လက်တစ်ဖက်မရှိတဲ့ ဒုက္ခိတစ်ယောက်ဆိုပေမယ့် …သားဖြစ်သူကို ..ဘွဲ့ရပညာတတ်ဖြစ်အောင် …လုပ်ပေးနိုင်ခဲ့တဲ့… လေးစားစရာကောင်းတဲ့ ဖခင်











Credit  \\\   original

သားဖြစ်သူကိုယ်တိုင်ကလည်း ဘွဲ့ရပြီးနောက် မဖြစ်နိုင်တာကို ဖြစ်အောင်လုပ်ခဲ့တဲ့ သူ့ဘဝရဲ့တစ်ဦးတည်းသော လူစွမ်းကောင်းဖခင်ဖြစ်သူကို မြေကြီးပေါ်ပြားပြားဝပ် ရှိခိုးကန်တော့နေတဲ့ပုံဟာ အင်တာနက်မှာပြန့်လာပြီးနောက် လူအများအပြားဟာ ဝမ်းနည်းပီတိဖြစ်စွာနဲ့ အဆိုပါပုံကို ဆက်လက်မျှဝေခဲ့ကြပါတယ်။ သားသမီးဖြစ်သူတိုင်းဟာ သူတို့ဘဝကိုအကောင်းဆုံးဖြစ်အောင် ပံ့ပိုးပေးနေတဲ့ ဖခင်ဖြစ်သူကို တန်ဖိုးထားလေးစားဆက်ဆံသင့်ပါတယ်။

Source : viral4real

Unicode Version
အဖေ ဆိုတာ ကိုယ့်သွေးသားဖြစ်သူ သားသမီးတွေကို အကောင်းဆုံးနေရာမှာနေနိုင်ဖို့အတွက် တစ်ဘဝလုံးအချိန်ကုန်ပစေ စွန့်လွှတ်အနစ်နာခံနိုင်သူပါ။ သားသမီးတွေရဲ့ဘဝမှာ အဖေဆိုတာ သူတို့ရဲ့ စူပါဟီးရိုးတစ်ယောက်လို့ပြောရလောက်အောင် အရွယ်ရောက်လာတဲ့အချိန်ထိ ကိုယ့်ကိုကိုယ်ရပ်တည်နိုင်အောင် ခွန်အားတွေပေးနိုင်ခဲ့သူတွေပဲဖြစ်ပါတယ်။
လတ်တလောလူမှုကွန်ယက်ပေးမှာဆိုရင်လည်း လက်တစ်ဖက်တည်းရှိတဲ့ ဖခင်တစ်ယောက်ဟာ သူ့ရဲ့သားဖြစ်သူကို အလုပ်တွေအရမ်းကြိုးစားလုပ်ပြီး ဘွဲ့ရအောင် ကျောင်းထားပေးနိုင်ခဲ့တဲ့ ဖြစ်ရပ်လေးဟာ လူစိတ်ဝင်စားမှုမြင့်တက်နေတာတွေ့ရပါတယ်။

ဖခင်ဖြစ်သူအမျိုးသားအနေနဲ့ဆိုရင် အခုလိုကျောင်းစရိတ်တွေကြီးမားလှတဲ့ ခေတ်ကြီးထဲမှာ ဒုက္ခိတစ်ယောက်ဆိုပေမယ့် ရရာအလုပ်ကို ကြိုးစားလုပ်ကိုင်ပြီး သားဖြစ်သူကို ကျောင်းထားကျွေးမွေးလာခဲ့သူ့ရဲ့မေတ္တာတရားက အင်မတန်ကိုကြီးမားလှပါတယ်။


Source : viral4real


Credit  \\\   original

Recent Updates

Recent Posts Widget