ပွဲတက်လာသူတွေအကုန်လုံးကို မှင်သက်စေခဲ့တဲ့ ပန်းရောင်နတ်မိမယ်လေး ဖွေးဖွေးရဲ့ပွဲတက်ပုံရိပ်တွေ
နူးညံ့တဲ့ ပန်းပွင့်လေးလို လှရက်လွန်းတဲ့ မင်းသမီးချောလေး ဖွေးဖွေးကတော့ တမူထူးခြားတဲ့ သူမရဲ့အလှအပနဲ့ သရုပ်ဆောင်ပိုင်းမှာ ထူးချွန်လွန်းတာကြောင့်ပါ တစ်နေ့တစ်ခြား အောင်မြင်မှုတွေ တိုးတိုးလာသူလေးပါ။ လတ်တလောမှာတော့ ဖွေးဖွေးက Hearty Heart ရဲ့ Pinkest Event ကို မီးလင်းတဲ့ ချစ်စရာဂါဝန်လေးနဲ့ အလှဆုံး တက်ရောက်ခဲ့တာ တွေ့ရပါတယ်။ ပန်းနုရောင်ဂါဝန်လေးနဲ့ လှချင်တိုင်းလှနေတဲ့ ဖွေးဖွေးရဲ့ပုံရိပ်တွေကတော့ ပွဲတက်လာတဲ့သူတွေအကုန်လုံးကို မှင်သက်ငေးမောစေလောက်တဲ့အထိ လှရက်လွန်းနေတာပါနော်။
မိုမိုလေးချစ်ပရိသတ်တွေအတွက် ပန်းရောင်တွေ ခြုံလွှမ်းနေတဲ့ Hearty Heart ရဲ့ Pinkest Event လေးကို နတ်မိမယ်လေးလို အလှဆုံးတက်ရောက်ခဲ့တဲ့ ဖွေးဖွေးရဲ့ပွဲတက်ပုံရိပ်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။
ဖွေးဖွေးကတော့ “ဖွေး အရမ်းပျော်ခဲ့ရတဲ့ Hearty Heart ပန်းရောင်အဖြစ်ဆုံးပွဲ လေးပါပဲ 💗💗💗💗💗💗💗 HH’s the Pinkest Event Of The Year !!!!🌸🌸🌸” ဆိုပြီး သူမကို အလှဆုံးပံ့ပိုးပေးသူတွေကို ကျေးဇူးတင်ရင်း အလှပုံတွေကို လူမှုကွန်ယက်မှာ ဝေမျှပေးထားတာပါ။
ဆိုပါပွဲလေးကိုတော့ ဖွေးဖွေးအပြင် တစ်ခြားသော နာမည်ကြီး အနုပညာရှင်တွေကလည်း တက်ရောက်ခဲ့ကြတာ တွေ့ရပါတယ်။
ဘယ်အချိန်ကြည့်ကြည့် ရိုးမသွားတဲ့အလှကို ပိုင်ဆိုင်ထားတဲ့ ဖွေးဖွေးရဲ့အလှကတော့ တစ်နေ့တစ်ခြား ပိုပိုပြီး ရင့်ကျက်တည်ငြိမ်စွာ လှပလာတာပါနော်။
“Hearty Heart” ရဲ့ပွဲတစ်ခုလုံးမှာ ပရိသတ်တွေ စိတ်ဝင်စားမှုအများဆုံးဖြစ်ခဲ့ကြတဲ့ အကြောင်းအရာတစ်ခုကတော့ ချစ်စရာကောင်းတဲ့ ဖွေးဖွေးနဲ့ ဝတ်မှုံရွှေရည်တို့ ညီအမနှစ်ယောက်ရဲ့တွေ့ဆုံမှုလေးကြောင့်ပဲ ဖြစ်ပါတယ်။ ဖွေးဖွေးနဲ့ ဝတ်မှုံရွှေရည်တို့ညီအမနှစ်ယောက်ကတော့ ပွဲခင်းထဲမှာလည်း ချစ်ချစ်ခင်ခင်နဲ့ တစ်ယောက်လက်ကို တစ်ယောက်ဆွဲပြီး စင်ပေါ်အတူတက်ခဲ့ကြပါသေးတယ်နော်။
မြန်မာနိုင်ငံရဲ့အလင်းရောင်လေးတွေလို့တောင် တင်စားလို့ရလောက်တဲ့ ချစ်စရာအလှအပတွေကို ပိုင်ဆိုင်ထားသူလေးတွေဖြစ်တဲ့ ဖွေးဖွေး၊ ဝတ်မှုံရွှေရည်၊ နေခြည်ဦးနဲ့ ယွန်းဝတီလွင်မိုးတို့ အဓိက ပွဲတက်ခဲ့တဲ့ Hearty Heart ပွဲလေးကတော့ အောင်အောင်မြင်မြင်နဲ့ ပြီးဆုံးသွားခဲ့တာပါ။ မိုမိုလေးချစ်ပရိသတ်တွေလည်း အရုပ်မလေးတစ်ရုပ်လို ချစ်ဖို့ကောင်းလွန်းတဲ့ ဖွေးဖွေးရဲ့ပွဲတက်ပုံရိပ်လေးတွေကို သဘောကျရင် Share သွားကြဖို့ မမေ့ပါနဲ့နော်။
Credit \\ original







