မျက်လုံးခွဲစရာမလိုပဲ အစက်ချရုံနဲ့ အတွင်းတိမ်တွေ အရည်ပျော်ကျစေမယ့်ဆေး





ကမ္ဘာတစ်ဝှမ်းလုံးမှာ လူပေါင်း (၂၈၅) သန်းကျော်ဟာ အမြင်အာရုံနဲ့ ပတ်သက်တဲ့ ပြဿနာတွေကိုခံစားနေရပြီး လူပေါင်း (၃၂.၄) သန်းကတော့ မျက်စိအမြင်အာရုံချို့ယွင်းလျက်ရှိကြောင်း Fred Hollows Foundation က ခန့်မှန်းထားပါတယ်။ ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာနေထိုင်ကြတဲ့ (၉၀) ရာခိုင်နှုန်းသော လူဦးရေထဲက ထက်ဝက်ကျော်လောက်ဟာ မျက်လုံးအတွင်းတိမ်ပြဿနာနဲ့ ရင်ဆိုင်နေရတယ်လို့ သိရပါတယ်။


အတွင်းတိမ်ဟာ အမြင်အာရုံကွယ်ခြင်းရဲ့ အဓိကအကြောင်းရင်းကြီးဖြစ်တာကြောင့် အတွင်းတိမ်ကိုဖယ်ထုတ်ဖို့ဆိုတာ မျက်လုံးခွဲစိတ်မှသာ ရနိုင်တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း မျက်လုံးခွဲတဲ့ ခွဲခစရိတ်တွေက ဈေးကြီးလွန်းတာကြောင့် ငွေကြေးမတတ်နိုင်သူတွေအဖို့ အမြင်အာရုံဆုံးရှုံးရုံကလွဲလို့ အခြားမရှိပါဘူး။


အတွင်းတိမ်ဆိုတာဟာ မျက်လုံးပေါ်မှာ ဖုံးနေတဲ့ နို့ရောင်အလွှာလေးဖြစ်ပြီး အမြင်အာရုံကို တားဆီးပိတ်ဆို့စေတဲ့ အရာပါ။ အတွင်းတိမ်နဲ့ပတ်သက်လို့ ပညာရှင်တွေရဲ့ လေ့လာချက်အရတော့ ၄င်းတိမ်ကို သဘာဝအတိုင်းဖြစ်ပေါ်တဲ့ lanosterol အမည်ရ စတီရွိုက်နဲ့ကုသနိုင်တယ်လို့ သိရပါတယ်။




ပညာရှင်တွေက မိဘတွေမှာ အတွင်းတိမ်ရောဂါမရှိပေမယ့်လည်း သူတို့တွေဆီမှာ အတွင်းတိမ်ကိုယ်စီပါတဲ့ မွေးချင်းနှစ်ဦးကို လေ့လာခဲ့ကြပါတယ်။ ဒီအခါမှာတွေ့ရှိရတာက  မိဘနှစ်ဦးစလုံးဟာ lansterol အလိုအလျောက်ထုတ်လုပ်တာကြောင့် အတွင်းတိမ်မရှိတာဖြစ်ပြီး သူတို့တွေမှာတော့ lansterol မထုတ်လုပ်နိုင်တာကြောင့် မျက်လုံးမှာ တိမ်တွေစွဲနေတယ်ဆိုတာကို တွေ့ရှိခဲ့ရပါတယ်။


lansterol စတီရွိုက်နဲ့ ပတ်သက်လို့ ယုန်တွေနဲ့ စမ်းသပ်စစ်ဆေးချက်ကတော့ အောင်မြင်ခဲ့ပါတယ်။ သိပ္ပံပညာရှင်တွေဟာ lansterol ကို အခြေခံတဲ့ ဆေးဝါးတစ်မျိုးကို ထုတ်လုပ်ပြီး ယုန်တွေနဲ့စမ်းသပ်ခဲ့ရာမှာ ယုန်တွေရဲ့ မျက်လုံးထဲမှာဖြစ်နေတဲ့ အတွင်းတိမ်တွေဟာ ပျော်ကျကုန်တာကို တွေ့ခဲ့ရပါတယ်။ ဒါပေမယ့် ဒီကုထုံးကိုတော့ လူတွေနဲ့ ထပ်တိုးပြီး စမ်းသပ်မှုပြုလုပ်ဖို့ စီစဉ်နေတုန်းပါပဲ။ တကယ်လို့ အတွင်းတိမ်ပျော်ဆေးသာ အောင်မြင်မယ်ဆိုရင်တော့ ခွဲစိတ်စရာမလိုပဲ အတွင်းတိမ်တွေဖယ်ရှားနိုင်တော့မှာဖြစ်ကြောင်း အွန်လိုင်းသတင်းဌာနဖြစ်တဲ့ Goodtimes အရ သိရပါတယ်။


Credit  \\  original

Recent Updates

Recent Posts Widget