မိခင်တစ်ယောက်ရဲ့ လေးနက်တဲ့မေတ္တာတရားတွေကို ထုတ်ပြလိုက်တဲ့ ခရစ္စတီးနားခီ
သရုပ်ဆောင် ဇဏ်ခီနဲ့ ဒါရိုက်တာ ခရစ္စတီးနားခီ တို့ ဇနီးမောင်နှံနှစ်ယောက်ဟာဆိုရင် တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန်နားလည် ကူညီဖေးမမှုတွေနဲ့ ဘဝခရီးကို ပျော်ရွှင်စွာခရီးဆက်နေခဲ့ကြတာပဲဖြစ်ပါတယ်။ တစ်ယောက်ကိုတစ်ယောက် အပြန်အလည်နားလည်မှုတွေနဲ့ ခရီးဆက်နေကြတဲ့ သူတို့မောင်နှံနှစ်ယောက်ဟာဆိုရင် တစ်နိုင်ငံလုံးက ချစ်စနိုးနဲ့ခေါ်ကြတဲ့ ခီမောင်နှံပဲဖြစ်ပါတယ်။ အောင်မြင်မှုလမ်းကြောင်းပေါ်မှာ ယခုအချိန်အထိ ဆက်လက်ရပ်တည်နေနိုင်ခဲ့တဲ့ ခီမောင်နှံဟာဆိုရင် အရမ်းကိုတော်လွန်း ထက်မြက်လွန်းကြတဲ့မောင်နှံနှစ်ဦးပဲ ဖြစ်ပါတယ်။
သာယာတဲ့ အိမ်ထောင်ရေးကို ထူထောင်ထားကြတဲ့ သူတို့မောင်နှံနှစ်ဦးဟာဆိုရင် ချစ်စရာကောင်းတဲ့ သားလေးတစ်ယောက်ကို ပိုင်ဆိုင်ထားရှိခဲ့ပြီးပဲဖြစ်ပါတယ်။ ယခုဆိုရင် သားလေးက ကျောင်းပိတ်ချိန်ရောက်လာပြီမို့ အမေနားမှာပဲ ကပ်နေခဲ့တာပါ။
အလုပ်တွေနဲ့လုံးခြာရိုက်နေတဲ့ ခရစ္စနားခီကတော့ သားလေးကိုရင်ခွင်ထဲထားပြီး ကျေကျေနပ်နပ်နဲ့ ပျော်ရွှင်စွာလုပ်ကိုင်နေခဲ့တာပဲ ဖြစ်ပါတယ်။ ထိုအကြောင်းကိုတော့ သူမက ” သူလေးကျောင်းပိတ်ချိန်ရောက်လာတော့…Now &Ever Post Production ရယ် သူလေးရယ် နဲ့ လုံးခြာလည်နေ…” ဆိုပြီး သူ့ရဲ့ဖေ့ဘုတ်စာမျက်နှာကနေတစ်ဆင့် ရေးသားဖော်ပြပေးခဲ့တာပဲ ဖြစ်ပါတယ်။
အနုပညာအပေါ်ချစ်မြတ်နိုးလွန်းတဲ့ ခီမောင်နှံကတော့ ” ဥပါယ်တံမျဉ် ” ရုပ်ရှင်ကားကြီးနဲ့ ” မုဒြာခေါ်သံ ” ရုပ်ရှင်ကားကြီးကိုအဆင့်မြင့် ရုပ်ရှင်ရုံကြီးများတွင် အောင်မြင်စွာဖြင့် ပြသပေးခဲ့ပြီးပဲဖြစ်ပါတယ်။ ရုပ်ရှင်ကားကြီးနှစ်ကားလုံးဟာ ပရိသတ်တွေရဲ့ စိတ်ဝင်စားအားပေးမှုကို အပြည့်အဝရရှိခဲ့ရတာပဲဖြစ်ပါတယ်။ ယခုဆိုရင် တတိယမြောက်ခြေလှမ်းဖြစ်တဲ့ ” Now and Ever – ထာဝရ နှောင်ကြိုး ” ရုပ်ရှင်ကားကြီးအတွက် ရင်ခုန်စိတ်လှုပ်ရှားစွားဖြင့် စတင်ချီတက်လျှောက်လှမ်း နေခဲ့ပြီပဲဖြစ်ပါတယ်။
တစ်ယောက်နဲ့တစ်ယောက် နားလည်မှုတွေနဲ့ ခရီးဆက်နေပြီး သာယာပျော်ရွှင်စရာကောင်းတဲ့ ခီမောင်နှံရဲ့ မိသားစုဘဝလေးကို ပရိသတ်ကြီးလည်း သဘောကျနှစ်သက် အားကျမိမယ်လို့ထင်ပါတယ်။ အလုပ်တွေနဲ့ လုံးခြာလည်နေပေမယ့်လည်း မိခင်တစ်ယောက်ရဲ့ မေတ္တာစိတ်အပြည့်အဝနဲ့ သားလေးတစ်ဖက်နဲ့ အလုပ်လုပ်ကိုင်နေရတဲ့ ခရစ္စတီးနားခီရဲ့ သားအပေါ်ထားရှိတဲ့ မေတ္တာတရားတွေကိုကြည့်ရင်း လေးစားပြီး ကိုယ်ချင်းစာမိတယ်ဆိုရင် မျှဝေပြီးအားပေးလိုက်ကြပါဦးနော် ပရိသတ်ကြီးရေ။ ဖတ်ရှုပေးကြပါသော ချစ်ပရိသတ်များအပေါင်းကို မိုမိုလေးမှ ကျေးဇူးအထူးတင်ရှိပါတယ်နော်။
Kay Kay
Ref : Christina Kyi’s Facebook
Credit \\ original





