ပ႐ိုဂ်ဴဆာ ဒါ႐ိုက္တာလုပ္ၿပီး ႐ုပ္ရွင္႐ိုက္ဖို႔အတြက္ ကိုယ္ပိုင္ၿခံေလးကို ေရာင္းေနတဲ့ ေျပဇင္





သ ႐ုပ္ေ ဆာင္ ေျပဇင္ကေတာ့ ႐ုပ္ရွင္တစ္ကားေလာက္ ႐ိုက္ခ်င္လို႔ သူ႔ရဲ႕ ကိုယ္ပိုင္ၿခံေလးကို ေရာင္းေနတာ ေတြ႕ရပါတယ္။ ပိုက္ဆံပိုေနၾကသူမ်ား သူ႔ရဲ႕ ၿခံေလးကို ဝယ္ၾကပါလားဆိုၿပီး ေျပာထားတာပါတယ္။
ေျပ ဇင္ က သူကိုယ္တိုင္ ပ႐ိုဂ်ဴဆာ ဒါ႐ိုက္တာ လုပ္ၿပီး ႐ုပ္ရွင္တစ္ကားေလာက္ ႐ိုက္ခ်င္တယ္လို႔ ဆိုပါတယ္။ အဲဒါေၾကာင့္လည္း ေတာင္ဒဂုံ(၁၇) ရပ္ကြက္မွာ ရွိတဲ့ သူ႔ရဲ႕ ၿခံေလးကို ေရာင္းေနတာ ေတြ႕ရပါတယ္။
“တစ္ ခါ မွ ဒီ လိုပိုစ့္မ်ိဳးမတင္ဖူးပါဘူး။စံျပေဈးမီးပြိဳင့္ကိုျဖတ္ေက်ာ္ၿပီးတည့္တည့္လာရင္ ေတာင္ေျမာက္လမ္းဆုံကိုေရာက္ပါမယ္။ ေတာင္ေျမာက္လမ္း ဆုံကေနတည့္တည့္ဆက္လာရင္ ေမာင္းမကန္လမ္းဆုံမီးပြိဳင့္ကိုေရာက္ပါမယ္ ေမာင္းမကန္ပြိဳင့္ကိုေက်ာ္လိုက္တာနဲ႔ နတ္စင္ကားမွတ္တိုင္ရွိပါတယ္။ ကားမွတ္တိုင္နဲ႔ကပ္လ် က္မွာစိန္ပန္းၿမိဳင္လမ္းဆိုတာရွိတယ္။ေတာင္ဒဂုံ၁၇ရပ္ကြက္ေပါ့။ လမ္းထဲဝင္ဝင္ခ်င္းမွာ ဖူဆလ္ေဘာလုံး ကြင္းရွိပါတယ္။
ကြြန္ကရစ္လမ္းပါ။ေဘာလုံးကြင္းကေနအိမ္ေပါင္းဆယ့္သုံးေလးလုံးကိုေက်ာ္တာနဲ႔အမွတ္၃၂၈ဆိုတဲ့ကြၽန္ေတာ္ပိုင္ဆိုင္တဲ့ၿခံေလးရွိပါတယ္။ ေပ၄၀×၆၀ အက်ယ္ရွိပါတယ္။တဲအိမ္ေသးေသးေလးႏွစ္လုံးပါပါတယ္။ခုလိုမိုးရာသီဆိုေရအနည္းငယ္ဝပ္ပါတယ္။ ၂၀၁၄ခုႏွစ္ေလာက္က ကြၽန္ေတာ္ဝယ္ထားတာပါ။ သိန္း၈၅၀ေပးရပါတယ္။ပါမစ္ေျမပါ။ခု ျပန္ေရာင္းခ်င္ပါတယ္။ သိန္း၈၅၀ေတာ့ျပန္ လိုခ်င္ပါတယ္ ။ေျမေဈးေတြက်ေနတာ ကိုနားလည္ပါတယ္။သိန္း၉၀၀ သိန္း၁၀၀၀ေပးလည္း စိတ္မဆိုးပဲဝမ္းသာမိမွာပါ” ဆိုၿပီး ဇြန္လ(၂၇) ရက္ေန႔က သူ႔ရဲ႕ ေဖ့စ္ဘြတ္မွာ ေရးသားထားတာေတြ႕ရပါတယ္။
႐ုပ္ ရွင္ ႐ိုက္ဖို႔အတြက္ မည္သူတစ္ဦးတစ္ေယာက္ကိုမွ အသနားခံ ေအာက္က်ိဳ႕ၿပီး မေတာင္းဆိုခ်င္လို႔ပါဆိုၿပီး ေျပဇင္က ေျပာထားပါတယ္။
“မည္ သူ တစ္ ဦး တစ္ေယာက္ကိုမွ အသနားခံေအာက္က်ိဳ႕ၿပီး “ကြၽန္ေတာ့္ကို ႐ုပ္ရွင္တစ္ကားေလာက္ေပး႐ိုက္ပါ” မေတာင္းဆိုခ်င္လို႔ပါ။
