“ကားနဲ့ ပတ်သတ်လို့ သင်သိသင့်တဲ့ အလွယ်နည်း ၁၀ ခု။”
2017 ခုနှစ်က AAA ရဲ့ လေ့လာချက်တစ်ခုအရ ကားတစ်စီးကို ဝယ်ပြီးတော့ အထွေထွေပြုပြင်စရိတ်ဟာ တစ်နှစ်ကို 8469
ဒေါ်လာလောက် ကုန်ကျတယ်လို့ ဆိုပါတယ်။ ဒါဟာ တော်တော်လေး များတဲ့ ပမာဏပါပဲ။ ဒါကြောင့် ဒီကုန်ကျစရိတ်ကို
လျှော့ချနိုင်မယ့် ဘယ်လိုနည်းလမ်းမျိုးမဆို ကျွန်တော်တို့အတွက် ကောင်းမှာပါ။ ကျွန်တော်တို့က သင့်ကို အများသုံး
သယ်ယူပို့ဆောင်ရေးတွေ ပြောင်းသုံးဖို့တော့ ပြောမှာမဟုတ်ပါဘူး။ အဆင်ပြေတဲ့ အလွယ်နည်းလေးတွေကို
ပြောပြသွားပါမယ်။ ဒီနည်းတွေက ခင်ဗျားတို့အတွက် တကယ်ပဲ အထောက်အကူဖြစ်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။
1. ကားပေါ်က ချိုင့်ခွက်ရာတွေကို ပိုက်ဆံမကုန်ဘဲ ဘယ်လိုဖြေရှင်းကြမလဲ ?
ကားမှာ ချိုင့်ခွက်တခုခု ဖြစ်သွားတာဟာ တကယ်ပဲ စိတ်ရှုပ်စရာပါ ။ ဒါကို ဝပ်ရှော့ကို ပိုပြီး ပြင်မယ်ဆိုရင် တကယ်ပဲ
ပိုက်ဆံကုန်ပါတယ်။ ဒါပေမယ့် သင်ဟာ ဒီကိစ္စကို စိတ်ညစ်နေတယ်ဆိုရင်တော့ ရေနွေးနဲ့ စုပ်ခွက်က သင့်ကို ကောင်းကောင်း
ကူညီပေးနိုင်တယ် ဆိုတာကို မသိလို့ ဖြစ်ပါလိမ့်မယ်။
လုပ်နည်း အဆင့်ဆင့်
– ရေနွေးနည်းနည်း ကျိုထားလိုက်ပါ။
– ပိုပြီး အကွေးအဆန့်လွယ်သွားအောင် ချိုင့်ခွက်ပေါ်ကို ရေနွေးလောင်းချ လိုက်ပါ။
– စုပ်ခွက်တစ်ခုကို ကပ်လိုက်ပြီး ချိုင့်ခွက်ပြန်ပြည့်လာတဲ့အထိ ဆွဲထုတ်ပါ။
2. ဖန်ကွဲစသေးသေးလေးတွေကို ဘယ်လိုဖယ်ရှားရမလဲ?
တကယ်လို့ သင်ဟာ ကံဆိုးပြီး ကားမှန်ကွဲသွားခဲ့တယ်ဆိုရင် ဖုန်စုပ်စက်နဲ့ စုပ်လို့မရတဲ့ အောက်ကြမ်းပြင်ပေါ်လို့
နေရာမျိုးတွေမှာ ဒီဖန်ကွဲစတွေကို ဖယ်ဖို့ တိပ် ကို သုံးနိုင်ပါတယ်။
3. ကားပါကင်မှာ ဘေးကပ်ရပ်ကားက တံခါးဖွင့်လို့ သင့်ကားခိုက်မိမှာကို ဘယ်လိုကာကွယ်ကြမလဲ ?
သင်ရဲ့ ဘေးကပ်ရပ်ကားမှာ ကလေးတွေပါလာတာ ဒါမှမဟုတ် သူတို့က နမော်နမဲ့နိုင်ကြတယ်ဆိုရင်တော့ သင်ကားကို
မထိခိုက်ဖို့ အတွက် ရေကူးကန်တွေမှာ သုံးတဲ့ pool noodle တွေကို သုံးနိုင်ပါတယ်။
4. သင်ရဲ့ ကားမှန်က Windshield ကို မြူဒဏ်ခံနိုင်အောင် ဘယ်လိုလုပ်မလဲ ?
