လူသားတွေအသက်ရှင်သန်ဖို့အတွက် လိုအပ်တဲ့ အရေးကြီးတိရိစ္ဆာန် ( ၇ ) မျိုး
၇။ပုရွက်ဆိတ်များ
နွေအချိန်တွေမှာ သင်အပြင်မှာထွက်စားရင်ပဲဖြစ်ဖြစ် အနည်းဆုံးပုရွက်ဆိတ်တွေနဲ့ကြုံတွေ့ရတဲ့ကိစ္စတော့ ရှိကောင်းရှိမှာပါ။ ဒါမှမဟုတ် ပုရွက်ဆိတ်အိမ်တွေကိုတက်နင်းမိတာမျိုးပေါ့။ ဒီပိုးကောင်တွေက စိတ်အနှောက်အယှက်ဖြစ်သလိုဖြစ်မယ်ဆိုပေမဲ့ သူတို့က ကျွန်တော်တို့လူသားတွေတည်ရှိမှုအတွက်တော့အရေးကြီးပါတယ်။ ပုရွက်ဆိတ်တွေဟာ မြေကြီးကိုလေသလပ်ပေးပီး လှိုဏ်ခေါင်းတွေဖောက်ပီး အာဟာရတွေကို recycle လုပ်ပေးတယ်။ အဲ့လိုလုပ်ပေးခြင်းကပဲ ပုပ်သိုးဆွေးမြေ့ခြင်းကိုကာကွယ်ပေးပါတယ်။
၆။လင်းနို့များ
တောရိုင်းနို့တိုက်သတ္တဝါ ၅ မျိုးထဲကတစ်မျိုးကတော့ လင်းနို့ပဲဖြစ်ပီး သူတို့ကဒီကမ္ဘာပေါ်မှာ အင်းဆက်အစားဆုံးသတ္တဝါတွေဖြစ်ပါတယ်။ အဲ့အတွက်ကြောင့်လဲ လင်းနို့တွေက အင်းဆက်ဦးရေကိုထိန်းချုပ်ပေးခြင်းအားဖြင့်ကူညီပေးနေတယ်လို့ဆိုရမှာပါ။ သူတို့သာမရှိဘူးဆိုရင် အင်းဆက်ပိုးကောင်တွေကပိုပိုပီးတိုးပွားလာနေမှာဖြစ်ပါတယ်။ လင်းနို့တွေဟာ လယ်သမားတွေကို ဓာတ်မြေသြဇာသုံးစရာမလိုအောင်ကူညီပေးပီး နှစ်စဉ်နှစ်တိုင်း ကောက်ပဲသီးနှံတွေကို ဒေါ်လာဘီလီယံနဲ့ချီပီး ကယ်တင်ပေးနေပါတယ်။
၅။Plankton(အပင်၊အကောင်)
သက်ရှိတစ်ကောင်ကောင်ကိုမမြင်ရတာနဲ့ အရေးမကြီးဘူးလို့ဆိုလို့မရနိုင်ဘူးဆိုတာကိုဒါကသက်သေပြနေပါတယ်။ သင်လဲ plankton အကြောင်းကြားဖူးချင်ကြားဖူးပါလိမ့်မယ်။ ဒါမဲ့ သိပ်တော့သိမှာမဟုတ်ပါဘူး။ လူတွေအများစုက plankton ကိုအပင်အနေနဲ့အထင်မှားကြပါတယ်။ plankton ဆိုတာ အမျိုးအစားအမျိုးမျိုးဖြစ်နိုင်ပါတယ်။
၎။ဖားများ
