“ေမြးေန႔ဆုေတာင္းေပးတဲ့သူတိုင္းရဲ႕ ေမတၱာေတြကို အနည္းေလးမွမက်န္ ခံစားရတယ္လို႔ ေျပာလိုက္တဲ့ အေမစု”





ဒီေန႔ဟာ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂိၢဳလ္ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ (၇၄)ႏွစ္ေျမာက္ ေမြးေန႔ပဲျဖစ္ပါတယ္….

ေမြးေန႔ဆုေတာင္းေပးတဲ့ ျပည္သူတစ္ေယာက္ခ်င္းစီတိုင္း နဲ႔ မိတ္ေဆြအားလံုးကို သူမရဲ႕ Facebook စာမ်က္ႏွာကေန ေက်းဇူးတင္လႊာျဖင့္ ျပန္လည္တုန္႔ျပန္ေရးသားထားပါတယ္….

ေက်းဇူးတင္လႊာ

ေမြးေန႔ဆုမြန္ေကာင္း ပို႔သေပးၾကကုန္ေသာ ႏိုင္ငံတစ္၀ွမ္းလံုးမွ ျပည္သူျပည္သားမ်ား၊ ကမၻာအရပ္ရပ္မွ ျပည္သူျပည္သားမ်ား၊ မိတ္ေဆြမ်ားအားလံုးအား ေက်းဇူးဥပကာရ အထူးပင္တင္ရွိပါသည္။

ျပည္သူျပည္သားမာ်း အားလံုးႏွလံုးစိတ္၀မ္း ေအးခ်မ္းၾကပါေစ။ လိုအပ္ဆႏၵအေပါင္း ျပည့္ဝႏိုင္ၾကပါေစ။ ျမန္မာႏိုင္ငံတစ္ဝွမ္းလံုး ေမတၱာစြမ္းအား၊ စုေပါင္းအားတို႔ျဖင့္ ၿငိမ္းခ်မ္းသာယာႏိုင္ပါေစ။ ျပည္သူ အားလံုးေမွ်ာ္လင့္ ေတာင့္တလ်က္ရွိသည့္ ဒီမိုကေရစီ ဖက္ဒရယ္ျပည္ေထာင္စုႀကီး အျမန္ဆံုး တည္ေဆာက္ႏုိင္ၾကပါေစ။ (ႏိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္ရံုး)


ကၽြန္မကိုေမြးေန႔ဆုေတာင္းေတြ ၊ ေမြးေန႔လက္ေဆာင္ေတြ ပို႔သသူမ်ားထဲမွ မိမိတို႔ေမတၱာ၊ ေစတနာနဲ႔ ပို႔သတာေတြကို ကၽြန္မသိမွသိပါေလစလို႔ စဥ္းစားတာ ရွိပါလိမ့္မယ္။ အမွန္အတိုင္းေျပာရရင္ အမည္တိုင္း၊ အမည္တိုင္းကို ကၽြန္မ မသိပါဘူး။

ဒါေပမယ့္ ပို႔သတဲ့ေမတၱာေတြကိုေတာ့ အနည္းေလးမွ မက်န္ ခံစားရပါတယ္။ ဒါဟာကၽြန္မရဲ႕ ယံုၾကည္ခ်က္ပါပဲ။ ေမတၱာနဲ႔ေပးတဲ့ ဆုတိုင္းထိေရာက္ပါတယ္။

ေကာင္းကင္ကက်လာတဲ့ မိုးေပါက္တိုင္းကို မသိႏိုင္ေပမယ့္ ဒီမိုးေပါက္မ်ားရဲ႕စုေပါင္းအားနဲ႔ ကမၻာေျမႀကီး စိမ္းလန္းစိုေျပသလိုပါပဲ။

မ်ားျပားလွေသာ ေမတၱာ၊ ေစတနာရွင္မ်ားရဲ႕အားနဲ႔ ရွင္သန္ေနတယ္လို႔ ေျပာရင္ မမွားပါဘူး။ (ေဒၚေအာင္ဆန္းစုၾကည္၊ ႏိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္)
==============================================


ႏိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ ဒီေန႔မွာက်ေရာက္တဲ့ (၇၄)ႏွစ္ျပည့္ေမြးေန႔မွာ ေပ်ာ္ရႊင္ပါေစလို႔ ေန႔စဥ္သတင္းႏွင့္သုတရသအျဖာျဖာ ေပ့စ္မွ ဆုေတာင္းေမတၱာပို႔သလိုက္ပါတယ္။

ေန႔စဥ္သတင္းႏွင့္သုတရသအျဖာျဖာ

Credit  \\   original

Unicode Version

ဒီနေ့ဟာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၇၄)နှစ်မြောက် မွေးနေ့ပဲဖြစ်ပါတယ်….

