“ကံ့ေကာ္တစ္ေထာင္ဘုရားမွာ ေနပူခံေက်ာက္ျပားေတြလႉခဲ့တဲ့ ခင္လႈိင္တို႔ ဇနီးေမာင္ႏွံ”





အလွဴအတန္းဆုိ လက္မေႏွးတဲ့ ခင္လႈိင္တုိ႔ ဇနီးေမာင္ႏွံက အခုလည္း ေနပူခံေက်ာက္ျပား ၁၅၀၀ ကုိ ျပင္ဦးလြင္ၿမိဳ႕မွာရွိတဲ့ ကံ့ေကာ္တစ္ေထာင္ဘုရားမွာ လွဴခဲ့တာ ေတြ႔ရပါတယ္။


ခင္လႈိင္တုိ႔ ဇနီးေမာင္ႏွံဟာ ျပင္ဦးလြင္ၿမိဳ႕ အင္းထိပ္ဦးေက်းရြာမွာရွိတဲ့ ကံ့ေကာ္တစ္ေထာင္ ဘုရားအတြက္ ေနပူခံ ေက်ာက္ျပား ၁၅၀၀ လွဴခဲ့တယ္လုိ႔ ဆုိပါတယ္။ သူဟာ အလွဴအတန္းနဲ႔ ပတ္သက္လာရင္ လက္မေႏွးသူတစ္ေယာက္ပါ။

‘’ျပင္ဦးလြင္ၿမိဳ႕ရဲ႕အင္းထိပ္ဦးေက်းရြာမွာတည္ထားေတာ္မူေသာကံေကာ္တစ္ေထာင္ဘုရားမွာ ကၽြန္တာ္တို႔မိသားစုရဲ႕အလႈေလးပါေနပူခံေက်ာက္ျပား၁၅၀၀ခင္းၿပီးလွဴပါတယ္

။မႏၲေလးအညာေျမစားဖြယ္စံုမွညီေလးေဇာ္မ်ဳိးထက္+အိအိေခ်ာတို႔မိသားစုကလမ္းခင္းတဲ့လုပ္အားခၾကသမွ်ကိုလွဴ ပါတယ္’’ ဆုိၿပီးေတာ့ ဇြန္လ ၁၉ ရက္ေန႔ မနက္ ၁၂ နာရီက သူ႔ရဲ႕ ေဖ့စ္ဘြတ္မွာ ေရးသားခဲ့ပါတယ္။


ခင္လႈိင္ဟာ က်န္းမာေရးမေကာင္းျဖစ္လုိ႔ အလုပ္ေတြ ဆက္မလုပ္ႏုိင္ေတာ့တ့ဲ သက္ႀကီး လူရႊင္ေတာ္ႀကီးေတြကုိ တစ္လ တစ္ေယာက္ႏႈန္းနဲ႔ ေထာက္ပ့ံမႈေတြ ျပဳလုပ္သြားမယ္လုိ႔ ဆုိပါတယ္။ လွဴခ်င္သူမ်ားလည္း ဆက္လက္လွဴဒါန္းႏုိင္တယ္လုိ႔ ‘’ဟီးရုိး’’ ရုပ္ရွင္ကားႀကီး အထူးျပပြဲမွာ ေျဖဆိုခဲ့ပါတယ္။


‘’တစ္လ ကုိ တစ္ေယာက္ႏႈန္းနဲ႔ မဲႏႈိက္ၿပီးေရြးမယ္။ မဲေပါက္သြားတဲ့သူကုိ ကၽြန္ေတာ္တုိ႔ မီဒီယာက ၁ သိန္း၊ ကၽြန္ေတာ္က ၁ သိန္း၊ က်န္တဲ့ အလွဴရွင္ေတြကလည္း လွမ္းလွဴခ်င္ လွဴလုိ႔ရတယ္။ တျခား လူရႊင္ေတာ္ ေတြကလည္း ကုိယ္တုိင္ လုိက္လွဴခ်င္လည္း ရတယ္၊ ၿပီးေတာ့ သူ႔အတြက္ ဘဏ္အေကာင့္လည္း ဖြင့္ေပးထားမယ္၊ ကံေကာင္းခ်င္ရင္ေတာ့ တစ္ရက္တည္းကုိ ၁၀ သိန္းေလာက္ရခ်င္လည္း ရသြားႏုိင္ပါတယ္’’ လုိ႔ ဆုိပါတယ္။

သရုပ္ေဆာင္ ခင္လႈိင္ရဲ႕ အႏုပညာသက္တမ္းက အနွစ္ ၂၅ႏွစ္ ေက်ာ္ကုိ ေရာက္ရွိလုိ႔လာပါၿပီ။ သူ႔ကုိေတာ့ ဟာသသရုပ္ေဆာင္ တစ္ေယာက္အေနနဲ႔ ဗီဒီယုိ ဇာတ္ကားေတြကေနတဆင့္ ပရိသတ္ေတြ စတင္အားေပးလာခဲ့ၾကတာပါ။ အခုလက္ရွိအခ်ိန္အထိ ပရိသတ္ခုိင္ခုိင္မာမာနဲ႔ ရပ္တည္လ်က္ရွိေနတဲ့ ဇာတ္ပုိ႔သရုပ္ေဆာင္ တစ္ေယာက္ဆုိရင္လည္း မမွားပါဘူး။