သင် ဖားတွေကိုမုန်းသည်ဖြစ်စေ မမုန်းသည်ဖြစ်စေ သူတို့ကိုတော့ ဇီဝညွှန်ပြသူတွေအဖြစ်နဲ့အသိအမှတ်ပြုသင့်ပါတယ်။ ဆိုလိုတာက သူတို့ဟာ သူတို့ရဲ့ဂေဟစနစ်ကျန်းမာရေးကို ညွှန်ပြရာမှာအသုံးဝင်ပါတယ်။ ဖားများရဲ့ အပေါက်လေးတွေနဲ့စိမ့်ဝင်နိုင်တဲ့အရေပြားဟာ သူ့ပတ်ဝန်းကျင်မှာရှိတဲ့ အရာတွေကို သူ့အဆီတစ်ရှုးထဲစိမ့်ဝင်အောင်လုပ်ပေးပါတယ်။ ဖားတွေက ကုန်းနေရေနေသတ္တဝါဖြစ်တဲ့အတွက်ကြောင့် ကုန်းပေါ်ကရော ရေထဲကပါ ညစ်ညမ်းစေတဲ့အရာတွေကိုဖယ်ရှားရာမှာကူညီပေးပါတယ်။
၃။ခြများ
လူတွေက အနှောက်အယှက်ဖြစ်စေပီး ဖျက်ဆီးတတ်တယ်လို့ထင်နေတဲ့သတ္တဝါတွေက တစ်ချို့သောနည်းလမ်းတွေအားဖြင့် အကျိုးပြုနေတယ်ဆိုတာကိုသိရရင် တကယ်ထိတ်လန့်သွားမှာပါ။ ခြတွေဆိုတာ နှစ်တိုင်းလို ဘီလီယံချီတန်တဲ့အိမ်တွေကိုတောင်ဖျက်ဆီးပစ်နိုင်ကြပါတယ်။ အဲ့တော့လဲ လူအတော်များများကသူတို့ကိုမနှစ်မြို့ဘူးဆိုတာဖြစ်သင့်တာပါပဲ။ ဒါမဲ့ ခြတွေကလုံးဝမကောင်းတာတော့မဟုတ်ပါဘူး။ ပုရွတ်ဆိတ်တွေနဲ့အလားတူ သူတို့ကလဲ မြေကြီးကိုလေသလပ်အောင်ကူညီပေးပါတယ်။
၂။ပျားများ
ပျားတွေကအရသာရှိပါတယ်။ ဒါမဲ့ အဲ့အတွက်ကြောင့်လူသားတွေအနေနဲ့ပျားတွေကိုလိုအပ်တာမဟုတ်ပါဘူး။ ဒီအလုပ်ကြိုးစားတဲ့အင်းဆက်တွေဟာ ဝတ်မှုန်ကူးပြောင်းခြင်းကြောင့် ကမ္ဘာပေါ်မှာအသက်ရှင်နေထိုင်နိုင်ဖို့အတွက်ကူညီတဲ့နေရာမှာအရေးပါပါတယ်။
၁။အဆင့်မြင့်နို့တိုက်သတ္တဝါများ
သူတို့ဟာ တိရိစ္ဆာန်ကမ္ဘာထဲမှာ ကျွန်တော်တို့နဲ့အနီးစပ်ဆုံးသတ္တဝါတွေဖြစ်ပီး သူတို့က အထူးအရေးပါပါတယ်။ ၂၀၀၈ ခုနှစ်၊ လန်ဒန်၊ အိုင်ယန်ရတ်မွန်မှာကျင်းပပြုလုပ်ခဲ့တဲ့ ကျပန်းစကားပြောပွဲတစ်ခုမှာ ယာယီညွှန့်ပေါင်းအဖွဲ့ရဲ့ဥက္ကဌဖြစ်သူက အဆင့်မြင့်နို့တိုက်သတ္တဝါတွေမျိုးသုဉ်းပျောက်ကွယ်မှုကိုကာကွယ်တာက ကမ္ဘာမြေကြီးအတွက်ရော မော်ဒန်ခေတ်အတွက်ရော အရမ်းအရေးကြီးပါတယ်လို့ပြောသွားခဲ့ပါတယ်။
Credit \\ original








