ကျွန်တော်ဟာကျွန်တော် ယောက်ျားချင်းစိတ်ဝင်စားတာ ခင်ဗျားတို့နဲ့ ဘာဆိုင်လဲလို့ ဒဲ့မေးလိုက်တဲ့ ယုန်လေး
အဆိုတော်တစ်ဦးအနေနဲ့ ပရိသတ်တွေရဲ့လက်ခံအားပေးခြင်းကို အပြည့်အဝရရှိထားတဲ့ ယုန်လေးကတော့ အခုဆိုရင် သရုပ်ဆောင်ပိုင်းမှာရော၊ ဒါရိုက်တာတစ်ဦးအနေနဲ့ပါ လုပ်နေရပြီပဲ ဖြစ်ပါတယ်။ အမြဲလိုလို ခံစားချက်တွေကို ပွင့်ပွင့်လင်းလင်းနဲ့ လူမှုကွန်ယက်မှာ ထုတ်ပြောတတ်တဲ့ ယုန်လေးကတော့ လတ်တလောမှာ ကျွန်တော်ဟာကျွန်တော် ယောက်ျားချင်းစိတ်ဝင်စားတာ ခင်ဗျားတို့နဲ့ ဘာဆိုင်လဲလို့ ဒဲ့မေးလိုက်တာ တွေ့ရပါတယ်။ ယုန်လေးရဲ့အမေးအောက်မှာတော့ ပရိသတ်တွေသာမက အနုပညာရှင်တွေကလည်း အံ့အားသင့်နေခဲ့ရတာပါနော်။
မိုမိုလေးချစ်ပရိသတ်တွေအတွက် ကျွန်တော့်ဟာကျွန်တော် ယောက်ျားချင်းစိတ်ဝင်စားတာ ခင်ဗျားတို့နဲ့ဘာဆိုင်လဲလို့ မေးခွန်းထုတ်လိုက်တဲ့ ယုန်လေးရဲ့အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။ယုန်လေးကတော့ “ကျွန်တော့ဟာကျွန်တော် ယောက်ျားချင်းစိတ်ဝင်စားတာ ခင်များတို့နဲ့ဘာဆိုင်လဲ??? ဂန်းစတားဖြစ်တိုင်း ယောက်ျားချင်းမချစ်ရတော့ဘူးလား???” ဆိုပြီး ဂန်းစတားဖြစ်တိုင်းလည်း ယောက်ျားချင်းမချစ်ရတော့ဘူးလားလို့လည်း ပြတ်ပြတ်သားသား မေးထားပါသေးတယ်။လတ်တလောမှာတော့ ယုန်လေးကိုယ်တိုင် ဒါရိုက်တာလုပ်ပြီး ရိုက်ကူးထားတဲ့ “သတိ အန္တရာယ်ရှိသည်” ရုပ်ရှင်ဇာတ်ကားကြီးကလည်း ရုံတင်ပြသနေတာဖြစ်ပြီး အားပေးတဲ့ ပရိသတ်တွေလည်း အမြောက်အမြားတွေ့ရပါတယ်။ မိုမိုလေးချစ်ပရိသတ်တွေလည်း သူ့ရဲ့ခံစားချက်တွေကို ပွင့်ပွင့်လင်းလင်းထုတ်ပြောလာတဲ့ ယုန်လေးရဲ့အကြောင်းကို ဘယ်လိုထင်မိလဲဆိုတာ ပြောသွားခဲ့ပါဦးနော်။
Emila
Source;Yone Lay’s Facebook
Credit \\ original