Credit: Duwun

Unicode Version

အလှူအတန်းဆို လက်မနှေးတဲ့ ခင်လှိုင်တို့ ဇနီးမောင်နှံက အခုလည်း နေပူခံကျောက်ပြား ၁၅၀၀ ကို ပြင်ဦးလွင်မြို့မှာရှိတဲ့ ကံ့ကော်တစ်ထောင်ဘုရားမှာ လှူခဲ့တာ တွေ့ရပါတယ်။

ခင်လှိုင်တို့ ဇနီးမောင်နှံဟာ ပြင်ဦးလွင်မြို့ အင်းထိပ်ဦးကျေးရွာမှာရှိတဲ့ ကံ့ကော်တစ်ထောင် ဘုရားအတွက် နေပူခံ ကျောက်ပြား ၁၅၀၀ လှူခဲ့တယ်လို့ ဆိုပါတယ်။ သူဟာ အလှူအတန်းနဲ့ ပတ်သက်လာရင် လက်မနှေးသူတစ်ယောက်ပါ။

‘’ပြင်ဦးလွင်မြို့ရဲ့အင်းထိပ်ဦးကျေးရွာမှာတည်ထားတော်မူသောကံကော်တစ်ထောင်ဘုရားမှာ ကျွန်တာ်တို့မိသားစုရဲ့အလှုလေးပါနေပူခံကျောက်ပြား၁၅၀၀ခင်းပြီးလှူပါတယ်

။မန္တလေးအညာမြေစားဖွယ်စုံမှညီလေးဇော်မျိုးထက်+အိအိချောတို့မိသားစုကလမ်းခင်းတဲ့လုပ်အားခကြသမျှကိုလှူ ပါတယ်’’ ဆိုပြီးတော့ ဇွန်လ ၁၉ ရက်နေ့ မနက် ၁၂ နာရီက သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားခဲ့ပါတယ်။
ခင်လှိုင်ဟာ ကျန်းမာရေးမကောင်းဖြစ်လို့ အလုပ်တွေ ဆက်မလုပ်နိုင်တော့တဲ့ သက်ကြီး လူရွှင်တော်ကြီးတွေကို တစ်လ တစ်ယောက်နှုန်းနဲ့ ထောက်ပံ့မှုတွေ ပြုလုပ်သွားမယ်လို့ ဆိုပါတယ်။ လှူချင်သူများလည်း ဆက်လက်လှူဒါန်းနိုင်တယ်လို့ ‘’ဟီးရိုး’’ ရုပ်ရှင်ကားကြီး အထူးပြပွဲမှာ ဖြေဆိုခဲ့ပါတယ်။
‘’တစ်လ ကို တစ်ယောက်နှုန်းနဲ့ မဲနှိုက်ပြီးရွေးမယ်။ မဲပေါက်သွားတဲ့သူကို ကျွန်တော်တို့ မီဒီယာက ၁ သိန်း၊ ကျွန်တော်က ၁ သိန်း၊ ကျန်တဲ့ အလှူရှင်တွေကလည်း လှမ်းလှူချင် လှူလို့ရတယ်။ တခြား လူရွှင်တော် တွေကလည်း ကိုယ်တိုင် လိုက်လှူချင်လည်း ရတယ်၊ ပြီးတော့ သူ့အတွက် ဘဏ်အကောင့်လည်း ဖွင့်ပေးထားမယ်၊ ကံကောင်းချင်ရင်တော့ တစ်ရက်တည်းကို ၁၀ သိန်းလောက်ရချင်လည်း ရသွားနိုင်ပါတယ်’’ လို့ ဆိုပါတယ်။

သရုပ်ဆောင် ခင်လှိုင်ရဲ့ အနုပညာသက်တမ်းက အနှစ် ၂၅နှစ် ကျော်ကို ရောက်ရှိလို့လာပါပြီ။ သူ့ကိုတော့ ဟာသသရုပ်ဆောင် တစ်ယောက်အနေနဲ့ ဗီဒီယို ဇာတ်ကားတွေကနေတဆင့် ပရိသတ်တွေ စတင်အားပေးလာခဲ့ကြတာပါ။ အခုလက်ရှိအချိန်အထိ ပရိသတ်ခိုင်ခိုင်မာမာနဲ့ ရပ်တည်လျက်ရှိနေတဲ့ ဇာတ်ပို့သရုပ်ဆောင် တစ်ယောက်ဆိုရင်လည်း မမှားပါဘူး။

Credit: Duwun

Recent Updates

Recent Posts Widget