နာရီပိုင်းအတွင်းမှာတင် ပေါက်သွားတဲ့ လွှမ်းပိုင်ရဲ့ “Wish You Have A Better Day” သီချင်းသစ်




လူငယ်ကြိုက်အဆိုတော် တစ်ဦးဖြစ်တဲ့ လွှမ်းပိုင်က သီချင်းကောင်းလေးတွေသီဆိုရင်း ပရိသတ်တွေအကြိုက်ဖြစ်လာရသူတစ်ဦးပါ။ လွှမ်းပိုင်ဟာ အသက်ငယ်ငယ်ကတည်းက အောင်မြင်လာခဲ့သူတစ်ဦးဖြစ်ပြီး အခုချိန်ထိတိုင် အောင်မြင်မှုတွေ ဆွတ်ခူးထားနိုင်သူတစ်ဦးပါ။ အဆိုတော်သလို သရုပ်ဆောင်ကောင်းတဲ့ လွှမ်းပိုင်က ရုပ်ရှင်ဇာတ်ကားကြီးတွေကို များစွာရိုက်ကူးခဲ့ပြီး ပရိသတ်တွေရဲ့ အားပေးမှုကို အပြည့်အဝ ရရှိထားတာဖြစ်ပါတယ်။


အခုနောက်ပိုင်းမှာ ဂိမ်းတွေဆော့လွန်းအားကြီးလို့ သီချင်းတေ် မလုပ်တော့ဘူးလားလို့ ထင်နေကြတဲ့ ပရိသတ်တွေအတွက် လွှမ်းပိုင်က သူ့ရဲ့ သီချင်းအသစ်စက်စက်လေးကို MV နဲ့တကွ ချပြလာပါတယ်။


သီချင်းလေးနာမည်ကတော့ “Wish You Have A Better Day” လို့အမည်ရပါတယ်။ သီချင်းလေးက ထွက်ရှိပြီး တစ်နာစီအတွင်းမှာပဲ ကြည့်ရှုသူ ၁သိန်း ၅သောင်းနဲ့ အထက်ရှိခဲ့ပါတယ်။


Wish You Have A Better Day – Hlwan Paing


လွှမ်းပိုင်ကတော့ သူ့ရဲ့ သီချင်းတိုင်းကို တစ်ပုဒ်ဆိုတစ်ပုဒ်ဆိုသလောက် သေသေချာချာ အချိန်ယူ ပြင်ဆင်သူတစ်ယောက်ပါပဲ။ ပရိသတ်ကြီးလည်း လွှမ်းပိုင်ရဲ့ သီချင်းသစ်လေး “Wish You Have A Better Day” သီချင်းလေးကို ကြိုက်ကြမယ်လို့ မျှော်လင့်ပါတယ်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို မိုမိုလေးမှ ကျေးဇူးအထူးတင်ရှိပါတယ်။

Rowena
Source: Hlwan Paing’s fb

Credit  \\   original

Recent Updates

Recent Posts Widget