အာဖရိက၌ က်င္းပမည့္ ႏို္င္ငံတကာၾကက္ေတာင္ၿပိဳင္ပြဲမ်ားတြင္ သက္ထားသူဇာဝင္ၿပိဳင္ပါမည္





အာဖရိကႏိုင္ငံမ်ားျဖစ္ သည့္ ဘီနင္ႏွင့္ အိုင္ဗရီကို႔စ္တို႔ တြင္က်င္းပမည့္ ႏိုင္ငံတကာ ၾကက္ေတာင္ၿပိဳင္ပြဲမ်ားသုိ႔ ၀င္ၿပိဳင္မည္ျဖစ္ေၾကာင္း ျမန္မာ့လက္ေရြးစင္ၾကက္ေတာင္အားကစား မယ္သက္ထားသူဇာက ေျပာသည္။

အာဖရိက ၾကက္ေတာင္အ ဖြဲ႕ခ်ဳပ္က ႀကီးမွဴးက်င္းပသည့္ ဘီ နင္ႏိုင္ငံတကာ ၾကက္ေတာင္ၿပိဳင္ပြဲကို ဇြန္ လ ၂၇ ရက္မွ ၃၀ရက္အထိက်င္းပမည္ျဖစ္ၿပီး အိုင္ဗရီကုိ႔စ္ ႏုိင္ငံတကာ ၾကက္ေတာင္ၿပိဳင္ပြဲ ကို ဇူလိုင္ ၄ ရက္မွ ၇ ရက္အထိ က်င္းပမည္ျဖစ္သည္။

လက္ရွိတြင္ ယင္းၿပိဳင္ပြဲမ်ား ၌ ေအာင္ျမင္မႈရရွိရန္ ေလ့က်င့္ ျပင္ဆင္ေနေၾကာင္း သက္ထား သူဇာက ေျပာသည္။


‘‘လာမယ့္ ၂၄ ရက္မွာ ဘီ နင္နဲ႔ အိုင္ဗရီကို႔စ္ကို ႏို္င္ငံတကာ ၿပိဳင္ပြဲယွဥ္ၿပိဳင္ဖုိ႔ သြားပါမယ္။ ဒီ ၿပိဳင္ပြဲက ရက္အရမ္းမကြာတဲ့အ တြက္ တစ္ဆက္တည္းယွဥ္ၿပိဳင္ လို႔ရပါတယ္။ ဒါေၾကာင့္ေလ့က်င့္ မႈေတြလည္း ဆက္တုိ္က္လုပ္ေန ပါတယ္။ အိုလံပစ္ကို ၀င္ခ်င္ရင္ အနည္းဆုံး အဆင့္ (၁၀၀) အ တြင္း ၀င္ဖို႔လိုပါတယ္။ ဒါေၾကာင့္ အမွတ္ေတြစုေဆာင္းတဲ့ အေနနဲ႔ ႏိုင္ငံတကာၿပိဳင္ပြဲေတြကို ဆက္ တိုက္၀င္ၿပိဳင္ေနတာပါ။ ဘီနင္နဲ႔ အိုင္ဗရီကို႔စ္ပြဲမွာလည္း ေအာင္ ျမင္မႈရေအာင္လုိ႔ အေကာင္းဆုံး ႀကိဳးပမ္းသြားပါမယ္’’ ဟု ၎က ေျပာသည္။

အသက္ (၂၀)အရြယ္ သက္ ထားသူဇာသည္ လက္ရွိတြင္ စုစု ေပါင္း ၁၄,၇၁၀ မွတ္ျဖင့္ ကမၻာ့အ ဆင့္ (၁၁၃) ၌ ရပ္တည္ေနသည္။

သက္ထားသူဇာသည္ ၂၀၁၈ ေအာက္တိုဘာ၊ ၂၀၁၉ ေဖေဖာ္ဝါရီ ၊ မတ္လႏွင့္ ဇြန္လတို႔ တြင္ က်င္းပသည့္ အီဂ်စ္၊ ယူဂန္ ဒါ၊ ေမာရစ္သွ်ႏွင့္ ကင္ညာႏုိင္ငံ တကာ ၾကက္ေတာင္ ၿပိဳင္ပြဲေလးခု ၌ ကမၻာ့အဆင့္ရွိ နာမည္ႀကီး ကစားသမား မ်ားကို ေက်ာ္ျဖတ္၍ ေရႊတံဆိပ္ေလးခု ဆြတ္ခူးထား သည္။