မွေးနေ့ဆုတောင်းပေးတဲ့ ပြည်သူတစ်ယောက်ချင်းစီတိုင်း နဲ့ မိတ်ဆွေအားလုံးကို သူမရဲ့ Facebook စာမျက်နှာကနေ ကျေးဇူးတင်လွှာဖြင့် ပြန်လည်တုန့်ပြန်ရေးသားထားပါတယ်….

ကျေးဇူးတင်လွှာ

မွေးနေ့ဆုမွန်ကောင်း ပို့သပေးကြကုန်သော နိုင်ငံတစ်ဝှမ်းလုံးမှ ပြည်သူပြည်သားများ၊ ကမ္ဘာအရပ်ရပ်မှ ပြည်သူပြည်သားများ၊ မိတ်ဆွေများအားလုံးအား ကျေးဇူးဥပကာရ အထူးပင်တင်ရှိပါသည်။

ပြည်သူပြည်သားမာျး အားလုံးနှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ။ လိုအပ်ဆန္ဒအပေါင်း ပြည့်ဝနိုင်ကြပါစေ။ မြန်မာနိုင်ငံတစ်ဝှမ်းလုံး မေတ္တာစွမ်းအား၊ စုပေါင်းအားတို့ဖြင့် ငြိမ်းချမ်းသာယာနိုင်ပါစေ။ ပြည်သူ အားလုံးမျှော်လင့် တောင့်တလျက်ရှိသည့် ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုကြီး အမြန်ဆုံး တည်ဆောက်နိုင်ကြပါစေ။ (နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ရုံး)
ကျွန်မကိုမွေးနေ့ဆုတောင်းတွေ ၊ မွေးနေ့လက်ဆောင်တွေ ပို့သသူများထဲမှ မိမိတို့မေတ္တာ၊ စေတနာနဲ့ ပို့သတာတွေကို ကျွန်မသိမှသိပါလေစလို့ စဉ်းစားတာ ရှိပါလိမ့်မယ်။ အမှန်အတိုင်းပြောရရင် အမည်တိုင်း၊ အမည်တိုင်းကို ကျွန်မ မသိပါဘူး။

ဒါပေမယ့် ပို့သတဲ့မေတ္တာတွေကိုတော့ အနည်းလေးမှ မကျန် ခံစားရပါတယ်။ ဒါဟာကျွန်မရဲ့ ယုံကြည်ချက်ပါပဲ။ မေတ္တာနဲ့ပေးတဲ့ ဆုတိုင်းထိရောက်ပါတယ်။

ကောင်းကင်ကကျလာတဲ့ မိုးပေါက်တိုင်းကို မသိနိုင်ပေမယ့် ဒီမိုးပေါက်များရဲ့စုပေါင်းအားနဲ့ ကမ္ဘာမြေကြီး စိမ်းလန်းစိုပြေသလိုပါပဲ။

များပြားလှသော မေတ္တာ၊ စေတနာရှင်များရဲ့အားနဲ့ ရှင်သန်နေတယ်လို့ ပြောရင် မမှားပါဘူး။ (ဒေါ်အောင်ဆန်းစုကြည်၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်)
==============================================
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဒီနေ့မှာကျရောက်တဲ့ (၇၄)နှစ်ပြည့်မွေးနေ့မှာ ပျော်ရွှင်ပါစေလို့ နေ့စဉ်သတင်းနှင့်သုတရသအဖြာဖြာ ပေ့စ်မှ ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်။

နေ့စဉ်သတင်းနှင့်သုတရသအဖြာဖြာ

Credit  \\   original

Recent Updates

Recent Posts Widget