“ေမြးေန႔ကုသိုလ္အျဖစ္ မည္သူႏွင့္မ်ွ မေတြ႔ဘဲ ဝစီပိတ္ (၉) ရက္က်င့္မည့္ ဆရာေလး အဂၢဉာဏီ (ခ) မိုးေဟကို”





သရုပ္ေဆာင္ မုိးေဟကိုဟာ ေအာင္ရဲလင္းႏွင့္ အတူ MTV တစ္ခု ရိုက္ကူးျပီးေနာက္မွာပဲ ေမြးေန႔ကုသိုလ္ အျဖစ္ သီလရွင္ ဘဝကုိ ခံယူသြားခဲ့တာ ျဖစ္ပါတယ္။

အနႏၱဂိုဏ္းဝင္ ေက်းဇူးရွင္ျဖစ္တဲ့ မိခင္ကိုပဲ အနားမွာ အျမဲျပဳစု ေစာင့္ေရွာက္ျပီး အခ်ိန္ေပးေနခဲ့တာ ေတြ႔ရပါတယ္။ မိခင္ျဖစ္သူရဲ႕ က်န္းမာေရး အတြက္ သူမဝါသနာပါတဲ့ အႏုပညာ အလုပ္ေတြကိုပါ ရပ္နားျပီးေတာ့ ျပဳစုေစာင့္ေရွာက္ေနခဲ့တာပါ။



မိုးေဟကို ဟာ အႏုပညာလမ္းေၾကာင္းေပၚမွာ ရပ္တည္ ေအာင္ျမင္ေနခဲ့တာလည္း ဆယ္စုႏွစ္တစ္ခု ၾကာျမင့္ခဲ့ပါျပီ။ အႏုပညာ အလုပ္ေတြကို စိစစ္လုပ္ကိုင္ေနေပမယ့္ ယေန႔ အခ်ိန္ထိ သူမဟာ ထိပ္တန္းမင္းသမီးစာရင္းဝင္ထဲမွာ ပါရွိေနဆဲပဲျဖစ္ပါတယ္။

မိုးဆိုတဲ့အလွတစ္ခုနဲ႔တင္ ေၾကြက်ေလာက္စရာ သူမရဲ႕ အလွအပေတြၾကားမွာ ပရိသတ္ေတြကလည္း တခဲနက္အားေပးေနခဲ့ၾကတာျဖစ္ပါတယ္။



သရုပ္ေဆာင္ မိုးေဟကိုဟာ ယြန္းေရႊရည္ႏွင့္ အတူ မၾကာေသးခင္ ရက္ပိုင္းကပဲ မယ္သီလရွင္ အျဖစ္ ခံယူသြားခဲ့တာပါ။ သူမရဲ႕ ေမြးေန႔ကုသိုလ္ အျဖစ္ ဆရာေလး အဂၢဉာဏီ ဘြဲ႔အမည္ႏွင့္ ဝစီပိတ္ (၉) ရက္က်င့္ၾကံသြားမယ္လို သိရပါတယ္။



ဆရာေလး အဂၢဉာဏီရဲ႕ တရားက်င့္ၾကံမည့္ အစီအစဥ္ကို ပရိသတ္ၾကီးလည္း သာဓုေခၚဆုိႏိုင္ေအာင္ ေဖာ္ျပေပးလိုက္ရျခင္း ျဖစ္ပါတယ္။

Credit-We Love Cele

Unicode

သရုပ်ဆောင် မိုးဟေကိုဟာ အောင်ရဲလင်းနှင့် အတူ MTV တစ်ခု ရိုက်ကူးပြီးနောက်မှာပဲ မွေးနေ့ကုသိုလ် အဖြစ် သီလရှင် ဘဝကို ခံယူသွားခဲ့တာ ဖြစ်ပါတယ်။

အနန္တဂိုဏ်းဝင် ကျေးဇူးရှင်ဖြစ်တဲ့ မိခင်ကိုပဲ အနားမှာ အမြဲပြုစု စောင့်ရှောက်ပြီး အချိန်ပေးနေခဲ့တာ တွေ့ရပါတယ်။ မိခင်ဖြစ်သူရဲ့ ကျန်းမာရေး အတွက် သူမဝါသနာပါတဲ့ အနုပညာ အလုပ်တွေကိုပါ ရပ်နားပြီးတော့ ပြုစုစောင့်ရှောက်နေခဲ့တာပါ။

မိုးဟေကို ဟာ အနုပညာလမ်းကြောင်းပေါ်မှာ ရပ်တည် အောင်မြင်နေခဲ့တာလည်း ဆယ်စုနှစ်တစ်ခု ကြာမြင့်ခဲ့ပါပြီ။ အနုပညာ အလုပ်တွေကို စိစစ်လုပ်ကိုင်နေပေမယ့် ယနေ့ အချိန်ထိ သူမဟာ ထိပ်တန်းမင်းသမီးစာရင်းဝင်ထဲမှာ ပါရှိနေဆဲပဲဖြစ်ပါတယ်။

မိုးဆိုတဲ့အလှတစ်ခုနဲ့တင် ကြွေကျလောက်စရာ သူမရဲ့ အလှအပတွေကြားမှာ ပရိသတ်တွေကလည်း တခဲနက်အားပေးနေခဲ့ကြတာဖြစ်ပါတယ်။

သရုပ်ဆောင် မိုးဟေကိုဟာ ယွန်းရွှေရည်နှင့် အတူ မကြာသေးခင် ရက်ပိုင်းကပဲ မယ်သီလရှင် အဖြစ် ခံယူသွားခဲ့တာပါ။ သူမရဲ့ မွေးနေ့ကုသိုလ် အဖြစ် ဆရာလေး အဂ္ဂဉာဏီ ဘွဲ့အမည်နှင့် ဝစီပိတ် (၉) ရက်ကျင့်ကြံသွားမယ်လို သိရပါတယ်။

ဆရာလေး အဂ္ဂဉာဏီရဲ့ တရားကျင့်ကြံမည့် အစီအစဉ်ကို ပရိသတ်ကြီးလည်း သာဓုခေါ်ဆိုနိုင်အောင် ဖော်ပြပေးလိုက်ရခြင်း ဖြစ်ပါတယ်။

Credit-We Love Cele

Recent Updates

Recent Posts Widget