““အခ်စ္ေရး မွာ ေဖာက္ျပန္တာမ်ိဳးကို ခြင့္လႊတ္လို႔ မရဘူး”လို႔ ေျပာတဲ့ ဝိုင္းေလး။”
ကိုယ္တိုင္သီခ်င္းမ်ားကို ေရးသား သီဆိုေလ့ရွိတဲ့ အဆိုေတာ္ ဝိုင္းေလးဟာ လူငယ္မ်ားရဲ႕ Relationship နဲ႔ ပတ္သက္ၿပီး
သူႀကဳံခဲ့ရတဲ့ အေတြ႕အႀကဳံကို အခုလို ေဝမွ်ခဲ့ပါတယ္။
“အဓိကက ခ်စ္ျခင္းေမတၱာဆိုတာ ကိုယ္ခ်စ္တဲ့သူကို ေပ်ာ္႐ႊင္ေစဖို႔ပဲေပါ့ေနာ္။ အဲဒီ Relationship မွာ မေပ်ာ္႐ႊင္ေတာ့ရင္
တေယာက္ေယာက္က မွားေနလို႔ပဲဆိုၿပီး ခံစားရတယ္။ အဲဒီေတာ့ ျပန္ၿပီးေတာ့ စဥ္းစားသင့္တယ္။ အဲဒီလိုပဲျမင္မိတယ္။
စည္းေတြဆိုတာထက္ တေယာက္နဲ႔တေယာက္ ခ်စ္ျခင္းေမတၱာက အေရးႀကီးဆုံးလို႔ ထင္တယ္”လို႔ အဆိုေတာ္ ဝိုင္းေလးက
ေျပာပါတယ္။
လူတဦးနဲ႔ တဦးၾကားမွာ အျပန္အလွန္ေစာင့္ထိန္းရမယ့္ စည္းဆိုတာထက္ အျပန္အလွန္ အေပးအယူ မွ်ဖို႔က
အေရးႀကီးတယ္လို႔ ဝိုင္းေလးက ေျပာပါတယ္။
“စည္းဆိုတာထက္ တေယာက္နဲ႔ တေယာက္ အျပန္အလွန္ အေပးအယူမွ်ေနဖို႔ပဲ အေရးႀကီးတယ္။ ကိုယ္ကပဲ ခ်စ္ေနလို႔
မရဘူး။ ကိုယ့္အခ်စ္က ပူေလာင္ေနတယ္ဆိုရင္ လႊတ္ခ်လိုက္တာ ပိုေကာင္းတယ္” လို႔ ဝိုင္းေလးက ေျပာပါတယ္။
ဝိုင္းေလး ကိုယ္တိုင္လည္း တျခားတေယာက္ရဲ႕ေဖာက္ျပန္ျခင္းခံခဲ့ရတဲ့အတြက္ ေဖာက္ျပန္မႈကို ခြင့္လႊတ္လို႔မရဘဲ
တျခားအေၾကာင္းအရာမ်ားကိုေတာ့ နားလည္မႈ ယူရင္ရတယ္လို႔ ဆိုပါတယ္။
“ဝိုင္းေလး သတ္မွတ္ထားတဲ့ စည္းကေတာ့ ကိုယ္က်င့္တရားေပါ့။ ကိုယ္က်င့္တရား ေကာင္းမြန္တဲ့သူက ကိုယ့္စည္း
ကိုယ္ေစာင့္မယ္ေပါ့။ ေဖာက္ျပန္တာဆိုရင္ေတာ့ ဘယ္လိုမွ ခြင့္လႊတ္လို႔ မရဘူးေလ။ ကိုယ္တိုင္လည္း ႀကဳံခဲ့ဖူးတယ္ဆိုေတာ့
ခြင့္လႊတ္လို႔ မရဘူး။ တျခားအရာေတာ့ နားလည္မႈယူရင္ ရမွာပါ” လို႔ ဝိုင္းေလးက ေျပာပါတယ္။
ကိုယ္တိုင္ ခံစားခ်က္မ်ား ရွိေနတာေၾကာင့္ ဝိုင္းေလး ဖန္တီးေရးသားတဲ့ သီခ်င္းမ်ားဟာ ပရိသတ္နဲ႔ ထပ္တူက်ေနၿပီး
ပရိသတ္အမ်ား ႀကိဳက္ႏွစ္သက္ရတဲ့ သီခ်င္းမ်ား ျဖစ္ေနခဲ့ပါတယ္။
ဝိုင္းေလးကေတာ့ သီခ်င္းဆိုၿပိဳင္ပြဲမွတဆင့္ အဆိုေတာ္တေယာက္ ျဖစ္လာခဲ့ၿပီး သီခ်င္းအေခြမ်ားလည္း
ထြက္ရွိထားသူတေယာက္ ျဖစ္ပါတယ္။ တဖက္မွာလည္း Miss Myanmar World ဆု ရရွိထားတဲ့ အလွမယ္တေယာက္လည္း
