လူငယ်တွေကြားရေပန်းစားနေတဲ့ သီချင်း(၂)ပုဒ်ကို အမိုက်စားအသံနဲ့ သီဆိုပြလိုက်တဲ့ အေသင်ချိုဆွေ
နိုင်ငံကျော်အဆိုတော် မလေး အေသင်ချိုဆွေဟာဆိုရင် ပရိသတ်တွေ ချစ်ခင်အားပေးရတဲ့ အနုပညာရှင်တစ်ဦးပါ။ သူမက ချစ်စရာကောင်းတဲ့ သမီးလေးနဲ့အတူ အနုပညာအလုပ်တွေ ကြိုးစားလုပ်ရင်း အေးချမ်းစွာ ဖြတ်သန်းနေတာပဲ ဖြစ်ပါတယ်။ ချစ်သမီးလေးနဲ့အတူ ဘဝကို ပျော်ပျော်ကြီး ခရီးဆက်နေတဲ့ သူမကတော့ တစ်နေ့တစ်ခြား ပြောင်းလဲလှပလာခဲ့တဲ့ မေမေတစ်ယောက်ပါ။ ဘဝကို ပျော်ရွှင်မှုတွေနဲ့သာ ရှေ့ဆက်လျှောက်လှမ်းနေတဲ့ သူမကတော့ လတ်တလောမှာလည်း လူငယ်တွေကြား ရေပန်းစားနတဲ့ သီချင်း(၂) ပုဒ်ကို အမိုက်စားအသံနဲ့ အပြင်းစားသီဆိုပေးထားခဲ့တာပဲ ဖြစ်ပါတယ်။
အရမ်းကောင်းတဲ သီချင်း(၂)ပုဒ်ကို အမိုက်စားသီဆိုပေးထားခဲ့တဲ့ အေသင်ကတော့ ” ဘာရယ်မဟုတ်ပါဘူး ကားထဲက ဖုန်း Hander လေး စမ်းရင်းနဲ့ပေါ့🤣🤣 ” ဆိုတဲ့ စာသားလေးနဲ့ ” ဒီသီချင်းလေးအရမ်းကြိုက်တယ် Feeling ကတော့ ဒီလိုပါပဲ ဟိုခုန်လိုက်၊ ဒီကူးလိုက်နဲ့၊🤣🤣 ဒါပေမဲ့ ပျော်အောင်နေတတ်နေပြီ 😊😊” ဆိုပြီး သူမရဲ့ ဖေ့ဘုတ်စာမျက်နှာပေါ်ကနေ ရေးသားဖော်ပြပေးထားခဲ့တာပဲ ဖြစ်ပါတယ်။
လက်ရည်မကျတဲ့ အသံတွေနဲ့ ခပ်ပြင်းပြင်းလေး သီဆိုပေးနိုင်ခဲ့တဲ့ အေသင်ရဲ့ သီချင်းသီဆိုသံလေးတွေကို ဆက်လက်ပြီးနားဆင်ခံစား အားပေးသွားကြပါဦးနော် ပရိသတ်ကြီးရေ။
Grace ရဲ့ “Don’t You Know” သီချင်းကို အမိုက်စားအသံနဲ့ ခပ်ပြင်းပြင်းလေး သီဆိုပေးနေတဲ့ အေသင်ချိုဆွေရဲ့ သီချင်း Video
ဖြူဖြူဟန်ရဲ့ “အသဲကွဲ အထိမ်းအမှတ်” သီချင်းကို ခပ်မိုက်မိုက်အသံလေးနဲ့ လိုက်ဆိုနေတဲ့ အေသင်ချိုဆွေရဲ့ Video
တစ်နေ့တစ်ခြား အရမ်းကို ချစ်ဖို့ကောင်းလာခဲ့တဲ့ အေသင်ကတော့ အနုပညာအလုပ်တွေကိုလည်း အဆက်မပြတ် လုပ်ကိုင်ပေးနေသူတစ်ယောက်ပဲ ဖြစ်ပါတယ်။ နိုင်ငံကျော်အဆိုတော် အေသင်ချိုဆွေရဲ့ သီချင်းသီဆိုသံလေးတွေကို နားဆင်ရင်း ပရိသတ်တွေလည်း သဘောကျ ကြိုက်နှစ်သက်မိတယ်ဆိုရင် မျှဝေအားပေးသွားကြဖို့ မမေ့ပါနဲ့ဦးနော်။ ကြည့်ရူအားပေးကြတဲ့ ချစ်ပရိသတ်တွေကို မိုမိုလေးမှ ကျေးဇူးအထူး တင်ရှိပါတယ်နော်။
Lazumnawsan
Ref : Athen Cho Swe’s Facebook
Credit \\original