ကားမောင်သူတိုင်း တစ်နေတော့ ဒီပြသနာကို ကြုံရမယ် ဒါမှမဟုတ် ကြုံဖူးပြီးသားလည်း ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် သူတို့ဟာ
လွယ်ကူပြီး ဈေးသက်သာတဲ့ အလွယ်နည်းကိုတော့ မသိကြပါဘူး။ သင်ရဲ့ Windshield ကို ကာကွယ်ဖို့ မုတ်ဆိတ်ရိတ် ခရင်
တစ်ဗူး နဲ့ ခြောက်သွေ့နေတဲ့ တဘက် နှစ်ထည်ပဲ လိုပါတယ်။
– တဘက် အခြောက် တစ်ထည်ကို ယူလိုက်ပါ။
– တဘက်ပေါ်ကို မုတ်ဆိတ်ရိတ်ခရင် တချို့ သုတ်လိုက်ပါ။
– ပြီးရင် အဲ့ဒါနဲ့ သင့်ကားရဲ့ Windshield ကို ပွတ်တိုက်ပေးပါ။
– ဒါတွေ ပြီးရင်တော့ ခရင်တွေကို နောက် တဘက်အခြောက်တစ်ထည်နဲ့ ပြန်သုတ်ချပစ်လိုက်ပါ။
5. သင်ရဲ့ ဓာတ်ဆီတိုင်ကီက ဘယ်ဘက်ခြမ်းကို ရောက်နေလဲဆိုတာ ဘယ်လို မှတ်ထားကြမလဲ ?
ဒါကတော့ ဓာတ်ဆီတိုင်ကီ ဘယ်အခြမ်းရောက်နေလဲဆိုတာ အမြဲမေ့တတ်တဲ့ သူတွေအတွက် နည်းလမ်းကောင်းတစ်ခုပါ။
ကားရဲ့ Gas gauge မှာ မြားတစ်ချောင်းပါပြီး အဲ့ဒီမြားက ဓာတ်ဆီ Tank က ဘယ်ရောက်နေသလဲ ဆိုတာ ညွှန်ပြပါတယ်။
ဒီနည်းလမ်းကို ဖတ်ပြီး ဓာတ်ဆီဆိုင်ရောက်တဲ့ အခါ စိတ်ရှုပ်မခံပါနဲ့တော့ ။
6. သင့်မှာ ကတော့ မရှိတဲ့အခါ ကားထဲကို ဆီဘယ်လိုလောင်းထည့်မလဲ ?
သင်က ကားထဲကို ဆီလောင်းထည့်ဖို့ လိုနေပြီ အနီးအနားမှာလည်း ကတော့ မရှိတဲ့အခါ ဝက်အူလှည့် တစ်ခုနဲ့
အစားထိုးနိုင်ပါတယ်။ သင့်မှာ ဝက်အူလှည့်လည်း မရှိဘူးဆိုရင်တော့ စာရွက်တစ်ရွက်ကို ယူပြီး ကတော့ ပုံစံလုပ်ပြီး
အသုံးပြုနိုင်ပါတယ်။
7. ကားမီးတွေကို အိမ်မှာပဲ ဘယ်လို သန့်ရှင်းရေးလုပ်ကြမလဲ ?