Source: 7dadyaily


Credit  \\  original

#Unicode version

အာဖရိကနိုင်ငံများဖြစ် သည့် ဘီနင်နှင့် အိုင်ဗရီကို့စ်တို့ တွင်ကျင်းပမည့် နိုင်ငံတကာ ကြက်တောင်ပြိုင်ပွဲများသို့ ဝင်ပြိုင်မည်ဖြစ်ကြောင်း မြန်မာ့လက်ရွေးစင်ကြက်တောင်အားကစား မယ်သက်ထားသူဇာက ပြောသည်။

အာဖရိက ကြက်တောင်အ ဖွဲ့ချုပ်က ကြီးမှူးကျင်းပသည့် ဘီ နင်နိုင်ငံတကာ ကြက်တောင်ပြိုင်ပွဲကို ဇွန် လ ၂၇ ရက်မှ ၃၀ရက်အထိကျင်းပမည်ဖြစ်ပြီး အိုင်ဗရီကို့စ် နိုင်ငံတကာ ကြက်တောင်ပြိုင်ပွဲ ကို ဇူလိုင် ၄ ရက်မှ ၇ ရက်အထိ ကျင်းပမည်ဖြစ်သည်။

လက်ရှိတွင် ယင်းပြိုင်ပွဲများ ၌ အောင်မြင်မှုရရှိရန် လေ့ကျင့် ပြင်ဆင်နေကြောင်း သက်ထား သူဇာက ပြောသည်။

‘‘လာမယ့် ၂၄ ရက်မှာ ဘီ နင်နဲ့ အိုင်ဗရီကို့စ်ကို နိုင်ငံတကာ ပြိုင်ပွဲယှဉ်ပြိုင်ဖို့ သွားပါမယ်။ ဒီ ပြိုင်ပွဲက ရက်အရမ်းမကွာတဲ့အ တွက် တစ်ဆက်တည်းယှဉ်ပြိုင် လို့ရပါတယ်။ ဒါကြောင့်လေ့ကျင့် မှုတွေလည်း ဆက်တိုက်လုပ်နေ ပါတယ်။ အိုလံပစ်ကို ဝင်ချင်ရင် အနည်းဆုံး အဆင့် (၁၀၀) အ တွင်း ဝင်ဖို့လိုပါတယ်။ ဒါကြောင့် အမှတ်တွေစုဆောင်းတဲ့ အနေနဲ့ နိုင်ငံတကာပြိုင်ပွဲတွေကို ဆက် တိုက်ဝင်ပြိုင်နေတာပါ။ ဘီနင်နဲ့ အိုင်ဗရီကို့စ်ပွဲမှာလည်း အောင် မြင်မှုရအောင်လို့ အကောင်းဆုံး ကြိုးပမ်းသွားပါမယ်’’ ဟု ၎င်းက ပြောသည်။

အသက် (၂၀)အရွယ် သက် ထားသူဇာသည် လက်ရှိတွင် စုစု ပေါင်း ၁၄,၇၁၀ မှတ်ဖြင့် ကမ္ဘာ့အ ဆင့် (၁၁၃) ၌ ရပ်တည်နေသည်။

သက်ထားသူဇာသည် ၂၀၁၈ အောက်တိုဘာ၊ ၂၀၁၉ ဖေဖော်ဝါရီ ၊ မတ်လနှင့် ဇွန်လတို့ တွင် ကျင်းပသည့် အီဂျစ်၊ ယူဂန် ဒါ၊ မောရစ်သျှနှင့် ကင်ညာနိုင်ငံ တကာ ကြက်တောင် ပြိုင်ပွဲလေးခု ၌ ကမ္ဘာ့အဆင့်ရှိ နာမည်ကြီး ကစားသမား များကို ကျော်ဖြတ်၍ ရွှေတံဆိပ်လေးခု ဆွတ်ခူးထား သည်။

Source: 7dadyaily

Credit  \\  original

Recent Updates

Recent Posts Widget