည်ပေးအပ်မည်ဖြစ်ကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန် ဦးစိုးမြင့်က News Watch ကို ပြောသည်။
”ကျွန်တော်တို့ စနေနေ့ကစပြီးတော့ ရန်ကုန်၊ မန္တလေးကို အပြည့်ပေးပါပြီ။ အလှည့်ကျမလုပ်ဖို့ ပြောထားပြီးပါပြီ။ ဆည်တွေကတော့ အကုန်လုံးမောင်းထုတ်လိုက်ရတဲ့ဆည်တွေ ရှိတယ်လေ။ အဲဒီ ဆည်တွေကျတော့ ကျွန်တော်တို့သတ်မှတ်တဲ့ အင်ဂျင်စမောင်းလို့ရတဲ့နေရာရှိတယ်။ တချို့ဟာလေးတွေက စောင့်ရမှာမို့လို့ မနက်ဖြန် (ဇွန် ၂၂ ရက်)လောက်ထိစောင့်ပြီးတော့လုပ်မယ်။ ရတဲ့ဆည်ကိုပေါင်းပြီးတော့ ရသလောက်မောင်းတော့မယ်။ အဓိကကတော့ ရန်ကုန်နဲ့ မန္တလေးကိုပေးမှာပေါ့။ နယ်လေးတွေကတော့ နည်းနည်းတော့ကျန်ဦးမယ်။ တဖြည်းဖြည်းနဲ့အလှည့် ကျပေးတာကိုတော့ လျော့သွားအောင်လုပ် သွားပါ့မယ်”ဟု ၎င်းက ပြောသည်။
နွေကာလအတွင်း ရေအားလျှပ်စစ်ထုတ်လုပ်ရန်အတွက် ဆည်များရှိ လက်ကျန်ရေများ လျော့နည်းခြင်း၊ မိုးဦးကာလ ရောက်ရှိသော်လည်း ဆည်ရေဝင်ရောက်မှု နည်းပါးခြင်းတို့ကြောင့် လျှပ်စစ်မီးကို အလှည့်ကျပေးသည့်စနစ် ကျင့်သုံးခဲ့ရကြောင်း သိရသည်။
၂ဝ၁၉ ခုနှစ် ဇွန်လအတွင်း လျှပ်စစ်ဓာတ်အား လိုအပ်ချက်အား ဖြည့်ဆည်းပေးနိုင်ရန် အပူစွမ်းအင်သုံးဓာတ်အားပေးစက်ရုံများအား Base Load အဖြစ် မောင်းနှင်လျက် လျှပ်စစ်ဓာတ်အားအဓိက ထုတ်လုပ်ပေးလျက်ရှိပြီး ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံများကိုမူ ဆည်ရေလက်ကျန်အခြေအနေအရ ထိန်းညှိမောင်းနှင်လျက်ရှိကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက ဇွန် ၁၂ ရက်တွင် သတင်း ထုတ်ပြန်ခဲ့သည်။
တနိုင်ငံလုံးအတိုင်အတာအဖြစ် ဇွန် ၁၈ ရက်က အမြင့်ဆုံးလျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု ၂၉၆၃ ဒသမ ၁ မဂ္ဂါဝပ်ဖြစ် ကာ သုံးစွဲမှုမှာ နေပြည်တော်တွင် ၁၃၉ ဒသမ ၄ မဂ္ဂါဝပ်၊ ရန်ကုန်တွင် ၁၂၉ဝ မဂ္ဂါဝပ်၊ မန္တလေးတွင် ၅၆၁ မဂ္ဂါဝပ်၊ အခြား တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ၁၁၂၁ မဂ္ဂါဝပ်ရှိပြီး ဇွန် ၁၉ ရက်က အမြင့် ဆုံး လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုမှာ ၂၉၆၃ မဂ္ဂါဝပ်ဖြစ်ကာ သုံးစွဲမှုများနေပြည် တော်တွင် ၁၃၆ မဂ္ဂါဝပ်၊ ရန်ကုန်တွင် ၁၃ဝ၄ မဂ္ဂါဝပ်၊ မန္တလေးတွင် ၅၈၁ ဒသမ ၃ မဂ္ဂါဝပ်၊ အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ၁ဝ၉၈ မဂ္ဂါဝပ်ရှိကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ သိရသည်။
TCM
ဓါတ်ပုံ-ရွှေဖီး
News Watch
credit \\ original



