အဖြားကို ရွာေကြ်းေနသူေလး(အိုစာမင္းစာေလး) အေပၚ လုပ္ရက္ၾကတယ္..စိတ္မေကာင္းလိုက္တာ အဖြားရယ္… :(
L G B T လူ ငယ္ေလး တစ္ဦး ကိုယ့္ကိုကိုယ္ အဆံုးစီရင္သြားတဲ့ ကိစၥနဲ့ ပက္သတ္ျပီး တစ္နိုင္ငံလံုးက ျပည္သူေတြက စိတ္မေကာင္းျဖစ္ေနၾကတာပါ။
ထိုလူငယ္ေလးက LGBT (လိင္တူခ်စ္သူ) တစ္ဦးျဖစ္ျပီး သူ့ရဲ့ ျဖစ္တည္မႈကို ပတ္ဝန္းက်င္က ေလွာင္ေျပာင္ရႈံ့ခ်တဲ့အခါမွာေတာ့ သူ့ကိုယ္သူ ထြက္ေပါက္ေပးလိုက္ျပီး ေသေၾကာင္းၾကံစည္သြားခဲ့တာပဲ ျဖစ္ပါတယ္။
Gay လို႕ဝန္ခံခိုင္းခဲ့တာေၾကာင့္ကိုယ့္ကိုယ္ကိုယ္သတ္ေသသြားတဲ့ေျမးေလးေမာင္ေက်ာ္ဇင္ဝင္းရဲ႕အိမ္ျပန္အလာကိုေစာင့္ေမ်ွာ္ေနရွာတဲ့အဖြားေဒၚေစာနန္း ရဲ႕ပံုရိပ္ေလးကိုေဖာ္ျပေပးလိုက္ပါတယ္ေနာ္။ ေက်ာ္ဇင္ဝင္းကေတာ့ အဖြားကိုလုပ္ေကြ်းေနတဲ့ ေျမးလိမၼာတစ္ေယာက္လဲျဖစ္ပါတယ္။
လူ သား တိုင္းမွာ သူတို႔ယံုၾကည္တဲ့ ခံယူခ်က္နဲ႔ သူတို႔ရဲ႕ဘဝရပ္တည္မႈရွိတာမို႔ အလြယ္တကူမေဝဖန္လိုက္ဖို႔၊ အေလးမထားမလုပ္လိုက္ဖို႔က လူတိုင္းလိုက္နာသင့္တဲ့ အေၾကာင္းအရာတစ္ခုပါပဲ။ ခ်စ္ပရိသတ္ေတြလည္း စိတ္ဖိစီးမႈေတြေၾကာင့္ လူ႔ဘဝကို စြန္႔ခြာသြားခဲ့တဲ့ ေကာင္ေလး ေကာင္းရာဘံုဘဝေရာက္ရွိေစဖို႔ ဆုေတာင္းစကားေလးေတြ ဆိုသြားၾကဖို႔ မေမ့ပါနဲ႔ေနာ္။
Credit \\ original
Unicode Version
LGBT လူငယ်လေး တစ်ဦး ကိုယ့်ကိုကိုယ် အဆုံးစီရင်သွားတဲ့ ကိစ္စနဲ့ ပက်သတ်ပြီး တစ်နိုင်ငံလုံးက ပြည်သူတွေက စိတ်မကောင်းဖြစ်နေကြတာပါ။
ထိုလူငယ်လေးက LGBT (လိင်တူချစ်သူ) တစ်ဦးဖြစ်ပြီး သူ့ရဲ့ ဖြစ်တည်မှုကို ပတ်ဝန်းကျင်က လှောင်ပြောင်ရှုံ့ချတဲ့အခါမှာတော့ သူ့ကိုယ်သူ ထွက်ပေါက်ပေးလိုက်ပြီး သေကြောင်းကြံစည်သွားခဲ့တာပဲ ဖြစ်ပါတယ်။
Gay လို့ဝန်ခံခိုင်းခဲ့တာကြောင့်ကိုယ့်ကိုယ်ကိုယ်သတ်သေသွားတဲ့မြေးလေးမောင်ကျော်ဇင်ဝင်းရဲ့အိမ်ပြန်အလာကိုစောင့်မျှော်နေရှာတဲ့အဖွားဒေါ်စောနန်း ရဲ့ပုံရိပ်လေးကိုဖော်ပြပေးလိုက်ပါတယ်နော်။ ကျော်ဇင်ဝင်းကတော့ အဖွားကိုလုပ်ကျွေးနေတဲ့ မြေးလိမ္မာတစ်ယောက်လဲဖြစ်ပါတယ်။
လူ သား တိုင်းမှာ သူတို့ယုံကြည်တဲ့ ခံယူချက်နဲ့ သူတို့ရဲ့ဘဝရပ်တည်မှုရှိတာမို့ အလွယ်တကူမဝေဖန်လိုက်ဖို့၊ အလေးမထားမလုပ်လိုက်ဖို့က လူတိုင်းလိုက်နာသင့်တဲ့ အကြောင်းအရာတစ်ခုပါပဲ။ ချစ်ပရိသတ်တွေလည်း စိတ်ဖိစီးမှုတွေကြောင့် လူ့ဘဝကို စွန့်ခွာသွားခဲ့တဲ့ ကောင်လေး ကောင်းရာဘုံဘဝရောက်ရှိစေဖို့ ဆုတောင်းစကားလေးတွေ ဆိုသွားကြဖို့ မမေ့ပါနဲ့နော်။
Credit \\ original