အဲဒီ့ၿခံေ လးေ ရာင္းၿပီး ႐ုပ္ရွင္တစ္ကားေလာက္႐ိုက္ခ်င္လို႔ပါ။ကြၽန္ေတာ္မင္းသားလုပ္မွာမဟုတ္ပါဘူး။ပ႐ိုဂ်ဴဆာ ဒါ႐ိုက္တာလုပ္မွာပါ။
သိန္း ၈၅၀နဲ႔ေလာက္ေအာင္႐ိုက္မွာပါ။႐ိုက္ခ်င္တာပဲသိပါတယ္။က်န္တာမသိပါဘူး။ပန္းေဝေဝ႐ုပ္ရွင္ထုပ္လုပ္ေရးက ႐ုပ္ရွင္မ်ိဳးမၾကည့္ရတာ ၁၅ႏွစ္ေတာင္ေက်ာ္ၿပီေလဗ်ာ။ပိုက္ဆံပိုေနၾကသူမ်ား ကြၽန္ေတာ့္ၿခံေလးကိုဝယ္ၾကပါလားဗ်ာ။စိတ္ဝင္စားရင္ဆက္သြယ္ေပးၾကပါ.” ဆိုၿပီး ေျပဇင္က ေျပာထားပါေသးတယ္။
ေျပ ဇင္ ဟာ ဗီဒီယိုဇာတ္ကားေပါင္းမ်ားစြာ ႐ိုက္ကူးခဲ့တဲ့ သ႐ုပ္ေဆာင္တစ္ဦးျဖစ္ၿပီး ယခုလက္ရွိ ဇာတ္လမ္းတြဲေတြမွာလည္း ပါဝင္သ႐ုပ္ေဆာင္ေနသူ ျဖစ္ပါတယ္။ ဗီဒိယိုေဈးကြက္ပ်က္ၿပီးေနာက္ပိုင္းမွာ ဇာတ္လမ္းတြဲေတြကို ပိုဦးစား႐ိုက္ကူးျဖစ္တဲ့ သူက ဒါ႐ိုက္တာ ေက်ာ္သူ ႐ိုက္ကူးတဲ့ ၁၀၀၄ ႐ုပ္ရွင္ဇာတ္ကားမွာ ပါဝင္သ႐ုပ္ေဆာင္ထားတာ ေတြ႕ရပါတယ္။
Credit -Duwun
  • Unicode Version
သ ရုပ်ေ ဆာင် ပြေဇင်ကတော့ ရုပ်ရှင်တစ်ကားလောက် ရိုက်ချင်လို့ သူ့ရဲ့ ကိုယ်ပိုင်ခြံလေးကို ရောင်းနေတာ တွေ့ရပါတယ်။ ပိုက်ဆံပိုနေကြသူများ သူ့ရဲ့ ခြံလေးကို ဝယ်ကြပါလားဆိုပြီး ပြောထားတာပါတယ်။
ပြေ ဇင် က သူကိုယ်တိုင် ပရိုဂျူဆာ ဒါရိုက်တာ လုပ်ပြီး ရုပ်ရှင်တစ်ကားလောက် ရိုက်ချင်တယ်လို့ ဆိုပါတယ်။ အဲဒါကြောင့်လည်း တောင်ဒဂုံ(၁၇) ရပ်ကွက်မှာ ရှိတဲ့ သူ့ရဲ့ ခြံလေးကို ရောင်းနေတာ တွေ့ရပါတယ်။
“တစ် ခါ မှ ဒီ လိုပိုစ့်မျိုးမတင်ဖူးပါဘူး။စံပြဈေးမီးပွိုင့်ကိုဖြတ်ကျော်ပြီးတည့်တည့်လာရင် တောင်မြောက်လမ်းဆုံကိုရောက်ပါမယ်။ တောင်မြောက်လမ်း ဆုံကနေတည့်တည့်ဆက်လာရင် မောင်းမကန်လမ်းဆုံမီးပွိုင့်ကိုရောက်ပါမယ် မောင်းမကန်ပွိုင့်ကိုကျော်လိုက်တာနဲ့ နတ်စင်ကားမှတ်တိုင်ရှိပါတယ်။ ကားမှတ်တိုင်နဲ့ကပ်လျ က်မှာစိန်ပန်းမြိုင်လမ်းဆိုတာရှိတယ်။တောင်ဒဂုံ၁၇ရပ်ကွက်ပေါ့။ လမ်းထဲဝင်ဝင်ချင်းမှာ ဖူဆလ်ဘောလုံး ကွင်းရှိပါတယ်။