အချိန်ကြာလာတဲ့အခါ ပလတ်စတစ်နဲ့ လုပ်ထားတဲ့ ကားမီးတွေက ဝါးလာတတ်ပါတယ်။ ဒီအခါမှာတော့ သင်
သွားတိုက်ဆေးကို သုံးနိုင်ပါတယ်။
ပြုလုပ်နည်း
– အဝတ်တစ်ခုခု သို့မဟုတ် သင့်လက်ချောင်းတွေပေါ်မှာ သွားတိုက်ဆေးကို တင်လိုက်ပါ။
– သင့်ရဲ့ ကားမီးပေါ်ကို စက်ဝိုင်းပုံစံ ပွတ်တိုက်ပေးပါ။
– ပြီးရင် တစ်ရှူးတစ်ခုကို ယူပြီး သွားတိုက်ဆေးတွေကို စက်ဝိုင်းပုံစံပဲ ပြန်ပွတ်ချပါ။
– အချိန် ၁၀ မိနစ် ၁၅ မိနစ်လောက်ထားလိုက်ပါ။
– ပြီးရင်တော့ တဘက်အစိုတစ်ထည်နဲ့ သုတ်လိုက်တာ ပဲဖြစ်ဖြစ် ရေနဲ့ ဆေးချလိုက်တာပဲ ဖြစ်ဖြစ် လုပ်နိုင်ပါတယ်။
သွားတိုက်ဆေး အဖြူရောင်ကို သုံးမယ်ဆိုရင် ဒီနည်းလမ်းက အကောင်းဆုံးဖြစ်မှာပါ။
8. သင်ရဲ့ ကား Remote သုံးနိုင်တဲ့ အကွာအဝေးကို ဘယ်လိုတိုးမြှင့်ကြမလဲ ?
သင့်မေးစေ့နဲ့ ကား Remote ကို သုံးတဲ့အခါ သုံးနိုင်တဲ့ အကွာအဝေးက ပိုကျယ်လာတယ်လို့ပြောရင်တော့
ရူးကြောင်ကြောင်နိုင်တဲ့ အတွေးအခေါ်တစ်ခုလို့ သင်ထင်မှာပါ။ ဒါပေမယ့် ဒါဟာ တကယ်ပဲ အလုပ်ဖြစ်ပါတယ်။ William Van
Winkle က သုတေသနပြုလုပ်ခဲ့ပြီး သာမန် အများဆုံး သုံးနိုင်တဲ့ အကွာအဝေးနဲ့ မေးစေ့နဲ့ထိပြီးနောက် အများဆူံး သုံးနိုင်တဲ့
အကွာအဝေးက ခြေလှမ်း ၄၂ လှမ်းစာ ကွာတယ်လို့ တင်ပြခဲ့ပါတယ်။
9. ကားဘီးက ရွှံ့ထဲနစ်နေပြီး အနားမှာလည်း ဘယ်သူမှ မရှိတဲ့ အခါ ရွှံ့ထဲက ဘယ်လိုထွက်ကြမလဲ ?
သင်က စွန့်စားရတာကြိုက်တဲ့သူ ဒါမှမဟုတ် ရွှံ့ ထူတဲ့ နေရာတွေကို သွားလေ့သွားထရှိတဲ့သူဆို ဒီအခြေအနေကို ကြုံဖူးမှာပါ။
သင့်မှာ ကားကို ကူတွန်းပေးဖို့ ဘေးမှာ သူငယ်ချင်းတွေ ရှိနေရင်တော့ အကြောင်း မဟုတ်ပါဘူး။ ဒါပေမယ့်
သင်တစ်ယောက်တည်းဆို ဘယ်လိုလုပ်မလဲ ?
အဖြေက ရှင်းပါတယ်။ သစ်သားချောင်းတစ်ချောင်း ရှာပြီး ကားဘီးမှာ တွဲချည်လိုက်ပါ။ ပြီးရင် ဖြည်းဖြည်းချင်း အင်ဂျင်ကို နှိုးပြီး
ကားကို လွတ်အောင်မောင်းနိုင်ပါပြီ။
10. သင့်ကား တာယာ အသစ်လဲဖို့ လိုနေပြီလားဆိုတာ ဘယ်လိုသိနိုင်မလဲ ?
ဒါကတော့ ဆောင်းရာသီအတွက် သင့်ကား တာယာ လဲထားဖို့ လိုနေပြီလားဆိုတာကို သိစေမည့် အလွယ်နည်းတစ်ခုပါပဲ။
ပဲနိပြားတစ်ပြားကို ယူပြီး မြောင်းတွေကြားထဲကို လိုက်ထည့်ကြည့်ပါ။ လင်ကွန်းရဲ့ ခေါင်းဘက် ရှိတဲ့အခြမ်းပဲ
ကျနေတယ်ဆိုရင်တော့ သင့်ကားတာယာက ပေါက်ပြဲနေပြီး လဲဖို့ လိုနေပြီလို့ အဓိပ္ပါယ်ရပါတယ်။
Writer – Min Thu
Credit: (Daily Hot News )