ျဖစ္ပါတယ္။
Credit:irrawaddy
Unicode ဖြင့်ဖတ်ရန်
ကိုယ်တိုင်သီချင်းများကို ရေးသား သီဆိုလေ့ရှိတဲ့ အဆိုတော် ဝိုင်းလေးဟာ လူငယ်များရဲ့ Relationship နဲ့ ပတ်သက်ပြီး
သူကြုံခဲ့ရတဲ့ အတွေ့အကြုံကို အခုလို ဝေမျှခဲ့ပါတယ်။
“အဓိကက ချစ်ခြင်းမေတ္တာဆိုတာ ကိုယ်ချစ်တဲ့သူကို ပျော်ရွှင်စေဖို့ပဲပေါ့နော်။ အဲဒီ Relationship မှာ
မပျော်ရွှင်တော့ရင် တယောက်ယောက်က မှားနေလို့ပဲဆိုပြီး ခံစားရတယ်။ အဲဒီတော့ ပြန်ပြီးတော့ စဉ်းစားသင့်တယ်။
အဲဒီလိုပဲမြင်မိတယ်။ စည်းတွေဆိုတာထက် တယောက်နဲ့တယောက် ချစ်ခြင်းမေတ္တာက အရေးကြီးဆုံးလို့ ထင်တယ်”လို့
အဆိုတော် ဝိုင်းလေးက ပြောပါတယ်။
လူတဦးနဲ့ တဦးကြားမှာ အပြန်အလှန်စောင့်ထိန်းရမယ့် စည်းဆိုတာထက် အပြန်အလှန် အပေးအယူ မျှဖို့က
အရေးကြီးတယ်လို့ ဝိုင်းလေးက ပြောပါတယ်။
“စည်းဆိုတာထက် တယောက်နဲ့ တယောက် အပြန်အလှန် အပေးအယူမျှနေဖို့ပဲ အရေးကြီးတယ်။ ကိုယ်ကပဲ ချစ်နေလို့
မရဘူး။ ကိုယ့်အချစ်က ပူလောင်နေတယ်ဆိုရင် လွှတ်ချလိုက်တာ ပိုကောင်းတယ်” လို့ ဝိုင်းလေးက ပြောပါတယ်။
ဝိုင်းလေး ကိုယ်တိုင်လည်း တခြားတယောက်ရဲ့ဖောက်ပြန်ခြင်းခံခဲ့ရတဲ့အတွက် ဖောက်ပြန်မှုကို ခွင့်လွှတ်လို့မရဘဲ
တခြားအကြောင်းအရာများကိုတော့ နားလည်မှု ယူရင်ရတယ်လို့ ဆိုပါတယ်။
“ဝိုင်းလေး သတ်မှတ်ထားတဲ့ စည်းကတော့ ကိုယ်ကျင့်တရားပေါ့။ ကိုယ်ကျင့်တရား ကောင်းမွန်တဲ့သူက ကိုယ့်စည်း
ကိုယ်စောင့်မယ်ပေါ့။ ဖောက်ပြန်တာဆိုရင်တော့ ဘယ်လိုမှ ခွင့်လွှတ်လို့ မရဘူးလေ။ ကိုယ်တိုင်လည်း
ကြုံခဲ့ဖူးတယ်ဆိုတော့ ခွင့်လွှတ်လို့ မရဘူး။ တခြားအရာတော့ နားလည်မှုယူရင် ရမှာပါ” လို့ ဝိုင်းလေးက ပြောပါတယ်။
ကိုယ်တိုင် ခံစားချက်များ ရှိနေတာကြောင့် ဝိုင်းလေး ဖန်တီးရေးသားတဲ့ သီချင်းများဟာ ပရိသတ်နဲ့ ထပ်တူကျနေပြီး
ပရိသတ်အများ ကြိုက်နှစ်သက်ရတဲ့ သီချင်းများ ဖြစ်နေခဲ့ပါတယ်။
ဝိုင်းလေးကတော့ သီချင်းဆိုပြိုင်ပွဲမှတဆင့် အဆိုတော်တယောက် ဖြစ်လာခဲ့ပြီး သီချင်းအခွေများလည်း
ထွက်ရှိထားသူတယောက် ဖြစ်ပါတယ်။ တဖက်မှာလည်း Miss Myanmar World ဆု ရရှိထားတဲ့
အလှမယ်တယောက်လည်း ဖြစ်ပါတယ်။
Credit:irrawaddy