ကွန်ကရစ်လမ်းပါ။ဘောလုံးကွင်းကနေအိမ်ပေါင်းဆယ့်သုံးလေးလုံးကိုကျော်တာနဲ့အမှတ်၃၂၈ဆိုတဲ့ကျွန်တော်ပိုင်ဆိုင်တဲ့ခြံလေးရှိပါတယ်။ ပေ၄၀×၆၀ အကျယ်ရှိပါတယ်။တဲအိမ်သေးသေးလေးနှစ်လုံးပါပါတယ်။ခုလိုမိုးရာသီဆိုရေအနည်းငယ်ဝပ်ပါတယ်။ ၂၀၁၄ခုနှစ်လောက်က ကျွန်တော်ဝယ်ထားတာပါ။ သိန်း၈၅၀ပေးရပါတယ်။ပါမစ်မြေပါ။ခု ပြန်ရောင်းချင်ပါတယ်။ သိန်း၈၅၀တော့ပြန် လိုချင်ပါတယ် ။မြေဈေးတွေကျနေတာ ကိုနားလည်ပါတယ်။သိန်း၉၀၀ သိန်း၁၀၀၀ပေးလည်း စိတ်မဆိုးပဲဝမ်းသာမိမှာပါ” ဆိုပြီး ဇွန်လ(၂၇) ရက်နေ့က သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားတာတွေ့ရပါတယ်။
ရုပ် ရှင် ရိုက်ဖို့အတွက် မည်သူတစ်ဦးတစ်ယောက်ကိုမှ အသနားခံ အောက်ကျို့ပြီး မတောင်းဆိုချင်လို့ပါဆိုပြီး ပြေဇင်က ပြောထားပါတယ်။
“မည် သူ တစ် ဦး တစ်ယောက်ကိုမှ အသနားခံအောက်ကျို့ပြီး “ကျွန်တော့်ကို ရုပ်ရှင်တစ်ကားလောက်ပေးရိုက်ပါ” မတောင်းဆိုချင်လို့ပါ။
အဲဒီ့ခြံေ လးေ ရာင်းပြီး ရုပ်ရှင်တစ်ကားလောက်ရိုက်ချင်လို့ပါ။ကျွန်တော်မင်းသားလုပ်မှာမဟုတ်ပါဘူး။ပရိုဂျူဆာ ဒါရိုက်တာလုပ်မှာပါ။
သိန်း ၈၅၀နဲ့လောက်အောင်ရိုက်မှာပါ။ရိုက်ချင်တာပဲသိပါတယ်။ကျန်တာမသိပါဘူး။ပန်းဝေဝေရုပ်ရှင်ထုပ်လုပ်ရေးက ရုပ်ရှင်မျိုးမကြည့်ရတာ ၁၅နှစ်တောင်ကျော်ပြီလေဗျာ။ပိုက်ဆံပိုနေကြသူများ ကျွန်တော့်ခြံလေးကိုဝယ်ကြပါလားဗျာ။စိတ်ဝင်စားရင်ဆက်သွယ်ပေးကြပါ.” ဆိုပြီး ပြေဇင်က ပြောထားပါသေးတယ်။
ပြေ ဇင် ဟာ ဗီဒီယိုဇာတ်ကားပေါင်းများစွာ ရိုက်ကူးခဲ့တဲ့ သရုပ်ဆောင်တစ်ဦးဖြစ်ပြီး ယခုလက်ရှိ ဇာတ်လမ်းတွဲတွေမှာလည်း ပါဝင်သရုပ်ဆောင်နေသူ ဖြစ်ပါတယ်။ ဗီဒိယိုဈေးကွက်ပျက်ပြီးနောက်ပိုင်းမှာ ဇာတ်လမ်းတွဲတွေကို ပိုဦးစားရိုက်ကူးဖြစ်တဲ့ သူက ဒါရိုက်တာ ကျော်သူ ရိုက်ကူးတဲ့ ၁၀၀၄ ရုပ်ရှင်ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်ထားတာ တွေ့ရပါတယ်။
Credit -Duwun

Recent Updates

Recent Posts Widget